သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု နောက်ဆုံးအယူခံတင်


သေဒဏ်ပေးခြင်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းလူငယ်၂ဦး (MAT)
သေဒဏ်ပေးခြင်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းလူငယ်၂ဦး (MAT)

ဗြိတိသျှလူငယ်၂ဦး ဖြစ်တဲ့ Hannah Witheridge နဲ့ David Miller တို့သတ်ဖြတ်ခံခဲ့ရတဲ့ လိပ်ကျွန်းလူသတ်မူနဲ့ ပတ်သက်လို့ သေဒဏ်ပေးခြင်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းလူငယ်၂ဦးရဲ့ နောက်ဆုံးအယူခံကို ထိုင်းရှေ့နေများကောင်စီက ကော့စမွေတရားရုံးကနေ ထိုင်းဗဟို တရားရုံးချုပ်ကို သြဂုတ်လ ၂၁ရက်နေ့မှာတင်ခဲ့ပါတယ်။ သေဒဏ်ပေးခြင်း ခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ်တွေအတွက် မြန်မာသံရုံး၊ လိပ်ကျွန်းအထူးစုံစစ်းစစ်ဆေးရေး ကော်မတီအနေနဲ့ တရားရုံးတွေမှာ သက်သေလုပ်ပေမယ့် သူတွေအတွက်တာဝန်ယူမူတွေ သိပ်မရှိခဲ့တဲ့အတွက် ဒီအမူဟာ အားနည်းချက်တွေနဲ့ အဆုံးသတ်မူတွေဖြစ်လာမှာကို လိပ်ကျွန်းအရေးလုပ်ဆောင်နေသူတွေက စိုးရိမ်နေကြပါတယ်။ဒီအကြောင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဗြိတိသျှလူငယ်၂ဦး သတ်ဖြတ်ခံခဲ့ရတဲ့ လိပ်ကျွန်းလူသတ်မူနဲ့ ပတ်သက်လို့ သေဒဏ်ပေးခြင်း ခံထားရတဲ့ မြန်မာရွှေ့ပြောင်းလူငယ်၂ဦးရဲ့ အယူခံကို မတ်လ၁ရက်နေ့ ကနေ ပယ်ချခံခဲ့ရပြီး နောက်မှာတော့ မြန်မာနိုင်ငံက ဥပဒေပညာရှင်တွေနဲ့ မှုခင်းဆိုင်ရာ ကျွမ်းကျင်သူတွေဟာ ထိုင်းနိုင်ငံရှေ့နေများ ကောင်စီနဲ့ တွေဆုံ ဆွေးနွေးပြီး သြဂုတ်လ ၂၁ရက်နေမှာ ကော့စမွေတရားရုံးကတဆင့် ထိုင်းဗဟို တရားရုံးချုပ်ကို အယူခံတင်ပြခဲ့ကြောင်း မြန်မာသံရုံး လိပ်ကျွန်းအထူးစုံစမ်းစစ်ဆေးရေး ကော်မတီမှာစုံစမ်းရေးမှူးအဖြစ်တာဝန်ယူခဲ့တဲ့ ဦးကျော်သောင်းကပြောပါတယ်။

“ထိုင်းရှေ့နေများကောင်းစီက ရှေ့နေ ထစ်(Tip) နဲ့FED က ရှေ့နေ ရှီ (She) အမျိုးသမီးတဦး ပေါင်း ၂ယောက်တို့က ဒီကနေ့ မနက် ၉နာရီခွဲမှာ မှုလတရားရုံးဖြစ်တဲ့ ကောစမွေတရားရုံးက အယူခံတရားရုံးကို နောက်ဆုံးအနေနဲ့ ပို့ခဲ့တယ်။ ဒီနေ့လျှေက်လဲချက် စုစုပေါင်းက စာမျက်နှာ ၃၁၉မျက်နှာပါတယ်။”

သူတို့တာဝန်ယူစဉ်ကာလအတွင်းမှာ သက်သေလုပ်ပေမယ့် မြန်မာနိုင်ငံသားတွေအတွက် လုံခြုံရေးနဲ့ အာမခံချက်တွေကို လုပ်မပေးနိုင်တာကြောင့် အဓိကသက်သေတွေကို လက်လွတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“မြန်မာသံရုံးအထူးစုံစမ်းစစ်ဆေးရေးကော်မတီဘက်က မျက်မြင်သက်သေတွေရဲ့ စားဝတ်နေရေး၊ လုံခြုံရေးအတွက် ပေးနိုင်မလားလို့ မေးတဲ့အမေးကို ကျနော်တို့ ဘက်ကအဖြေလည်းမပေးနိုင်ခဲ့ဘူး။ သူတိ့ုရဲ့လုံခြုံရေးကိုလည်းမပေးနိုင်ခဲ့သလို သူတို့အတွက် ထမင်းစားလောက်တဲ့ အလုပ်အကိုင်တွေကိုလည်း မဖန်တီးပေးနိုင်ခဲ့ရဘူး။ အဲဒါ နံပါတ်(၁)ဝမ်းနည်းစရာကောင်းတယ်။ ဒေဗစ်နဲ့ ဟန်နာတို့အဲဒီအသတ်ခံရတဲ့ လူ၂ယောက် ထွက်ထားသွားတာကို သိလိုက်တဲ့ မြင်သွားတဲ့ သူက စစ်ကိုင်းက လူတယောက်ဖြစ်တယ်။ အဲဒီ စစ်ကိုင်းကအလုပ်သမားတယောက်နောက်ကို ကျနော်လိုက်မယ်။ ဒါ့အပြင် ပြဿနာဖြစ်တဲ့နေ့က လူသတ်ပြီးတော့ တက်လာတဲ့လူတွေကို မြင်သွားတဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းြမို့နယ်က အလုပ်သမား၂ယောက်ကို ကျနော်နောက်ကို လိုက်မယ် ။ ဒီကောင်လေးတွေမျက်မြင်အဖြစ် သက်သေလုပ်နိုင်တာကျနော်သိထားပြီ။ ကျနော်လိုက်မယ်ပြောတာ လိပ်ကျွန်း အထူးစုံစမ်းရေး ကော်မတီသံရုံး အနေနဲ့စားရိတ်စကလည်းမပေးနိုင်ခဲ့ဘူး။ပြီးတော့မလိုက်နဲ့တော့ လိုက်ခွင့်မပေးခဲ့တော့ အတွက်စစ်ကိုင်းဘက်နဲ့ရခိုင်ပြည်ဘက်ကိုအပြီးပြန်သွားတဲ့ မျက်မြင်သက်သေလူတွေကို ကျနော်လည်းမရနိုင်ခဲ့ဘူး။ CCTV ဘက်ကအချက်အလက်တွေကို ထိုင်းထောက်လှန်းရေးတွေ ထိုင်းပုလိပ်တွေတောင်းလို့ ၅ကြိမ်တိုင်တိုင် ဖွင့်ပေးခဲ့ရတဲ့ ကောင်လေးက ဖုန်းမန်မိုရီထဲမှာ ဖွက်လာတယ်။ အဲဒီကောင်လေးက ၁၀တန်းအောင်ပြီးသား ဒီကောင်လေးကို ကျနော်တို့အစိုးရဘက်က ကူညီဆောင်ရွက်ပေးလိုက်ရင် အကူညီရနိုင်တယ် အဲဒီအပေးအယူကိုကျနော်တို့မလုပ်နိုင်ခဲ့ဘူး။”

လိပ်ကျွန်းအထူးစုံစမ်းရေးကော်မတီမှာ ပါခဲ့ဖူးတဲ့ရှေ့နေဦးအောင်မျိုးသန့်ကတော့ သက်သေအထောက်အထားတွေ မပြည့်စုံပဲ၊ သေဒဏ်ချခဲ့တဲ့ အမူဖြစ်တာကြောင့် မြန်မာရွှေ့ပြောင်းလူငယ် ၂ဦးအတွက် လွတ်မြောက်နိုင်ရေး မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

“သေဒဏ်ထိုက်တဲ့အမူမှာ ရာနှုန်းပြည့် သက်သေခံအထောက်အထားမရှိပဲ နဲ့ သေဒဏ်ပေးလို့ မရပါဘူး။ DNA မတူတဲ့ကိစ္စတို့၊လူသေခွဲတဲ့အခါမှာခွဲပုံခွဲနည်း မှတ်တမ်းမှတ်ရာမရှိတာ နောက် DNA စစ်ဆေးတဲ့အခါမှာလည်း DNAစစ်ဆေးပုံက အပြည်ပြည်ဆိုင်ရာ လုပ်ထုံလုပ်နည်းနဲ့ မညီညွတ်တဲ့အပြင်မှာ အဲဒီလိုတင်လာတဲ့စာရွက်တွေကလည်း ရုံးတော်မှာ ဖျက်ရာတွေနဲ့ ရက်စွဲတွေအပြောင်းအလဲတွေ လုပ်ထားတဲ့အချက်တွေကို ကြည့်မယ်ဆိုရင် ဒီအမူဟာ လုံးဝလွတ်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။”

မြန်မာရွှေ့ပြောင်း အလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှု ဖြစ်ပွား ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် စက်တင်ဘာ လကုန်ပိုင်းမှာတော့ လူသတ်မှုနဲ့ တရားစွဲဆို ခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကိုတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံ ကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး ၂၀၁၅ ခုနှစ်ကုန်မှာ ထိုင်းနိုင်ငံကောစမွေ တရားရုံးကနေ အမူ ၇ မှုနဲ့ အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် သေဒဏ်ပေးခဲ့ပြီး ဘန်ခွမ်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG