သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှုအမိန့်ကို ထိုင်းတရားသူကြီးအဖွဲ့ အယူခံ စိစစ်နေ


လိပ်ကျွန်းလူသတ်မှု စစ်ဆေးစဉ် (ဒီဇင်ဘာ ၂၄၊ ၂၀၁၅)
လိပ်ကျွန်းလူသတ်မှု စစ်ဆေးစဉ် (ဒီဇင်ဘာ ၂၄၊ ၂၀၁၅)

ထိုင်းနိုင်ငံကော့တောင်အပန်းဖြေကျွန်းလို့ ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိသျှလူငယ် ၂ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လု့ိ ထိုင်းတရားရုံးက ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ်ပေးခြင်း ခံရတဲ့မြန်မာရွေ့ပြောင်းလူငယ်၂ ဦး အတွက်အယူခံကို ထိုင်းအယူခံတရားသူကြီးတွေဖဲ့ွပြီး လေ့လာနေပြီ ဖြစ်ပါတယ်။ တရားခံတွေဘက်က အကျိုးဆောင်ရှေနေတွေကတော့ အဓိက အချက် ၁၈ချက် ခန့်ပါတဲ့ စာမျက်နှာ ၂၀၀ ကျော်ပါတဲ့ အယူခံအကြောင်းပြချက်တွေကို ထောက်ပြထားတယ်လို့ဆိုပါတယ်။ ဒီအမူကို လာမယ့် ၂၀၁၇ ခုနှစ်မှာ အယူခံတရားရုံးကနေ အမိန့်ချဖွယ်ရှိတယ်လို့ ရှေ့နေတွေကသုံးသပ်ပါတယ်။ မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကော့တောင်အပန်းဖြေကျွန်းမှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဗြိတိသျှ လူငယ်၂ဦး သတ်ဖြတ်ခံရမူနဲ့ ပတ်သက်လို့သေဒဏ်ပေးခံထား ရတဲ့မြန်မာလူငယ်၂ဦးရဲ့ အယူခံကို ထိုင်းအယူခံတရားရုံးကနေ အယူခံတရားသူကြီးတွေဖွဲ့ပြီ းလေ့လာနေပြီလို့မြန်မာသံရုံးကု ိကိုယ်စားပြုပြီးလိုက်ပါဆောင်ရွက်နေတဲ့ တရားခံတွေရဲ့ အကျိုုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့် ကပြောပါတယ်။

“လောလောဆယ်မှာတော့ အယူခံတရားရုံးအဖွဲ့ ဖွဲ့ပြီးပြီ ဒီအမှုတွဲကို လေ့လာနေတယ်လို့ပြောပါတယ်။ အဲဒီအမှုတွဲလေ့လာပြီးရင် သုံးသပ်မယ်လို့ပြောပါတယ်။ ဒီအဆင့်နဲ့ပတ်သက်လို့ အခု အယူခံ တရားသူကြီးတွေ ဖွဲ့ပြီးတဲ့အခါမှာ အယူခံတရားသူကြီးတွေ ကလည်း ကော့စမွေတရားရုံး မှာရှိတဲ့ မူလ အမှုတွဲကြီးကို ဘန်ကောက်ကို ခေါ်ယူ တောင်းဆို ကြည့်ရှု့နေပါပြီ။ အဲဒီဟာကို လေ့လာသုံးသပ်ပြီးတဲ့အချိန်ကျရင် အယူခံတင်တဲ့အကြောင်းပြချက် စာမျက်နှာ ၂၀၀ ကျော်ပါတဲ့ အကြောင်းပြချက်တွေကို ယှဉ်ပြီးတော့ လေ့လာမှာပါ။ ဘာမှထူးခြားတာမရှိဘူးဆိုရင်တော့ အမိန့်ကို ထောင်ထဲမှာ ရှိတဲ့ ကလေးတွေနဲ့ အစိုးရရှေ့နေထံ အမိန့်စာပို့ပြီးတော့ အမိန့်ကိုဖတ်လိုက်မှာပါ။ ဒီအယူခံထူးခြားချက် တွေနဲ့ အမှုတွဲမှာပါဝင်နေချက်တွေဟာ ကွဲလွဲမှုပေါ်လွင်နေတယ်၊ ထင်ရှားနေတယ်ဆိုရင်တော့ တရားသူကြီးက ဒီအပေါ်မှာ မူတည်ပြီးတော့ အယူခံတင်တဲ့ဘက် ၊ အစိုးရရှေ့နေဘက်ကို ခေါ်ယူပြီးတော့ တခုခုဆောင်ရွက်ဖို့ အမိန့်ချပေးပါလိမ့်မယ်။ အန်ကယ်ထင်တယ် ၂၀၁၇ အစပိုင်းလောက်မှာ အမိန့်ချမယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့သုံးသပ်မယ်။ သာမန်ဆိုရင်တော့ ဒီနှစ်အတွင်း နှစ်ကုန်လောက်ကိုချလိမ့်မယ် သာမန်မဟုတ်ဘူးဆိုရင်တော့ သူတို့ဆောင်ရွက်ဖို့ တခုခုလုပ်ရဦးမယ်လေ။”

မြန်မာနိုင်ငံဘက်က တင်ပြချက်တွေနဲ့ အတူ ထိုင်းရှေ့နေများကောင်စီဘက်ကနေ အယူခံတရားရုံးကို စာမျက်နှာ ၂၀၀ ကျော်ပါတဲ့ ထောက်ပြချက်တွေတင်ပြရာမှာ အဓိက အချက် ၁၈ ချက် ပါဝင်တဲ့ အကြောင်း နဲ့ထောက်ပြတဲ့အချက်တချို့ကိုလည်း တရားခံတွေရဲ့အကျိုးဆောင် ရှေနေဦးအောင်မျိုးသန့်ကပြောပါတယ်။

“ Main ပေါ့လေ အဓိကအချက်ကတော့ အန်ကယ်တို့ ၁၈ ချက်တွေ့ပါတယ်။ ဥပမာ - ပေါက်တူးဆိုတာ တရားလိုလုပ်တဲ့လူတွေကနေ လူသတ်လက်နက် အဖြစ်စွပ်စွဲတယ်။ ဒါပေမယ့် ဒီဟာကို အမျိုးသားမူ့ခင်းစစ်ဆေးရေး အဖွဲ့ကနေပြီးတော့ ဒေါက်တာနဲ့စစ်ဆေးတဲ့အခါမှာ ဒေးဗစ်မီလာရဲ့ DNA တွေ့တယ်၊ လက်ကိုင်ရိုးပေါ်မှာ မထင်ရှားတဲ့ ယောကျာၤး DNAတွေ့တယ်လို့ပြောတယ်။ တရားခံ ကောင်လေးတွေရဲ့ DNA မတွေ့ဘူး၊ မရှိဘူးဆိုတာပြောခဲ့တယ်။ သေသူ ဟန်နာမှာတွေ့တဲ့ဒဏ်ရာဟာ ဒီမှာတွေ့တာကတော့ အဓမ္မပြုကျင့်တဲ့ အတွက်ကြောင့်မို့ ဒဏ်ရာတွေ့တယ်လို့ပြောပေမယ့် သေသူ ဟန်နာကို အင်္ဂလန်ပို့ပြီး စစ်ဆေးတဲ့အခါမှာ ဒီ ဒဏ်ရာမျိုးဟာ ဒဏ်ရာလို့တောင်ပြောလို့ မရဘူးပေါ့နော် ၊ တကယ်လို့ ဒဏ်ရာလို့ပြောတယ်ဆိုရင်လည်း ဒီဒဏ်ရာဟာ ဆရာဝန်ခွဲစိတ်စဉ်ကနေပြီးတော့ ထိခိုက်မိတဲ့ ဒဏ်ရာမျိုးလောက်သာဖြစ်နိုင်တယ် ဆိုပြီး မှတ်ချက်ချထားတာတွေရှိတယ်။ ဖြစ်ပေါ်တဲ့ ဒဏ်ရာတွေကို ထင်ရှားအောင်မပြောနိုင်တဲ့အချိန်မှာ အဓမ္မပြုကျင့်မှုကြောင့်ရလာတဲ့ ဒဏ်ရာမပြောနိုင်ဘူးဆိုပြီးတော့လည်း ထောက်ပြသွားပြီးတော့ အင်္ဂလန် မှာရှိတဲ့ ဆရာဝန်တွေက သူခွဲစိတ်ပုံအဆင့်ဆင့်တွေကို မှတ်တမ်းဓါတ်ပုံတွေနဲ့ တရားခွင်ကိုတင်ပြထားတယ်။ ထိုင်းနိုင်ငံမှာ သေတဲ့လူတွေကို စစ်ဆေးတဲ့ စစ်ချက်တွေကတော့ မှတ်တမ်းအဆင့်ဆင့်နဲ့ အဲဒီလို ဓါတ်ပုံတွေနဲ့ တင်ပြနိုင်တာ မရှိတာဟာ တော်တော်ကို မှုခင်းစစ်ဆေးတဲ့အခါမှာ အားနည်းချက်ဖြစ်တယ် ဆိုတာကို ထောက်ပြပြီး အယူခံ အကြောင်းပြချက်လုပ်ထားတာရှိတယ်။”

ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ တုန်းကတော့တရာခံအကျိုးဆောင်ရှေ့နေတွေ၊ ရဲတင်ပြချက်ကို အယူခံတရားရုံးက လက်ခံခဲ့တာပါ။မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းခြေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ယောက်ကတော့ သတ်ဖြတ်မှု ကျုးလွန်ကြောင်း အစောပိုင်းမှာတော့ ဝန်ခံပြောဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရဲတွေရဲ့ နှိပ်စက်မှုကြောင့် ဖြောင့်ချက်ပေးခဲ့တာ ဖြစ်တဲ့အကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာ လူသတ်မူနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကိုတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး အခုနောက်ဆုံး တရားရုံးကနေ အမူ ၇ မူနဲ့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ်သေဒဏ်ပေးခဲ့ပြီး ဘန်ခွမ်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG