သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းရဲဖမ္းဆီးထားတဲ႔ ေရႊကုကၠိဳလ္ ေလာင္းကစားရံုပိုင္ရွင္ကို တ႐ုတ္ထံလႊဲအပ္မည္


A Casino in Mong La, Shan State, Myanmar. Photo: Sebastian Strangio (မွတ္တမ္းဓါတ္ပုံ)

ျမန္မာႏိုင္ငံ ၊ ကရင္ျပည္နယ္ ၊ ေရႊကုကၠိုလ္ၿမိဳ႕သစ္မွာ ဧရာမ ေလာင္းကစား လုပ္ငန္းေတြကို ဦးေဆာင္လုပ္ကိုင္ေနတဲ့ တရုတ္ႏိုင္ငံသား တဦးကို မၾကာေသးခင္က ထိုင္းရဲတပ္ဖြဲ႔က ဖမ္းဆီးခဲ့ၿပီး သူကို မူရင္း တရုတ္ႏိုင္ငံကို ျပန္လည္ လႊြဲအပ္မယ္လို႔ တနလၤာေန႔က Reuters သတင္းဌာနကို ေျပာပါတယ္။ 

ထိုင္းရဲဖမ္းဆီးထားတဲ႔ ေရႊကုကၠိဳလ္ ေလာင္းကစားရံုပိုင္ရွင္ကို တ႐ုတ္ထံလႊဲအပ္မည္

{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံ ၊ ကရင္ျပည္နယ္ ၊ ေရႊကုကၠိုလ္ၿမိဳ႕သစ္မွာ ဧရာမ ေလာင္းကစား လုပ္ငန္းေတြကို ဦးေဆာင္လုပ္ကိုင္ေနတဲ့ တရုတ္ႏိုင္ငံသား တဦးကို မၾကာေသးခင္က ထိုင္းရဲတပ္ဖြဲ႔က ဖမ္းဆီးခဲ့ၿပီး သူကို မူရင္း တရုတ္ႏိုင္ငံကို ျပန္လည္ လႊြဲအပ္မယ္လို႔ တနလၤာေန႔က Reuters သတင္းဌာနကို ေျပာပါတယ္။

ကေမၻာဒီယား ႏိုင္ငံကူး လက္မွတ္ ကိုင္ေဆာင္ထားတဲ့ အသက္ (၄၀)အရြယ္ တ႐ုတ္စီးပြားေရးသမား She Zhijiang ကို ထိုင္း လူဝင္မႈၾကီးၾကပ္ေရး က ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္းက ဖမ္းဆီးမိခဲ့ပါတယ္။

သူဟာYatai International Holdings Group စီးပြားေရးလုပ္ငန္းရဲ႕ ဥကၠဌအျဖစ္ ေဆာင္ရြက္ၿပီး ဖိလစ္ပိုင္ႏိုင္ငံမွာ အြန္လိုင္း ထီ နဲ႔ ကေမၻာဒီယား အပါအဝင္ အေရွ႕ေတာင္ အာရွႏိုင္ငံတခ်ဳိ႕မွာ ေဒၚလာ ၁၅ ဘီလီယံအထိရွိတဲ့ ေလာင္းကစား ေလာင္းကစားလုပ္ငန္းေတြကို အႀကီးအက်ယ္လုပ္ေဆာင္ေနသူျဖစ္ပါတယ္။

၂ဝ၁၂ ခုႏွစ္ကတည္းက ေလာင္းကစားမႈနဲ႔ သူကို တရုတ္ႏိုင္ငံက ဖမ္းဆီးဖို႔ လုပ္ေဆာင္ခဲ့ရာ အေရွ႕ေတာင္အာရွကို ထြက္ေျပးခဲ့ၿပီး အြန္လိုင္း ေလာင္းကစားလုပ္ငန္းေတြကို အႀကီးအက်ယ္လုပ္ေဆာင္ခဲ့ပါတယ္။

အဲဒီေနာက္ ႏိုင္ငံတကာ ရဲတပ္ဖြဲ႔ Interpol က အနီေရာင္ သတိေပးခ်က္အဆင့္ သတ္မွတ္ထားၿပီး ဖမ္းဝရမ္းထုတ္ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.................................................

ထိုင်းရဲဖမ်းဆီးထားတဲ့ ရွှေကုက္ကိုလ် လောင်းကစားရုံပိုင်ရှင်ကို တရုတ်ထံလွှဲအပ်မည်

{{Zawgyi/Unicode}}
မြန်မာနိုင်ငံ ၊ ကရင်ပြည်နယ် ၊ ရွှေကုက္ကိုလ်မြို့သစ်မှာ ဧရာမ လောင်းကစား လုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား တဦးကို မကြာသေးခင်က ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး သူကို မူရင်း တရုတ်နိုင်ငံကို ပြန်လည် လွှွဲအပ်မယ်လို့ တနင်္လာနေ့က Reuters သတင်းဌာနကို ပြောပါတယ်။

ကမ္ဘောဒီယား နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားတဲ့ အသက် (၄၀)အရွယ် တရုတ်စီးပွားရေးသမား She Zhijiang ကို ထိုင်း လူဝင်မှုကြီးကြပ်ရေး က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဖမ်းဆီးမိခဲ့ပါတယ်။

သူဟာYatai International Holdings Group စီးပွားရေးလုပ်ငန်းရဲ့ ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး ဖိလစ်ပိုင်နိုင်ငံမှာ အွန်လိုင်း ထီ နဲ့ ကမ္ဘောဒီယား အပါအဝင် အရှေ့တောင် အာရှနိုင်ငံတချို့မှာ ဒေါ်လာ ၁၅ ဘီလီယံအထိရှိတဲ့ လောင်းကစား လောင်းကစားလုပ်ငန်းတွေကို အကြီးအကျယ်လုပ်ဆောင်နေသူဖြစ်ပါတယ်။

၂ဝ၁၂ ခုနှစ်ကတည်းက လောင်းကစားမှုနဲ့ သူကို တရုတ်နိုင်ငံက ဖမ်းဆီးဖို့ လုပ်ဆောင်ခဲ့ရာ အရှေ့တောင်အာရှကို ထွက်ပြေးခဲ့ပြီး အွန်လိုင်း လောင်းကစားလုပ်ငန်းတွေကို အကြီးအကျယ်လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီနောက် နိုင်ငံတကာ ရဲတပ်ဖွဲ့ Interpol က အနီရောင် သတိပေးချက်အဆင့် သတ်မှတ်ထားပြီး ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG