သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကိုးကန္႔တပ္ဖြဲ႔တည္ေထာင္သူ ဦးဖုန္က်ားရွင္အတြက္ စစ္ေကာင္စီက အမွတ္တရပန္းျခင္းမ်ားေပးပို႔ 


ကိုးကန္႔အဖြဲ႔တည္ေထာင္သူ ဥကၠ႒ေဟာင္း ဦးဖုန္က်ားရွင္ရဲ႕ စ်ာပနအခမ္းအနားကို စစ္ေကာင္စီအဖြဲ႔အႀကီးအကဲ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္ ေပးပို႔တဲ့ အမွတ္တရပန္းျခင္း။ (မတ္လ ၃၁၊ ၂၀၂၂/ ဓာတ္ပံု- The Kokang Facebook)

[[Zawgyi/Unicode]]

ျမန္မာအမ်ိဳးသား ဒီမုိကရက္တစ္ မဟာမိတ္တပ္မေတာ္ MNDAA ေခၚ ကိုးကန္႔တပ္ဖဲြ႔ကိုတည္ေထာင္ သူ ဥကၠ႒ေဟာင္း ဦးဖုန္က်ားရွင္ရဲ့ ရုပ္ကလာပ္ကို ဝတပ္ဖဲြ႔ ထိန္းခ်ဳပ္နယ္ေျမျဖစ္တဲ့ ဟိုေတာင္းၿမိဳ႕မွာ ဒီေန႔ ဂူသြင္း သၿဂိဳဟ္ပါတယ္။ စစ္ေကာင္စီတပ္ နဲ႔ MNDAA ၾကားမွာ ဒီလဆန္းပိုင္းအထိ ျပင္းျပင္းထန္ထန္ တိုက္ပြဲေတြရိွခဲ့ေပမယ့္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္က လြမ္းသူ႔ပန္းေခြ ေပးပို႔ခဲ့သလို ႀတိဂံတုိင္းစစ္ဌာနခ်ဳပ္ စစ္တုိင္းမႉးကလည္း စ်ာပနအခမ္းအနားကို ကိုယ္တုိင္ တက္ေရာက္ခဲ့ပါတယ္။ ရန္ကုန္ ကလာတဲ့ ဒီသတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

MNDAA ေခၚ ကိုးကန္႔တပ္ဖဲြ႔ကို တည္ေထာင္သူ ဥကၠ႒ေဟာင္း ဦးဖုန္းၾကားရွင္ရဲ့ စ်ာပနကို မုိင္းလားၿမိဳ႕မွာ မတ္လ ၂၉ ရက္ေန႔ကေန ဒီေန႔ ၃၁ ရက္ေန႔အထိ သံုးရက္တုိင္က်င္းပခဲ့ပါတယ္။ မိုင္းလားၿမိဳ႕ ကေန ဦးဖုန္က်ားရွင္ရဲ့ ရုပ္အေလာင္းကို ဂူသြင္းသၿဂၤဳိဟ္မယ့္ သခၤ်ဳိင္းေျမဆီ သယ္ယူသြားတဲ့အေျခအေနကို MNDAA ျပန္ၾကားေရးအဖဲြ႔၀င္ ကိုရန္ႏိုင္က ခုလိုေျပာပါတယ္။

“အခု ထြက္ခြာသြားၿပီဗ်။ သူ႔ရဲ့ သခၤ်ဳိင္းေျမကို ထြက္ခြာသြားၿပီ။ မိုင္းလားကေနထြက္တာ။ ဒီေန႔မနက္ ၉ နာရီ၊ ၉ နာရီခဲြဆုိေတာ့ ျမန္မာအခ်ိန္ ၈ နာရီေလာက္ေပါ့။ ျမန္မာအခ်ိန္ ၁၁ နာရီမွာ အဲဒီေျမကို ေရာက္မယ္လုိ႔ေတာ့ စီစဥ္ထားတာေပါ့ေနာ။ အခုေတာ့ ၿပီးဆံုးေလာက္ၿပီထင္တယ္။ ၁ နာရီခဲြ၊ ၁ နာရီခဲြေက်ာ္ၿပီေကာ။”

ဦးဖုန္က်ားရွင္ရဲ႕ ရုပ္အေလာင္းကို UWSA ဝတပ္ဖဲြ႔ထိန္းခ်ဳပ္ရာ ဟိုေတာင္းၿမိဳ႕မွာ ဂူသြင္းမွာျဖစ္ေၾကာင္း မဟာမိတ္အဖဲြ႔က ေခါင္းေဆာင္တဦးက ေျပာပါတယ္။

“ေတာင္ေပၚ ပို႔လုိက္ၿပီ။ ဟိုေတာင္းေပါ့။ ဝ နယ္ေလ။ ၁၂ နာရီ ၿပီးေအာင္ေပါ့။ ၁၂ နာရီမတိုင္မီက သၿဂၤဳိဟ္ဖု႔ိေပါ့။”

ကြယ္လြန္သူ ဦးဖုန္က်ားရွင္အတြက္ စစ္ေကာင္စီက ပန္းျခင္းေတြေပးပို႔ခဲ့တဲ့ ရည္ရြယ္ခ်က္နဲ႔ပတ္သက္လို႔ စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ၿငိမ္းခ်မ္းေရးနဲ႔ ခ်ိတ္ဆက္ေျပာဆိုုပါတယ္။

“က်ေနာ္တို႔အေနနဲ႔က ဒီလိုေပါ့ေနာ္၊ ဦးဖုန္က်ားရွင္ရဲ႕စ်ာပနမွာ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာ္မတီဥကၠ႒၊ ႏုိင္ငံေတာ္ဝန္ႀကီးခ်ဳပ္အေနနဲ႔ အမွတ္တရ ပန္းျခင္း ေပးခဲ့တာရွိတယ္။ ႀတိဂံေဒသတုိင္း၊ စစ္ဌာနခ်ဳပ္ တိုင္းမႉးကိုယ္တုိင္ တက္ေရာက္တာရွိတယ္။ လုပ္ေဆာင္ရတဲ့ရည္ရြယ္ခ်က္ကေတာ့ က်ေနာ္တို႔က ... ဒီႏွစ္မွာ ၿငိမ္းခ်မ္းေရးကို ဦးစားေပးၿပီးလုပ္ေနတယ္။ ၿငိမ္းခ်မ္းေရးႏွစ္ ျဖစ္ေစရမယ္လို႔ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ကိုယ္တုိင္က တႏွစ္ျပည့္မိန္႔ခြန္းမွာေကာ၊ ေဖေဖၚဝါရီလ ၁၂ ရက္ေန႔ ျပည္သူလူထုကို ေျပာၾကားတဲ့အထဲမွာေရာ ပါၿပီး ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ဒီဟာေတြ လုပ္ေဆာင္ရျခင္း အေၾကာင္းကေတာ့ ၿငိမ္းခ်မ္းေရးကို ရရွိႏိုင္ေစမယ့္ အေၾကာင္းတရားေတြကို က်ေနာ္တို႔ လုပ္ေဆာင္ေနျခင္းျဖစ္ပါတယ္။ က်ေနာ္တို႔အေနနဲ႔ EEO ေတြနဲ႔ လြတ္လြတ္လပ္လပ္ ႀကိဳတင္ကန္႔သတ္ခ်က္္မထားဘဲ တတ္ႏိုင္သမွ် ေဆြးေႏြးလိုတယ္လို႔လည္း ထုတ္ျပန္ခဲ့ၿပီး ျဖစ္ပါတယ္ဗ်။”

MNDAA ကုိးကန္႔အဖဲြ႔ေတြနဲ႔ စစ္ေကာင္စီတပ္ေတြၾကား အခုမတ္လ လဆန္းပိုင္းအထိ တိုက္ပြဲေတြျပင္းထန္ခဲ့သလို အခုခ်ိန္ထိလည္း ႏွစ္ဘက္ အပစ္အခတ္ရပ္စဲထားျခင္းမ႐ွိေပမဲ့ စစ္ေကာင္စီဘက္က တိုင္းမွဴးအဆင့္အထိ စ်ာပနအခမ္းအနားကို တက္ေရာက္တာျဖစ္ပါတယ္။

NUG အမ်ိဳးသားညီညြတ္ေရးအစိုးရကလည္း သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ခြန္းဘီထူး၊ ဖက္ဒရယ္ ျပည္ေထာင္စုေရးရာဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးခ်စ္ထြန္းတို႔ ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖဲြ႔ကို ေစလႊတ္ခဲ့ပါတယ္။

တရုတ္ျမန္မာနယ္စပ္အေျခစိုက္ လက္နက္ကိုင္အဖဲြ႔ ၇ ဖဲြ႔ပါ၀င္တဲ့ ျပည္ေထာင္စု ႏိုင္ငံေရးေဆြးေႏြးေရး ေကာ္မတီ FPNCC ေခါင္းေဆာင္ေတြလည္း တက္ေရာက္ပါတယ္။

ရခိုင္တုိင္းရင္းသားလက္နက္ကိုင္ AA အဖဲြ႔ရဲ႕ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္က ဦးဖုန္းၾကား႐ွင္ေပးခဲ့တဲ့ လက္နက္ေတြေၾကာင့္ AA အဖဲြ႔ ဒီေန႔အေျခအေန ေရာက္လာတယ္ဆိုတာကို ဦးဖုန္းၾကား႐ွင္ရဲ႕ စ်ာပနအခမ္းအနားမွာ အမွတ္တရေျပာၾကားခဲ့ပါတယ္။

“က်ေနာ္တို႔ လူ ၂၆ ေယာက္၊ ေသနတ္ ၁ လက္နဲ႔စတင္ခ့ဲတယ္။ ပထမဆံုးေသာ လက္နက္ ၁၀၀ ကို ဦးဖုန္က်ားရွင္နဲ႔ ကိုးကန္႔ဗဟိုေကာ္မတီက ဆံုးျဖတ္ၿပီး က်ေနာ္တို႔ကို ကူညီဖူးခဲ့တယ္။ ဒီေန႔ ဒီအခ်ိန္မွာ က်ေနာ္တို႔ဟာ တပ္ရင္းတရင္းကို လူ ၃၀၀ ေလာက္နဲ႔ တပ္ရင္း ရာခ်ီၿပီးမွ ဖြဲ႔စည္းၿပီး မဟာမိတ္ေတြနဲ႔လက္တြဲၿပီး တိုက္ပြဲဝင္ေနၿပီျဖစ္ပါတယ္။

ကိုးကန္႔နဲ႔ AA အဖြဲ႔ၾကား နက္႐ႈိင္းတဲ့ဆက္ဆံမႈ႐ွိတယ္ဆိုတာ ျပသခ်င္တဲ့အတြက္ ခုလို လူကိုယ္တုိင္ လာေရာက္တာလို႔လည္း ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္က ေျပာခဲ့ပါတယ္။ ကရင္နီ ျပည္သူ႔ကာကြယ္ေရးတပ္ဖဲြ႔ KNDF အပါအဝင္ ႏိုင္ငံေရးပါတီနဲ႔ တျခား အဖဲြ႔အစည္းေတြကလည္း လြမ္းသူ႔ပန္းေခြေတြ ေပးပို႔ခဲ့ၾကပါတယ္။

ျမန္မာအမ်ိဳးသား ဒီမုိကရက္တစ္ မဟာမိတ္တပ္မေတာ္ MNDAA ေခၚ ကိုးကန္႔တပ္ဖဲြ႔ကို တည္ေထာင္ သူ ဥကၠ႒ေဟာင္း ဦးဖုန္က်ားရွင္ဟာ ဒီႏွစ္ ေဖေဖာ္၀ါရီလ ၁၆ ရက္ေန႔က ကြယ္လြန္ခဲ့တာပါ။

သူဟာ ကိုးကန္႔ေစာ္ဘြားလက္ထက္မွာကတည္းက ကိုးကန္႔ကာကြယ္ေရးတပ္ကို ဦးေဆာင္ခဲ့သူတဦးျဖစ္ပါတယ္။

၁၉၅၉ ခုႏွစ္မွာ ေစာ္ဘြား အာဏာစြန္႔ခဲ့တဲ့ေနာက္ အစိုးရကိုေတာ္လွန္ခဲ့ၿပီး ၁၉၆၇- ၆၈ ေလာက္မွာ ဗမာျပည္ကြန္ျမဴနစ္ပါတီရဲ့ စည္းရံုးမႈေအာက္မွာ ကိုးကန္႔ေဒသတပ္မႉး ျဖစ္လာခဲ့ပါတယ္။ ၁၉၈၉ ခုႏွစ္ မွာေတာ့ ဗမာျပည္ကြန္ျမဴနစ္ပါတီကေန ခဲြထြက္ၿပီး MNDAA ေခၚ ျမန္မာအမ်ိဳးသား ဒီမုိကေရစီမဟာမိတ္ တပ္မေတာ္ကို တည္ေထာင္ခဲ့သလို ျမန္မာစစ္အစိုးရနဲ႔လည္း ၿငိမ္းခ်မ္းေရး ရယူၿပီး ရွမ္းျပည္ေျမာက္ ပိုင္း အထူးေဒသ (၁) ေခါင္းေဆာင္ ျဖစ္လာခဲ့ပါတယ္။

ဦးဖုန္က်ားရွင္ဟာ နဝတစစ္အစိုးရလက္ထက္မွာ ပထမဆံုး ၿငိမ္းခ်မ္းေရးရယူခဲ့သူျဖစ္ေပမယ့္ ေနာက္ပိုင္း မူးယစ္ရာဇာ၊ လက္နက္ေမွာင္ခုိအျဖစ္ စြပ္စဲြသတ္မွတ္ခံရတာေတြလည္း ရိွခဲ့ပါတယ္။

လက္ရိွမွာ MNDAA ကိုးကန္႔တပ္ဖဲြ႔ကို ဦးဖုန္က်ားရွင္ရဲ့သား ဖုန္တာရႊင္က ဦးေဆာင္ေနၿပီး ဦးဖုန္က်ားရွင္ ကြယ္လြန္သြားေပမယ့္ MNDAA အဖဲြ႔ဟာ မူဝါဒေျပာင္းလဲမွာမဟုတ္ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။ ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္ မုံးကိုး၊ ေဖာင္းဆုိင္ ေဒသဘက္မွာေတာ့ စစ္ေကာင္ စီတပ္နဲ႔ MNDAA ကိုးကန္႔တပ္အၾကား ၿပီးခဲ့တဲ့ႏွစ္လည္ေလာက္ကစတင္ၿပီး ဒီလဆန္းပိုင္းအထိ တုိက္ ပဲြေတြ ျပင္းထန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ကိုးကန့်တပ်ဖွဲ့တည်ထောင်သူ ဦးဖုန်ကျားရှင်အတွက် စစ်ကောင်စီက အမှတ်တရပန်းခြင်းများပေးပို့

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ကိုတည်ထောင် သူ ဥက္ကဋ္ဌဟောင်း ဦးဖုန်ကျားရှင်ရဲ့ ရုပ်ကလာပ်ကို ဝတပ်ဖွဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဟိုတောင်းမြို့မှာ ဒီနေ့ ဂူသွင်း သဂြိုဟ်ပါတယ်။ စစ်ကောင်စီတပ် နဲ့ MNDAA ကြားမှာ ဒီလဆန်းပိုင်းအထိ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေရှိခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွမ်းသူ့ပန်းခွေ ပေးပို့ခဲ့သလို တြိဂံတိုင်းစစ်ဌာနချုပ် စစ်တိုင်းမှူးကလည်း ဈာပနအခမ်းအနားကို ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ ရန်ကုန် ကလာတဲ့ ဒီသတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ကို တည်ထောင်သူ ဥက္ကဋ္ဌဟောင်း ဦးဖုန်းကြားရှင်ရဲ့ ဈာပနကို မိုင်းလားမြို့မှာ မတ်လ ၂၉ ရက်နေ့ကနေ ဒီနေ့ ၃၁ ရက်နေ့အထိ သုံးရက်တိုင်ကျင်းပခဲ့ပါတယ်။ မိုင်းလားမြို့ ကနေ ဦးဖုန်ကျားရှင်ရဲ့ ရုပ်အလောင်းကို ဂူသွင်းသြင်္ဂိုဟ်မယ့် သင်္ချိုင်းမြေဆီ သယ်ယူသွားတဲ့အခြေအနေကို MNDAA ပြန်ကြားရေးအဖွဲ့ဝင် ကိုရန်နိုင်က ခုလိုပြောပါတယ်။

“အခု ထွက်ခွာသွားပြီဗျ။ သူ့ရဲ့ သင်္ချိုင်းမြေကို ထွက်ခွာသွားပြီ။ မိုင်းလားကနေထွက်တာ။ ဒီနေ့မနက် ၉ နာရီ၊ ၉ နာရီခွဲဆိုတော့ မြန်မာအချိန် ၈ နာရီလောက်ပေါ့။ မြန်မာအချိန် ၁၁ နာရီမှာ အဲဒီမြေကို ရောက်မယ်လို့တော့ စီစဉ်ထားတာပေါ့နော။ အခုတော့ ပြီးဆုံးလောက်ပြီထင်တယ်။ ၁ နာရီခွဲ၊ ၁ နာရီခွဲကျော်ပြီကော။”

ဦးဖုန်ကျားရှင်ရဲ့ ရုပ်အလောင်းကို UWSA ဝတပ်ဖွဲ့ထိန်းချုပ်ရာ ဟိုတောင်းမြို့မှာ ဂူသွင်းမှာဖြစ်ကြောင်း မဟာမိတ်အဖွဲ့က ခေါင်းဆောင်တဦးက ပြောပါတယ်။

“တောင်ပေါ် ပို့လိုက်ပြီ။ ဟိုတောင်းပေါ့။ ဝ နယ်လေ။ ၁၂ နာရီ ပြီးအောင်ပေါ့။ ၁၂ နာရီမတိုင်မီက သြင်္ဂိုဟ်ဖု့ိပေါ့။”

ကွယ်လွန်သူ ဦးဖုန်ကျားရှင်အတွက် စစ်ကောင်စီက ပန်းခြင်းတွေပေးပို့ခဲ့တဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြိမ်းချမ်းရေးနဲ့ ချိတ်ဆက်ပြောဆိုပါတယ်။

“ကျနော်တို့အနေနဲ့က ဒီလိုပေါ့နော်၊ ဦးဖုန်ကျားရှင်ရဲ့ဈာပနမှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ အမှတ်တရ ပန်းခြင်း ပေးခဲ့တာရှိတယ်။ တြိဂံဒေသတိုင်း၊ စစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် တက်ရောက်တာရှိတယ်။ လုပ်ဆောင်ရတဲ့ရည်ရွယ်ချက်ကတော့ ကျနော်တို့က ... ဒီနှစ်မှာ ငြိမ်းချမ်းရေးကို ဦးစားပေးပြီးလုပ်နေတယ်။ ငြိမ်းချမ်းရေးနှစ် ဖြစ်စေရမယ်လို့ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်က တနှစ်ပြည့်မိန့်ခွန်းမှာကော၊ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ပြည်သူလူထုကို ပြောကြားတဲ့အထဲမှာရော ပါပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေ လုပ်ဆောင်ရခြင်း အကြောင်းကတော့ ငြိမ်းချမ်းရေးကို ရရှိနိုင်စေမယ့် အကြောင်းတရားတွေကို ကျနော်တို့ လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ EEO တွေနဲ့ လွတ်လွတ်လပ်လပ် ကြိုတင်ကန့်သတ်ချက်မထားဘဲ တတ်နိုင်သမျှ ဆွေးနွေးလိုတယ်လို့လည်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်ဗျ။”

MNDAA ကိုးကန့်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား အခုမတ်လ လဆန်းပိုင်းအထိ တိုက်ပွဲတွေပြင်းထန်ခဲ့သလို အခုချိန်ထိလည်း နှစ်ဘက် အပစ်အခတ်ရပ်စဲထားခြင်းမရှိပေမဲ့ စစ်ကောင်စီဘက်က တိုင်းမှူးအဆင့်အထိ ဈာပနအခမ်းအနားကို တက်ရောက်တာဖြစ်ပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရကလည်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဘီထူး၊ ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချစ်ထွန်းတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။

တရုတ်မြန်မာနယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ပါဝင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေး ကော်မတီ FPNCC ခေါင်းဆောင်တွေလည်း တက်ရောက်ပါတယ်။

ရခိုင်တိုင်းရင်းသားလက်နက်ကိုင် AA အဖွဲ့ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဦးဖုန်းကြားရှင်ပေးခဲ့တဲ့ လက်နက်တွေကြောင့် AA အဖွဲ့ ဒီနေ့အခြေအနေ ရောက်လာတယ်ဆိုတာကို ဦးဖုန်းကြားရှင်ရဲ့ ဈာပနအခမ်းအနားမှာ အမှတ်တရပြောကြားခဲ့ပါတယ်။

“ကျနော်တို့ လူ ၂၆ ယောက်၊ သေနတ် ၁ လက်နဲ့စတင်ခဲ့တယ်။ ပထမဆုံးသော လက်နက် ၁၀၀ ကို ဦးဖုန်ကျားရှင်နဲ့ ကိုးကန့်ဗဟိုကော်မတီက ဆုံးဖြတ်ပြီး ကျနော်တို့ကို ကူညီဖူးခဲ့တယ်။ ဒီနေ့ ဒီအချိန်မှာ ကျနော်တို့ဟာ တပ်ရင်းတရင်းကို လူ ၃၀၀ လောက်နဲ့ တပ်ရင်း ရာချီပြီးမှ ဖွဲ့စည်းပြီး မဟာမိတ်တွေနဲ့လက်တွဲပြီး တိုက်ပွဲဝင်နေပြီဖြစ်ပါတယ်။

ကိုးကန့်နဲ့ AA အဖွဲ့ကြား နက်ရှိုင်းတဲ့ဆက်ဆံမှုရှိတယ်ဆိုတာ ပြသချင်တဲ့အတွက် ခုလို လူကိုယ်တိုင် လာရောက်တာလို့လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောခဲ့ပါတယ်။ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KNDF အပါအဝင် နိုင်ငံရေးပါတီနဲ့ တခြား အဖွဲ့အစည်းတွေကလည်း လွမ်းသူ့ပန်းခွေတွေ ပေးပို့ခဲ့ကြပါတယ်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ကို တည်ထောင် သူ ဥက္ကဋ္ဌဟောင်း ဦးဖုန်ကျားရှင်ဟာ ဒီနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကွယ်လွန်ခဲ့တာပါ။

သူဟာ ကိုးကန့်စော်ဘွားလက်ထက်မှာကတည်းက ကိုးကန့်ကာကွယ်ရေးတပ်ကို ဦးဆောင်ခဲ့သူတဦးဖြစ်ပါတယ်။

၁၉၅၉ ခုနှစ်မှာ စော်ဘွား အာဏာစွန့်ခဲ့တဲ့နောက် အစိုးရကိုတော်လှန်ခဲ့ပြီး ၁၉၆၇- ၆၈ လောက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ စည်းရုံးမှုအောက်မှာ ကိုးကန့်ဒေသတပ်မှူး ဖြစ်လာခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် မှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီး MNDAA ခေါ် မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော်ကို တည်ထောင်ခဲ့သလို မြန်မာစစ်အစိုးရနဲ့လည်း ငြိမ်းချမ်းရေး ရယူပြီး ရှမ်းပြည်မြောက် ပိုင်း အထူးဒေသ (၁) ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

ဦးဖုန်ကျားရှင်ဟာ နဝတစစ်အစိုးရလက်ထက်မှာ ပထမဆုံး ငြိမ်းချမ်းရေးရယူခဲ့သူဖြစ်ပေမယ့် နောက်ပိုင်း မူးယစ်ရာဇာ၊ လက်နက်မှောင်ခိုအဖြစ် စွပ်စွဲသတ်မှတ်ခံရတာတွေလည်း ရှိခဲ့ပါတယ်။

လက်ရှိမှာ MNDAA ကိုးကန့်တပ်ဖွဲ့ကို ဦးဖုန်ကျားရှင်ရဲ့သား ဖုန်တာရွှင်က ဦးဆောင်နေပြီး ဦးဖုန်ကျားရှင် ကွယ်လွန်သွားပေမယ့် MNDAA အဖွဲ့ဟာ မူဝါဒပြောင်းလဲမှာမဟုတ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုး၊ ဖောင်းဆိုင် ဒေသဘက်မှာတော့ စစ်ကောင် စီတပ်နဲ့ MNDAA ကိုးကန့်တပ်အကြား ပြီးခဲ့တဲ့နှစ်လည်လောက်ကစတင်ပြီး ဒီလဆန်းပိုင်းအထိ တိုက် ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

=============

XS
SM
MD
LG