သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု တရားခံတွေအတွက် အလားအလာကောင်းနိုင်


ကော့တောင်လူသတ်မှုနဲ့ ပတ်သက်လို့ သေဒဏ်ပေးခြင်းခံရတဲ့မြန်မာလူငယ်၂ဦး
ကော့တောင်လူသတ်မှုနဲ့ ပတ်သက်လို့ သေဒဏ်ပေးခြင်းခံရတဲ့မြန်မာလူငယ်၂ဦး

ထိုင်းနိုင်ငံ ကော့တောင်အပန်းဖြေကျွန်း လို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိသျှလူငယ် ၂ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ထိုင်းတရားရုံးက ဒီဇင်ဘာလ၂၄ ရက်နေ့က သေဒဏ်ပေးခြင်းခံရတဲ့မြန်မာရွှေ့ပြောင်းလူငယ်၂ဦးအတွက်အယူခံကို ထိုင်းအယူခံတရားသူကြီးတွေဖွဲ့ ပြီးစစ်ဆေးနေပြီး အစိုးရရှေ့နေထံကို ဒီအမူနဲ့ပတ်သက်လို့တချိုအချက်အလက်တွေ တင်ပြပေးဖို့တောင်းဆိုနေတယ်လို့ မြန်မာသံရုံးဘက်ကိုယ်စားလုက်ပါဆောင်ရွက်ပေးနေတဲ့ တရားခံတွေရဲ့အကျိုးဆောင်ရှေ့နေက ဆိုပါတယ်။ ဒါဟာတရားခံတွေအတွက်က အလားအလာကောင်းဖြစ်တယ်လို့ ဆိုပါတယ်။ မအေးအေးမာက သတင်းပေးပ့ိုထားပါတယ်။

လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ သေဒဏ်ပေးခံထားရတဲ့ မြန်မာရွေပြောင်းလူငယ်၂ဦးရဲ့အမှုအတွက်ကို တရားခံအကျိုးဆောင်ရှေ့နေတွေဘက်က အယူခံတရားရုံးမှာတင်ပြထားပြီးတဲ့နောက်မှာ အယူခံတရားရုံးကနေ အစိုးရရှေ့နေထံကို မေးမြန်းမူတွေ စတင်လုပ်ဆောင်ဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဒီအတွက်တရားလို ဘက်ကရှေ့နေတွေက ပြင်ဆင်ဖို့ ရက်တိုးတောင်းဆိုလိုက်ကြောင်းတရားခံတွေရဲ့အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့်ကပြောပါတယ်။

“အစိုးရရှေ့နေအနေနဲ့ သူ့ကို ထုချေတင်ပြဖို့ကိစ္စကို ရက်ချိန်းတိုးတောင်းတယ် ၂၅ ရက် သြဂုတ်လ ၂၀၁၆ အထိ တိုးတောင်းတယ်ဆိုတဲ့သဘောရှိတယ်။ ဒီထိုင်းနိုင်ငံ ဥပဒေအရ အယူခံဝင်လို့ အယူခံကို လက်ခံလိုက်ပြီ။ အခုက လက်ခံလည်း စစ်ပြီးသွားပြီ။ လက်ခံပြီးလို့ရှိရင် အယူခံ တရားသူကြီးအဖွဲ့ ဖွဲ့တယ်။ ဖွဲ့ပြီးလို့ရှိရင် ဒီအမှုဟာ အောက်မူလရုံးအမူတွဲကိုခေါ်ကြည့်ပြီးတော့ အယူခံအကြောင်းပြချက်တွေနဲ့ တင်ပြချက်ထူးခြားချက်မရှိဘူးဆိုရင် သူတို့ဟာအစိုးရရှေ့နေထံကိုသော်၎င်း၊ ထောင်ထဲမှာရှိတဲ့ တရားခံလေးတွေထံကိုသော်၎င်း တခုခုအမိန့်ချပေးလိုက်တယ်။ တကယ်လို့များ ထူးခြားချက်တွေသာထွက်ပေါ်လာလို့ရှိရင် အစိုးရရှေ့နေတွေကိုသော်၎င်း၊ အန်ကယ်တို့ဘက်က အယူခံတင်ထားတဲ့ ကလေးတွေဘက်ကိုသော်၎င်း တခုခု တင်ပြထုချေဖို့တောင်းဆိုတယ်ဆိုရင် အန်ကယ်ပြောခဲ့ဖူးတယ် အခုကိစ္စမှာ အစိုးရရှေ့နေကို အယူခံတရားသူကြီးက တခုခုတင်ပြတောင်းဆိုတဲ့သဘောရှိတယ်။ ရှိလို့ အစိုးရရှေ့နေအနေနဲ့ အဲဒါကို တင်ပြဖို့အတွက် အဆင်သင့်မဖြစ်သေးလို့ ပြန်ပြီးတော့ ပြင်ဆင်နိုင်အောင်လို့ ရက်ချိန်းထပ်တောင်းပြီးတော့ ၂၅ ရက် ၈ လ ၂၀၁၆ ပေးပါလို့ပြောတဲ့သဘောပဲ။”

အခုဆိုရင် တရားခံအကျိုးဆောင်ရှေနေ့ တွေဘက်က စာမျက်နှာ၂၀၀ ကျော်ပါတဲ့ အယူခံတင်ပြချက်တွေကိုမကြာသေးခင်က တင်ပြခဲ့ပြီးတဲ့နောက်မှာ စစ်ဆေးတဲ့အယူခံတရားရုံးက တရားသူကြီးတွေဘက်က တရားလိုဘက်ကို စစ်ဆေးမေးမြန်းတာတွေလုပ်ဖို့ ပြင်ဆင်ခဲ့တာကြောင့် ဒါဟာ အမူရဲ့အလားအလာကောင်းအဖြစ် ရူ့မြင်ကြောင်း တရားခံတွေရဲ့အကျိုးဆောင်ရှေ့နေဦးအောင်မျိးသန့်က ဆိုပါတယ်။

“တရားစွဲအဖွဲ့ဖြစ်တဲ့ အစိုးရရှေ့နေတွေအဖွဲ့ကို စတင်ပြီးတော့ မေးချင်တဲ့သဘောရှိတယ်။ နောက်ပြီးတော့ အဲဒီလိုစစ်ဆေးတဲ့နေရာမှာလည်း အလားအလာကောင်းလေးတွေရှိတယ်လို့ အန်ကယ် ယူဆတယ်။ အန်ကယ့်သဘောပြောမယ်ဆိုရင်တော့ အောက်ရုံးအမှုတွဲဟာ ဒီအတိုင်းသုံးသပ်ပြီးတော့ ခုနပြောသလို ပြီးသွားမယ့်ကိစ္စမျိုးမဟုတ်တော့ဘဲနဲ့ ထူးခြားမူတွေရှိနေတယ်ဆိုတဲ့သဘောပဲ။ ဒီထူးခြားမှုတွေကြောင့် ၂ ဘက် အစိုးရရှေ့နေ ဘက်သော်၎င်း၊ အန်ကယ်တို့ အယူခံဘက်သော်၎င်း တခုခုဖြေရှင်းတင်ပြဖို့အတွက်တောင်းတယ်ဆိုရင် ဒီအမှုနဲ့ပတ်သက်လို့ အန်ကယ်တို့ တရားခံတွေဘက်က အလားအလာကောင်းတယ် ဆိုတဲ့သဘောပါ။"

တရားခံတွေဘက်က အကျိုးဆောင်ရှေ့နေတွေကတော့ အဓိက အချက် ၁၈ ချက်ခန့်ပါတဲ့ စာမျက်နှာ ၂၀၀ ကျော်ပါတဲ့ အယူခံအကြောင်းပြချက်တွေနဲ့ တရားလိုတင်ပြချက်တွေထဲက ကွဲလွဲချက်တွေကို ထောက်ပြထားတာပါ။ ဒီအမူကို လာမယ့် ၂၀၁၇ ခုနှစ်မှာ အယူခံတရားရုံးကနေ အမိန့်ချနိုင်တယ်လို့ ယူဆရကြောင်း တရာခံတွေရဲ့ အကျိုးဆောင်ရှေ့နေတွေက သုံးသပ်ထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ တုန်းကတော့ တရာခံအကျိုးဆောင်ရှေ့နေတွေ၊ ရဲတင်ပြချက်ကို အယူခံတရားရုံးက လက်ခံခဲ့တာပါ။မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းခြေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ယောက်ကတော့ သတ်ဖြတ်မှု ကျုးလွန်ကြောင်း အစောပိုင်းမှာတော့ ဝန်ခံပြောဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရဲတွေရဲ့ နှိပ်စက်မှုကြောင့် ဖြောင့်ချက်ပေးခဲ့တာ ဖြစ်တဲ့အကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာ လူသတ်မှုနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကိုတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး အခုနောက်ဆုံး တရားရုံးကနေ အမှု ၇ မှုနဲ့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ်သေဒဏ်ပေးခဲ့ပြီး ဘန်ခွမ်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG