သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံ ပဋိပကၡေတြၾကားက ေျမျမႇဳပ္မုိင္းအႏၱရာယ္ 


Myanmar landmine- Karen News

[[Zawgyi/Unicode]]

ျမန္မာစစ္တပ္က နယ္ေျမရွင္းလင္းေရးေတြလုပ္ေနတဲ့စစ္ကိုင္းတိုင္းထဲမွာ ေျမျမွဳပ္မိုင္းေတြေၾကာင့္ ေဒသခံအရပ္သားေတြ ထိခိုက္လာေနပါတယ္။ ဒီလိုထိခိုက္လာတဲ့ထဲမွာ အသက္မျပည့္ေသးတဲ့ကေလးငယ္တဦးလည္း ပါဝင္ခဲ့ပါတယ္။ စစ္ကိုင္းတိုင္းထဲက အေျခအေနေတြကို ကိုရဲမြန္က တင္ျပေပးထားပါတယ္။

စစ္ကိုင္းတိုင္း ေရဦးၿမိဳ႕နဲ႔ ၆ မိုင္သာကြာေဝးၿပီး စိုက္ပ်ိဳးေရးအတြက္ ေရသြင္းေရထုတ္တဲ့ မူးေဘာင္ေဘးမွာရွိတဲ့ ကံုးသာရြာကို ဇန္န၀ါရီ ၁၄ ရက္က ျမန္မာစစ္တပ္ ဝင္လာၿပီး နယ္ေျမရွင္းလင္းခဲ့ပါတယ္။ နယ္ေျမရွင္းလင္းမႈအတြင္း ကံုးသာရြာထိပ္က မူးေဘာင္မွာ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲငယ္ျဖစ္ပြားခဲ့ၿပီး ကံုးသာေက်းရြာက ေနအိမ္ ၉၀ လည္းမီးရိႈ႕ခံခဲ့ရပါတယ္။

ဇန္နဝါရီ ၁၅ ရက္မွာ ျမန္မာစစ္တပ္ေတြကံုးသာရြာက ျပန္လည္ထြက္ခြါသြားခ်ိန္မွာ ရြာသားေတြဟာ ေက်းရြာထဲကို ျပန္ဝင္ခဲ့ၾကပါတယ္။ ဇန္နဝါရီ ၁၆ ရက္မွာေတာ့ ကံုးသာရြာကို စပါးလာဝယ္သူ ၂ ဦးဟာ ရြာထိပ္မွာရွိတဲ့ အပင္ရိပ္မွာကားရပ္ၿပီး လမ္းဆင္းေလွ်ာက္တဲ့အခ်ိန္မွာ ေျမျမွဳပ္မိုင္းနင္းမိၿပီး ၁ ဦးက ေျခေထာက္ျပတ္ခဲ့ရၿပီး ေနာက္တဦးကေတာ့ ဝမ္းဗိုက္မွာ ဒဏ္ရာေတြရရွိခဲ့ပါတယ္။

အလားတူပဲ ဇန္န၀ါရီ ၁၈ ရက္မွာ ကံုးသာရြာက အသက္ ၁၀ ႏွစ္သာရွိေသးတဲ့ ကေလးငယ္ဟာ အိမ္အေနာက္ဘက္မွာ ေဆာ့ကစားေနစဥ္ ေျမျမွဳပ္မိုင္းနင္းမိၿပီး ဘယ္ဘက္ေျခေထာက္ကို ဒူးဆစ္ေအာက္ပိုင္းကေန ျဖတ္ေတာက္လိုက္ရပါတယ္။

အဲ့ဒီ့ေန႔က ႀကံဳေတြ႕ခဲ့ရပံုနဲ႔တကြ ေျခေထာက္ျဖတ္ေတာက္လိုက္ရတာေၾကာင့္ ကေလးငယ္ဟာစိတ္ဒဏ္ ရေနေၾကာင္း မိခင္ျဖစ္သူက အခုလို ေျပာပါတယ္။

“ကေလးက အဲ့ဒီေန႔က ေနာက္ေဖးကိုသြားေဆာ့တာ။ ကေလးေလးကို ေမးၾကည့္ေတာ့ သမီးက “အဲ့ဒီ့နားေလးကို ခုန္ေပါက္ၿပီးေတာ့မွ အဲ့လိုမ်ိဳးေလးေဆာ့ေနတာ။ ေဆာ့ေနရင္းမွ ေဆာ့ေဆာ့ခ်င္းပဲ အဲ့လိုမ်ိဳးျဖစ္သြားတာ။” စိတ္အေျခအေနမွာက သူ႔တေယာက္တည္း ရွိတဲ့အခါမွာေတာ့ သူ႔ဟာနဲ႔သူၾကည့္ၿပီးေတာ့မွ ေတြးၿပီးေတာ့မွ တခါတေလ ဝမ္းနည္းတာမ်ိဳးျဖစ္တယ္။ လူေတြရွိေနရင္ လူေတြ အေဖာ္ေတြနဲ႔ ေဆာ့ေနရရင္ အဲ့ဒါက်ရင္ တခါတေလေတာ့ ေမ့ေနတတ္တယ္။”

ဒီျဖစ္စဥ္ေတြျဖစ္ၿပီးတဲ့ေနာက္မွာ ေဒသခံကာကြယ္ေရးတပ္ဖြဲ႔ေတြက မိုင္းရွာစက္ေတြနဲ႔ မိုင္းရွာ ရွင္းလင္းေပးခဲ့ရာမွာ ေနာက္ထပ္ ေျမျမွဳပ္မိုင္း ၂ လံုးကို ထပ္မံတူးေဖာ္မိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ကံုးသာရြာထိပ္က မူးေဘာင္မွာ ျမန္မာစစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႔ေတြ တိုက္ပြဲ ၃ ႀကိမ္ ျဖစ္ခဲ့ဖူးၿပီး အရင္အႀကိမ္ေတြက ေျမျမွဳပ္မိုင္းထားခဲ့တာမရွိခဲ့ဘဲ အခုတႀကိမ္ဟာ ပထမဆံုးျဖစ္တယ္လို႔ ကံုးသာရြာသားတဦးက အခုလို ေျပာျပပါတယ္။

“(ေက်းရြာ) ရွင္းလင္းေရးက စစ္ေကာင္စီတပ္သားေတြ က်န္မက်န္ က်ေနာ္တို႔ က ေရွ႕ေျပးနဲ႔ ရွင္းလင္းေရးဝင္၊ အကုန္လံုးရွင္းၿပီဆိုမွ ျပည္သူေတြကို ျပန္သြင္းတာေပါ့ေနာ္။ ကင္းပုန္းေတြ က်န္မွာေတြ ဘာေတြ အဲ့လိုပဲ ရွင္းလင္းလိုက္တာေပါ့ေနာ္။ ခါတိုင္းစစ္ေၾကာင္းေတြ ထိုးသမွ်ေကာ ဒီတခါစစ္ေၾကာင္းကက်ေတာ့ ေရဦးနယ္မွာ ဘယ္တုန္းကမွ ေျမျမွဳပ္မိုင္း မထားခဲ့ဘူး။ ဘယ္ေက်းရြာမွ စစ္ေၾကာင္းထိုးတိုင္း...။ အခုက က်ေနာ္တို႔ရြာမွာ ပထမဆံုး ထားခဲ့တာဗ်။”

ေဒသခံကာကြယ္ေရးတပ္ဖြဲ႔ဝင္တဦးကလည္း ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕ယူဆခ်က္ကို အခုလို ေျပာျပပါတယ္။

“တိုက္ပြဲျဖစ္ၿပီးတဲ့ေနာက္မွာ အဲ့ဒီရြာကို စိုးမိုးမႈယူထားၿပီးသား။ စိုးမိုးမႈယူထားၿပီးသားျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ သူတို႔ေထာင္တဲ့မိုင္းပဲဆိုတာကို ေျပာလို႔ရတယ္။ က်ေနာ္တို႔ျပည္သူေတြမွာ နင္းမိုင္းဆိုတာ အခုခ်ိန္ထိ လုပ္ႏိုင္စြမ္းမရွိေသးဘူး။”

ေရဦးၿမိဳ႕နဲ႔ကပ္လ်က္ ခင္ဦးၿမိဳ႕နယ္ထဲမွာေတာ့ ျမန္မာစစ္တပ္က နယ္ေျမရွင္းလင္းခဲ့တဲ့ေနရာေတြမွာ ေျမျမွဳပ္မိုင္းေတြ အသံုးျပဳတာရွိခဲ့ၿပီး အိမ္ေမြးတိရစၦာန္နဲ႔ အိမ္စီးကားေတြ ထိခိုက္မိခဲ့တဲ့ ျဖစ္စဥ္ရွိခဲ့ၿပီး လူထိခိုက္တာေတာ့ မရွိဘူးလို႔ ခင္ဦးေဒသခံတဦးက ေျပာပါတယ္။

ျမန္မာစစ္တပ္ဟာ စစ္ေရးအရ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ ထိခိုက္ေစဖို႔ ရည္ရြယ္တာျဖစ္ေပမဲ့ ျပည္သူသာထိခိုက္ေနတာ ျဖစ္တယ္လို႔ စစ္ေဘးေရွာင္ကူညီေပးေနသူတဦးက အခုလို ေျပာပါတယ္။

“ ေဒသခံျပည္သူကပဲ ခံခံေနရတာ။ မိုင္းမိေတာ့လည္းပဲ ကာကြယ္ေရးသမား ဒါကေတာ့ ရွင္းတယ္ဗ်ာ ကာကြယ္ေရးသမားကေတာ့ လံုၿခံဳေရး အျပည့္ရွိၿပီးသား ျပည္သူေတြပဲ ခံရတာမ်ားတာေပါ့။”

ျမန္မာစစ္တပ္ဟာ သူတို႔တပ္စြဲထားတဲ့ေနရာေတြအျပင္ သူတို႔နဲ႔ ဆက္စပ္ေနတဲ့ေနရာေတြမွာပါ နင္းမိုင္းေတြ ေထာင္ေလ့ရွိေၾကာင္း ကာကြယ္ေရးတပ္ဖြဲ႔ေတြက ေျပာပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ၾသဂုတ္လ ၁၉ ရက္မွာ လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္းတဝိုက္မွာလည္း ျမန္မာစစ္တပ္က ေထာင္ထားတဲ့ ေျမျမွုပ္မိုင္း ၇၈ လံုးကို ေျမာက္ယမားျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔က ရွင္းလင္းခဲ့ပါေသးတယ္။

အခုလို ေျမျမွုပ္မိုင္းေတြ နင္းမိတဲ့ျဖစ္စဥ္ေၾကာင့္ စစ္ကိုင္းတိုင္းက စစ္ေဘးေရွာင္ေတြမွာ စိုးရိမ္ေတြလည္းရွိလာေနပါတယ္။ အရင္က ေျမျမွဳပ္မိုင္းနင္းမိမႈျဖစ္စဥ္ေတြဟာ ျမန္မာစစ္တပ္နဲ႔ တုိင္းရင္းသား လက္နက္ကိုင္ေတြ စစ္ျဖစ္ပြားေနတဲ့ ကခ်င္ ၊ ရွမ္းနဲ႔ ရခိုင္ျပည္နယ္တို႔မ်ာသာ အျဖစ္မ်ားၿပီး အခုအခါမွာေတာ့ ျမန္မာစစ္တပ္ကို လက္နက္ကိုင္ခုခံမႈအားေကာင္းလာၿပီး တိုက္ပြဲေတြ ျပင္းထန္ေနတဲ့ စစ္ကိုင္းတိုင္းမွာပါ ေျမျမွဳပ္မိုင္းနင္းမိတဲ့ျဖစ္စဥ္ေတြ ရွိလာေနတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=======================

[[Unicode]]

မြန်မာနိုင်ငံ ပဋိပက္ခတွေကြားက မြေမြှုပ်မိုင်းအန္တရာယ်

မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးတွေလုပ်နေတဲ့စစ်ကိုင်းတိုင်းထဲမှာ မြေမြှုပ်မိုင်းတွေကြောင့် ဒေသခံအရပ်သားတွေ ထိခိုက်လာနေပါတယ်။ ဒီလိုထိခိုက်လာတဲ့ထဲမှာ အသက်မပြည့်သေးတဲ့ကလေးငယ်တဦးလည်း ပါဝင်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းထဲက အခြေအနေတွေကို ကိုရဲမွန်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ရေဦးမြို့နဲ့ ၆ မိုင်သာကွာဝေးပြီး စိုက်ပျိုးရေးအတွက် ရေသွင်းရေထုတ်တဲ့ မူးဘောင်ဘေးမှာရှိတဲ့ ကုံးသာရွာကို ဇန်နဝါရီ ၁၄ ရက်က မြန်မာစစ်တပ် ဝင်လာပြီး နယ်မြေရှင်းလင်းခဲ့ပါတယ်။ နယ်မြေရှင်းလင်းမှုအတွင်း ကုံးသာရွာထိပ်က မူးဘောင်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲငယ်ဖြစ်ပွားခဲ့ပြီး ကုံးသာကျေးရွာက နေအိမ် ၉၀ လည်းမီးရှို့ခံခဲ့ရပါတယ်။

ဇန်နဝါရီ ၁၅ ရက်မှာ မြန်မာစစ်တပ်တွေကုံးသာရွာက ပြန်လည်ထွက်ခွါသွားချိန်မှာ ရွာသားတွေဟာ ကျေးရွာထဲကို ပြန်ဝင်ခဲ့ကြပါတယ်။ ဇန်နဝါရီ ၁၆ ရက်မှာတော့ ကုံးသာရွာကို စပါးလာဝယ်သူ ၂ ဦးဟာ ရွာထိပ်မှာရှိတဲ့ အပင်ရိပ်မှာကားရပ်ပြီး လမ်းဆင်းလျှောက်တဲ့အချိန်မှာ မြေမြှုပ်မိုင်းနင်းမိပြီး ၁ ဦးက ခြေထောက်ပြတ်ခဲ့ရပြီး နောက်တဦးကတော့ ဝမ်းဗိုက်မှာ ဒဏ်ရာတွေရရှိခဲ့ပါတယ်။

အလားတူပဲ ဇန်နဝါရီ ၁၈ ရက်မှာ ကုံးသာရွာက အသက် ၁၀ နှစ်သာရှိသေးတဲ့ ကလေးငယ်ဟာ အိမ်အနောက်ဘက်မှာ ဆော့ကစားနေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက်ကို ဒူးဆစ်အောက်ပိုင်းကနေ ဖြတ်တောက်လိုက်ရပါတယ်။

အဲ့ဒီ့နေ့က ကြုံတွေ့ခဲ့ရပုံနဲ့တကွ ခြေထောက်ဖြတ်တောက်လိုက်ရတာကြောင့် ကလေးငယ်ဟာစိတ်ဒဏ် ရနေကြောင်း မိခင်ဖြစ်သူက အခုလို ပြောပါတယ်။

“ကလေးက အဲ့ဒီနေ့က နောက်ဖေးကိုသွားဆော့တာ။ ကလေးလေးကို မေးကြည့်တော့ သမီးက “အဲ့ဒီ့နားလေးကို ခုန်ပေါက်ပြီးတော့မှ အဲ့လိုမျိုးလေးဆော့နေတာ။ ဆော့နေရင်းမှ ဆော့ဆော့ချင်းပဲ အဲ့လိုမျိုးဖြစ်သွားတာ။” စိတ်အခြေအနေမှာက သူ့တယောက်တည်း ရှိတဲ့အခါမှာတော့ သူ့ဟာနဲ့သူကြည့်ပြီးတော့မှ တွေးပြီးတော့မှ တခါတလေ ဝမ်းနည်းတာမျိုးဖြစ်တယ်။ လူတွေရှိနေရင် လူတွေ အဖော်တွေနဲ့ ဆော့နေရရင် အဲ့ဒါကျရင် တခါတလေတော့ မေ့နေတတ်တယ်။”

ဒီဖြစ်စဉ်တွေဖြစ်ပြီးတဲ့နောက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းရှာစက်တွေနဲ့ မိုင်းရှာ ရှင်းလင်းပေးခဲ့ရာမှာ နောက်ထပ် မြေမြှုပ်မိုင်း ၂ လုံးကို ထပ်မံတူးဖော်မိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုံးသာရွာထိပ်က မူးဘောင်မှာ မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ၃ ကြိမ် ဖြစ်ခဲ့ဖူးပြီး အရင်အကြိမ်တွေက မြေမြှုပ်မိုင်းထားခဲ့တာမရှိခဲ့ဘဲ အခုတကြိမ်ဟာ ပထမဆုံးဖြစ်တယ်လို့ ကုံးသာရွာသားတဦးက အခုလို ပြောပြပါတယ်။

“(ကျေးရွာ) ရှင်းလင်းရေးက စစ်ကောင်စီတပ်သားတွေ ကျန်မကျန် ကျနော်တို့ က ရှေ့ပြေးနဲ့ ရှင်းလင်းရေးဝင်၊ အကုန်လုံးရှင်းပြီဆိုမှ ပြည်သူတွေကို ပြန်သွင်းတာပေါ့နော်။ ကင်းပုန်းတွေ ကျန်မှာတွေ ဘာတွေ အဲ့လိုပဲ ရှင်းလင်းလိုက်တာပေါ့နော်။ ခါတိုင်းစစ်ကြောင်းတွေ ထိုးသမျှကော ဒီတခါစစ်ကြောင်းကကျတော့ ရေဦးနယ်မှာ ဘယ်တုန်းကမှ မြေမြှုပ်မိုင်း မထားခဲ့ဘူး။ ဘယ်ကျေးရွာမှ စစ်ကြောင်းထိုးတိုင်း...။ အခုက ကျနော်တို့ရွာမှာ ပထမဆုံး ထားခဲ့တာဗျ။”

ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကလည်း ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ယူဆချက်ကို အခုလို ပြောပြပါတယ်။

“တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာ အဲ့ဒီရွာကို စိုးမိုးမှုယူထားပြီးသား။ စိုးမိုးမှုယူထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့ထောင်တဲ့မိုင်းပဲဆိုတာကို ပြောလို့ရတယ်။ ကျနော်တို့ပြည်သူတွေမှာ နင်းမိုင်းဆိုတာ အခုချိန်ထိ လုပ်နိုင်စွမ်းမရှိသေးဘူး။”

ရေဦးမြို့နဲ့ကပ်လျက် ခင်ဦးမြို့နယ်ထဲမှာတော့ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းခဲ့တဲ့နေရာတွေမှာ မြေမြှုပ်မိုင်းတွေ အသုံးပြုတာရှိခဲ့ပြီး အိမ်မွေးတိရစ္ဆာန်နဲ့ အိမ်စီးကားတွေ ထိခိုက်မိခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပြီး လူထိခိုက်တာတော့ မရှိဘူးလို့ ခင်ဦးဒေသခံတဦးက ပြောပါတယ်။

မြန်မာစစ်တပ်ဟာ စစ်ရေးအရ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ထိခိုက်စေဖို့ ရည်ရွယ်တာဖြစ်ပေမဲ့ ပြည်သူသာထိခိုက်နေတာ ဖြစ်တယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတဦးက အခုလို ပြောပါတယ်။

“ဒေသခံပြည်သူကပဲ ခံခံနေရတာ။ မိုင်းမိတော့လည်းပဲ ကာကွယ်ရေးသမား ဒါကတော့ ရှင်းတယ်ဗျာ ကာကွယ်ရေးသမားကတော့ လုံခြုံရေး အပြည့်ရှိပြီးသား ပြည်သူတွေပဲ ခံရတာများတာပေါ့။”

မြန်မာစစ်တပ်ဟာ သူတို့တပ်စွဲထားတဲ့နေရာတွေအပြင် သူတို့နဲ့ ဆက်စပ်နေတဲ့နေရာတွေမှာပါ နင်းမိုင်းတွေ ထောင်လေ့ရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၁၉ ရက်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတဝိုက်မှာလည်း မြန်မာစစ်တပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်း ၇၈ လုံးကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရှင်းလင်းခဲ့ပါသေးတယ်။

အခုလို မြေမြှုပ်မိုင်းတွေ နင်းမိတဲ့ဖြစ်စဉ်ကြောင့် စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်တွေမှာ စိုးရိမ်တွေလည်းရှိလာနေပါတယ်။ အရင်က မြေမြှုပ်မိုင်းနင်းမိမှုဖြစ်စဉ်တွေဟာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ စစ်ဖြစ်ပွားနေတဲ့ ကချင် ၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တို့မျာသာ အဖြစ်များပြီး အခုအခါမှာတော့ မြန်မာစစ်တပ်ကို လက်နက်ကိုင်ခုခံမှုအားကောင်းလာပြီး တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းမှာပါ မြေမြှုပ်မိုင်းနင်းမိတဲ့ဖြစ်စဉ်တွေ ရှိလာနေတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG