သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လာအိုမွာ ကိုဗစ္ကူးစက္မႈ ျမင့္တက္


လာအိုႏိုင္ငံထဲ ျပန္ဝင္ဖို႔ နယ္စပ္ Ubon ေဒသမွာ ေစာင့္ေနၾကသည့္ ေရႊ႕ေျပာင္းလုပ္သားမ်ား။

[ Zawgyi ]

လာအိုႏိုင္ငံမွာ ကိုဗစ္ကူးစက္မႈ စံခ်ိန္တင္ ျမင့္မားေနတာပါ။ တနဂၤေႏြ တရက္ထဲ စာရင္းအရ ကိုဗစ္အတည္ျပဳ လူနာသစ္ (၁၇၂)ဦး ရွိလာတဲ့အတြက္ လာအိုမွာ အခုခ်ိန္ထိ ကိုဗစ္ကူးစက္ခဲ့သူ စုစုေပါင္း (၁၅,၉၉၃) ရွိၿပီး ၊ ကိုဗစ္ေၾကာင့္ ေသဆုံးသူ (၁၆)ဦး ရွိသြားၿပီလို႔ လာအို က်န္းမာေရးဝန္ႀကီးဌာနက စက္တင္ဘာလ(၅)ရက္ေန႔ ထုတ္ျပန္ခ်က္မွာ ေဖၚျပပါတယ္။

ဗီဇေျပာင္း ကိုဗစ္ပိုးေတြ ကူးစက္ ပ်ံ႕ပြားေနတာနဲ႔အမွ် လူမႈအသိုင္းအဝိုင္းၾကား ကူးစက္မႈေတြ ထပ္တိုးလာေနတယ္လို႔ က်န္းမာေရးဌာနက ဆိုပါတယ္။

ပိုးကူးစက္ထားသူေတြထဲက အမ်ားစုကို လာအိုႏိုင္ငံ Savannakhet ခ႐ိုင္မွာ ေတြ႕ရၿပီး ၊ လူ(၂၁)ဆီမွာ ကူးစက္ထားပါတယ္။ ဒုတိယ အမ်ားဆုံးက Champasak ခ႐ိုင္မွာ (၁၃)ေယာက္ ေတြ႕ရတာပါ။

အခုလို ကိုဗစ္ကူးစက္မႈ တိုးလာေနတာေၾကာင့္ ၊ ျမဳိ႕ေတာ္ ဗီယမ္က်န္းအပါအဝင္၊ အျခားျမဳိ႕ႀကီးေတြမွာပါ စက္တင္ဘာ(၆)ရက္ေန႔ က်င္းပဖို႔ ရွိတဲ့ အစားအေသာက္လိုက္လံ လွဴဒါန္းတဲ့ ႐ိုးရာပဲြကို မလုပ္ၾကဖို႔ တားျမစ္ထားပါတယ္။

===================================

လာအိုမွာ ကိုဗစ္ကူးစက္မႈ ျမင့္တက္
please wait

No media source currently available

0:00 0:00:41 0:00
တိုက္႐ိုက္ လင့္ခ္


[ Unicode ]

လာအိုမှာ ကိုဗစ်ကူးစက်မှု မြင့်တက်

လာအိုနိုင်ငံမှာ ကိုဗစ်ကူးစက်မှု စံချိန်တင် မြင့်မားနေတာပါ။ တနင်္ဂနွေ တရက်ထဲ စာရင်းအရ ကိုဗစ်အတည်ပြု လူနာသစ် (၁၇၂)ဦး ရှိလာတဲ့အတွက် လာအိုမှာ အခုချိန်ထိ ကိုဗစ်ကူးစက်ခဲ့သူ စုစုပေါင်း (၁၅,၉၉၃) ရှိပြီး ၊ ကိုဗစ်ကြောင့် သေဆုံးသူ (၁၆)ဦး ရှိသွားပြီလို့ လာအို ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာလ(၅)ရက်နေ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။

ဗီဇပြောင်း ကိုဗစ်ပိုးတွေ ကူးစက် ပျံ့ပွားနေတာနဲ့အမျှ လူမှုအသိုင်းအဝိုင်းကြား ကူးစက်မှုတွေ ထပ်တိုးလာနေတယ်လို့ ကျန်းမာရေးဌာနက ဆိုပါတယ်။

ပိုးကူးစက်ထားသူတွေထဲက အများစုကို လာအိုနိုင်ငံ Savannakhet ခရိုင်မှာ တွေ့ရပြီး ၊ လူ(၂၁)ဆီမှာ ကူးစက်ထားပါတယ်။ ဒုတိယ အများဆုံးက Champasak ခရိုင်မှာ (၁၃)ယောက် တွေ့ရတာပါ။

အခုလို ကိုဗစ်ကူးစက်မှု တိုးလာနေတာကြောင့် ၊ မြို့တော် ဗီယမ်ကျန်းအပါအဝင်၊ အခြားမြို့ကြီးတွေမှာပါ စက်တင်ဘာ(၆)ရက်နေ့ ကျင်းပဖို့ ရှိတဲ့ အစားအသောက်လိုက်လံ လှူဒါန်းတဲ့ ရိုးရာပွဲကို မလုပ်ကြဖို့ တားမြစ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG