သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ် (၁၀၅) မိုင်စခန်း ရဲတပ်ဖွဲ့ဝင် (၅) ဦးကို လက်နက်ကိုင်တွေ ဖမ်းဆီးသတ်ဖြတ် (စစ်ကောင်စီပြောခွင့်ရ)


နယ်စပ်ကုန်သွယ်ရေးအချက်အခြာကျတဲ့ မူဆယ်မြို့ မြင်ကွင်း (ယခင် ပုံဟောင်း)
နယ်စပ်ကုန်သွယ်ရေးအချက်အခြာကျတဲ့ မူဆယ်မြို့ မြင်ကွင်း (ယခင် ပုံဟောင်း)


[[Zawgyi/Unicode]]

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် (၁၀၅) မိုင်ကုန်သွယ်ရေးုစခန်း လုံခြုံရေးတာဝန်ကျနေတဲ့ရဲတပ်ဖွဲ့ဝင် (၅) ဦးကို လက်နက်ကိုင်အဖွဲ့တခုက လမ်းခုလတ်မှာ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ သေဆုံးသူရဲတပ်ဖွဲ့ဝင်တွဟာ ဒေသတွင်း လောင်းကစားဝိုင်း မူးယစ်ဆေးဝါးကိစ္စတွေနဲ့ ပက်သက်နေတယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။ ဒီအကြောင်းရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာတာဝန်ကျနေတဲ့ နယ်စပ်လုံခြုံရေးက ရဲအုပ်တဦးအပါဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦး မတ်လ ၃၁ ရက်နေ့က အသတ်ခံရပါတယ်။ အမည်မသိ လက်နက်ကိုင်အဖွဲ့ကဖမ်းဆီးပြီး သတ်ဖြတ်ခံထားရတယ်လို့ စကစပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

"အဲဒီ မုန်းပေါ်ဘက်မှာတော့ ကောင်းခါးနဲ့မုန်းပေါ်ကြားထဲမှာ ကျနော်တို့ အမျိုးသား(၅)ယောက်ပေါ့နော်။ ခြေထောက်မှာကြိုးချီပြီးတော့ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတယ်ဆိုပြီးတော့ သတင်းပို့တာ ရှိတယ်။ အဲဒါတွေကိုသွားရောက်စစ်ဆေးတဲ့အခါမှာတော့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးပေါ့။ (၁၀၅) မိုင်ကုန်သွယ်ရေးမှာ လုံခြုံရေး တာဝန်ကျနေတဲ့ရဲတပ်ဖွဲ့ဝင် (၅) ဦး ဖြစ်ကြောင်းတော့ သိရပါတယ်။ သူတို့ မော်တော်ယာဉ်နဲ့ထွက်သွားတဲ့အချိန်မှာ သောင်းကျန်းသူ (စိစစ်ဆဲ) အဖွဲ့က ဖမ်းဆီးပစ်ခတ်ခဲ့တယ်လို့လည်း သတင်းတော့ ကျနော်တို့ သိရပါတယ်။ ဖမ်းဆီးခဲ့တာလည်း မှန်တယ်။ ပစ်ခတ်ခဲ့တာလည်း မှန်တယ်။ သောင်းကျန်းသူအဖွဲ့ကတော့ ကျနော်တို့ စီစစ်ဆဲပဲ ရှိပါသေးတယ်။ လိုက်လံ စုံစမ်းဆဲပဲ ရှိပါသေးတယ်။"

အလောင်းတွေကိုတော့ မူဆယ်-ကျူကုတ်လမ်း မုံးပေါ်ရွာဘေးမှာ ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။ သေဆုံးသွားသူတွေဟာ မူဆယ်မြို့မှာ တာဝန်ကျနေတဲ့ ရဲအုပ် ဝင်းကိုနဲ့ တပ်ကြပ်နန်းဝင်းကျော်အပါအဝင် ၅ ဦးဖြစ်တယ်လို့ လူမှုကူညီရေးအဖွဲ့တွေကပြောပါတယ်။ ဘာကြောင့်အသတ်ခံရတဲ့အကြောင်းအရင်းကို အသေချာမသိရသေးပေမယ့် လောင်းကစား မူးယစ်ဆေးကိစ္စတွေနဲ့ ပက်သက်နေတယ်လို့ယူဆကြောင်း မူဆယ်မြို့ခံတဦးကပြောပါတယ်။

"အလောင်းက မနေ့က ပြန်တွေ့ထားတယ်။ ဘာကြောင့်လို့လဲတော့ အသေချာမသိဘူး။ ဘယ်အဖွဲ့က လုပ်သွားမှန်းလည်း မသိဘူး။ နယ်စပ်ဒေသက အဖွဲ့အစည်းတွေ များတယ်ဗျ။ ရဲကလည်း ထုံးစံအတိုင်းပေါ့။ ရဲတွေကလည်း အဲဒီဘက်မှာ လောင်းကစားတွေ၊ မူးယစ်ဆေးဝါးတွေ၊ ကယ်ရီကိစ္စတွေ အကုန်ပက်သက်နေတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း အများကြီးဆိုတော့လေ။"

အလောင်းတွေကိုတော့ စစ်တပ်နဲ့ရဲတို့ ပူးပေါင်းအဖွဲ့က လာရောက်ကောက်ယူသွားခဲ့ပြီးလက်ရှိ မူဆယ် ဆေးရံသေတိုက် မှာ ထားရှိတယ်လို့ ပရဟိတကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

"ဂရုဏာအသင်းသွားပြီးတော့ လောလောဆယ် ဆေးရုံကြီးရဲ့နောက်ကျော ရင်ခွဲရုံရဲ့ခေါင်းရင်းက သေတိုက်ခေါ်တာပေါ့။ သေတိုက်မှာထားတယ်။"

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တုန်းကလည်း မူဆယ်မြို့ပေါ်က ပြည်သူ့စစ်တဖွဲ့ပိုင်ဆိုင်တဲ့ဟိုတယ်တခုနဲ့ မြန်မာစစ်တပ် တပ်စခန်းတခုကို လက်နက်ကိုင်အဖွဲ့တခုက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့ကြပါတယ်။

တရုတ်နိုင်ငံနဲ့ နယ်စပ်မြို့ဖြစ်သလို တရုတ် မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေရှိတဲ့ မူဆယ်မြို့မှာ လောင်းကစား ဝိုင်းတွေ၊ ကာရာအိုကေ ဖျော်ဖြေရေးရုံတွေ အများအပြားရှိပါတယ်။ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ် မှုတွေလည်း ရှိပါတယ်။ ကယ်ရီလို့ခေါ်ကြတဲ့ လူပွဲစားတွေကလည်း တရုတ်နိုင်ငံဘက်သွားပြီး အလုပ်သွားလုပ် ချင်သူတွေကို အဖိုးအခယူပြီး ခေါ်သွားပေးတာတွေရှိပါတယ်။ အဲဒီလုပ်ငန်းတွေက အာဏာပိုင်အဖွဲ့အစည်းတွေကို တရားဝင်ရော တရားမဝင်ပါ အခွန်အခတွေ ပေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် မူဆယ်မြို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ TNLA တအာင်းပလောင်တပ်ဖွဲ့၊ KIA ကချင်လွတ်မြောက် ရေးတပ်ဖွဲ့၊ ရှမ်းလက်နက်အဖွဲ့တွေအပြင် ပြည်သူ့စစ်အဖွဲ့ အများအပြား လှုပ်ရှားနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]











============

XS
SM
MD
LG