သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လာအိုမှာ လိမ်ညာခိုင်းစေခံရသူ မလေးရှား ၇ဝဝ လောက်ရှိနိုင်ကြောင်း လူ့အခွင့်လှုပ်ရှားသူတွေခန့်မှန်း 


Malaysian youths rescued from human traffickers in Cambodia arrive at the Kuala Lumpur Airport Terminal in Sepang, Oct. 6, 2022. Another 21 Malaysians rescued from human traffickers in Cambodia and Laos returned to the country Thursday.
Malaysian youths rescued from human traffickers in Cambodia arrive at the Kuala Lumpur Airport Terminal in Sepang, Oct. 6, 2022. Another 21 Malaysians rescued from human traffickers in Cambodia and Laos returned to the country Thursday.

လာအိုမှာ လိမ်ညာခိုင်းစေခံရသူ မလေးရှား ၇ဝဝ လောက်ရှိနိုင်ကြောင်း လူ့အခွင့်လှုပ်ရှားသူတွေခန့်မှန်း

{{Zawgyi/Unicode}}
လာအိုနိုင်ငံကနေ အင်တာနက် အွန်လိုင်းက လိမ်လည်တဲ့ဂိုဏ်းတွေရဲ့ အကျပ်ကိုင် ခိုင်းစေခံနေရပြီး ထွက်ပေါက်မရှိ ဖြစ်နေကြတဲ့ မလေးရှားနိုင်ငံသား ၇ဝဝ လောက် ရှိနိုင်တယ်လို့ မလေးရှား အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တွေက ပြောလိုက်ပါတယ်။

ခိုင်းတဲ့အတိုင်း အလုပ်မပြီးတဲ့အခါမှာပဲဖြစ်ဖြစ်၊ အစောင့်အကြပ်တွေ ချထားတဲ့ နေရာတွေကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ရင်ပဲဖြစ်ဖြစ်၊ ရိုက်နှက်တာ၊ လျှပ်စစ် ကျင်စက်နဲ့တို့တာ ခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့လည်း ပြောပါတယ်။

လာအိုနိုင်ငံမှာ ပိတ်မိနေကြတဲ့ မလေးရှား နိုင်ငံသားတချို့ထံက ရရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး အရေအတွက်ကို ခန့်မှန်းထားတာလို့လည်း မလေးရှား နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ MIHO ကပြောပါတယ်။

တခြားလူ့အခွင့်အရေး အဖွဲ့ ၂ ခုနဲ့အတူ မကြာသေးခင်လတွေက ပိတ်မိနေတဲ့ မလေးရှားနိုင်ငံသားတွေနဲ့ တယ်လီဖုန်းတွေ၊ Text Message စာသားတွေ ပေးပို့ပြီး ဆက်သွယ်မှုတွေရှိခဲ့သလို၊ တချို့ကို လွတ်မြောက်အောင် စီမံပေးခဲ့တာ၊ ညှိနှိုင်း ကယ်ယူခဲ့တာတွေ ရှိခဲ့ကြောင်းလည်း ပြောပါတယ်။

ဖမ်းဆီးအလုပ်ခိုင်းခံခဲ့ရသူတွေဟာ စိတ်ပိုင်း ရုပ်ပိုင်း နိုပ်စက်ညှင်းပန်းတာခံခဲ့ရတယ်လို့လည်း အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် Hishamuddin Hashim က ဗွီအိုအေ ကို ပြောပါတယ်။ ပိတ်မိနေတဲ့ မလေးရှားနိုင်ငံသားတွေနဲ့ ပတ်သက်လို့ လာအိုနိုင်ငံက တာဝန်ရှိသူတွေနဲ့ ထိတွေ့ဆက်ဆံနေတဲ့ မလေးရှားအစိုးရကို ပေးပို့ထားကြောင်းလည်း ပြောပါတယ်။ မလေးရှား အစိုးရကို VOA က မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ခြင်းမရှိပါဘူး။

လာအိုနိုင်ငံမှာ အဓမ္မခိုင်းစေခံနေရသူတွေထဲမှာ သူတို့ရောက်တဲ့ နေရာကို မသိတဲ့သူတွေရှိကြကြောင်းနဲ့၊ တဝက်လောက်ဟာ မြန်မာ၊ ထိုင်းနိုင်ငံတွေနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ရွှေတြိဂံဒေသက အထူးစီးပွားရေးဇုန် နယ်မြေမှာဖြစ်နိုင်တယ်လို့ ခန့်မှန်းရကြောင်းလည်း ပြောဆိုထားပါတယ်။

......................................................


{{Zawgyi/Unicode}}






XS
SM
MD
LG