သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းအမှု သေဒဏ်အယူခံ နောက်ဆုံးအခြေအနေ


ဗြိတိသျှလူငယ်၂ ဦး ဖြစ်တဲ့ David Miller နှင့် Hannah Witheridge တို့ သတ်ဖြတ်ခံခဲ့ရတဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့သေဒဏ်ပေးခြင်း ခံထားရတဲ့ မြန်မာရွေ့ပြောင်းလူငယ်၂ဦးရဲ့ အမှု အတွက် အယူခံတရားရုံး က မေးခွန်းထုတ်ချက်တွေကို အစိုးရရှေ့နေတွေဘက်က ပြန်လည်ချေပခွင့် အခွင့်အရေးဟာ နိုဝင်ဘာလ ၁၀ ရက်နေ့ မှာ နောက်ဆုံးထား တင်ပြရမှာ ဖြစ်ပါတယ်။ အစိုးရရှေ့နေတွေဘက်က မချေပနိုင်ဘူး ဆိုရင်တော့ သေဒဏ်ပေးခံထားရတဲ့လူငယ်နှစ်ဦးနဲ့ ပတ်သက်လို့ အယူခံတရားရုံးကနေ ဆုံးဖြတ်ချက်တခုခုကို ချတော့မှာဖြစ်ပါတယ်။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

လိပ်ကျွန်းလူသတ်မူနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသားရွေပြောင်း အလုပ်သမား ၂ ဦးကို သေဒဏ်ပေးလိုက်ပြီးတဲ့ နောက်မှာတော့ တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေတွေ က အယူခံတရားရုံးမှာ စာမျက်နှာ ၁၉၈ မျက်နှာပါတဲ့ အယူခံဖြေရှင်းချက် တွေနဲ့ တရားလိုဘက်က အားနည်းချက်တွေကို တင်ပြ ထားတာပါ။ ဒီအတွက်အယူခံတရားရုံးကနေ အစိုးရရှေနေတွေ ဘက်ကို ပြန်လည်မေးခွန်းထုတ်ခဲ့တာကြောင့် အစိုးရရှေ့နေတွေ ဘက်က ချေ့ပချက်တွေပို့ခဲ့တာဟာ အခုဆိုရင် ၉ ကြိမ်ရှိခဲ့ပါပြီ။ ဒါပေမယ့် ကျေနပ်လောက်တဲ့ ချေပချက်တွေမရတဲ့ အတွက် အယူခံတရားရုံး ကနေ နိုဝင်ဘာလ ၁၀ရက်နေ့ ကိုနောက်ဆုံးထားချေပခွင့် ပေးဖို့ ဆုံးဖြတ်ထားတဲ့ အကြောင်း တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့် ကပြောပါတယ်။

“ကျနော်တို့ဘက်က တင်ခဲ့တဲ့ အယူခံကို အစိုးရရှေ့နေက ၂၇ ရက် ၉ လ ၂၀၁၆ က တင်တယ်။ ပြန်ချေပလွှာတင်တဲ့အခါမှာ သူပြည့်စုံအောင် မရှင်းနိုင်တဲ့ အတွက်ကြောင့် နောက်ရက်ချိန်းထပ်တောင်းတယ်။ တောင်းတဲ့အခါမှာ တရားရုံးကခွင့်မပြုဘူး ဥပဒေအရ သူတို့အစိုးရအနေနဲ့ တရားလိုဘက်ကပေါ့ သူတို့အစိုးရအနေနဲ့ ၁ လပြည့်ရင် သူတို့ဘက်ကဟာကို လက်မခံတော့ပဲနဲ့ တရားရုံးကနေ သင့်တော်တဲ့ အမိန့်တခုချမယ်။ ပြီးတော့ သူတို့ ဥပဒေအရ ၁ လအချိန်ယူလို့ရတယ်ဆိုတော့ အခု ၁၀ ရက် ၁၁ လ၂၀၁၆ မှာ ၁ လပြည့်မယ်။ အဲဒီအတွင်းမှာ မတင်နိုင်ဘူးဆိုရင်တော့ အန်ကယ်တို့ဘက်က တင်တဲ့အပေါ်မူတည်ပြီးတော့ တခုခု အမိန့်ချပေးလိုက်လိမ့်မယ်။”

အစိုးရရှေနေတွေဘက်ကနေ ချေပချက်တွေက လုံလောက်မူမရှိဘူး လို့ အယူခံတရားရုံး ကနေ ဆုံးဖြတ်မယ်ဆိုရင်တော့ တရားခံရှေနေတွေရဲ့ အယူခံက အလားအလာကောင်းနိုင်ပြီး ဆုံဖြတ်ချက်တခုခုကို ချမှတ်ဖွယ်ရှိတယ်လို့လည်း ရှေ့နေဦးအောင်မျိုးသန့် ကပြောပါတယ်။

“အန်ကယ်တို့ဘက်က တင်တဲ့အပေါ်မူတည်ပြီးတော့ တခုခု အမိန့်ချပေးလိုက် လိမ့်မယ်။ လွှတ်တာလည်း ဖြစ်ကောင်းဖြစ်မယ်၊ ပြစ်ဒဏ်လျှော့တာလည်း ဖြစ်မယ်၊ ဒါပေမယ့် ခုနက ကိုယ့်အားသာချက်ကတော့ ကိုယ့်ဘက်ကတင်တာတွေကို ဟိုဘက်က ဖြေရှင်းနိုင်တဲ့သဘောမရှိဘူးဆိုတာက ဒီနေ့အချိန် အထိပေါ်နေတဲ့ သဘောပေါ့နော်။”

ပြီးခဲ့တဲ့ ၂၀၁၆ မေလ၂၃ ရက်နေတုန်းကတော့ တရာခံအကျိုးဆောင်ရှေနေတွေရဲ့ အယူခံ တင်ပြတဲ့ စာရွက်စာတမ်းတွေကို အယူခံတရားရုံးကလက်ခံခဲ့တာပါ။ ဒီနောက်မှာတော့ ခိုင်လုံတဲ့အချက်တွေရဖို့အတွက် ပြန်လည်ချေပနိုင်ဖို့အတွက် အစိုးရရှေ့နေတွေကို အပြန်အလှန်မေးခွန်းထုတ်ပြီး အချက်အလက်တောင်းခံနေတာ ၉ကြိမ်ရှိသွားပြီဖြစ်ပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ပွားပြီး ရက်ပိုင်း အတွင်းမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ယောက်ကတော့ သတ်ဖြတ်မှု ကျုးလွန်ကြောင်း အစောပိုင်းမှာတော့ ဝန်ခံပြောဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နှိပ်စက်မှုတွေကြောင့် ဖြောင့်ချက်ပေးခဲ့တာ ဖြစ်တဲ့အကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။ ၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာ လူသတ်မူနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကိုတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး ကောစမွေတရားရုံးကနေ အမူ ၇မူနဲ့ အမြင့်ဆုံးပြစ်ဒဏ် အဖြစ်သေဒဏ် ပေးခဲ့ပြီး ဘန်ခွမ်အကျဉ်းထောင်မှာ ထိန်းသိမ်း ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG