သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ဘနွန် ဆီးရီးယားနယ်စပ် အစ္စရေးတိုက်ခိုက်


လက်ဘနွန်ဘက် ပေါက်ကွဲမှုတခုကိုမြင်တွေ့ရစဉ် (အောက်တိုဘာ ၄၊ ၂၀၂၄)
လက်ဘနွန်ဘက် ပေါက်ကွဲမှုတခုကိုမြင်တွေ့ရစဉ် (အောက်တိုဘာ ၄၊ ၂၀၂၄)

လက်ဘနွန်နိုင်ငံအပေါ် အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားကိုသွားတဲ့ အဓိက နယ်စပ်လမ်း ပြတ်တောက်သွားပါတယ်။

ဘေရွတ်မြို့ထဲက လူနေရပ်ကွက်အပါအဝင် နိုင်ငံတောင်ပိုင်းက Hezbollah ပစ်မှတ်တွေကို မနေ့ညက အစ္စရေးတို့ အကြိမ်ကြိမ်လေကြောင်းတိုက်ခိုက်တာမှာ အသွားအလာများတဲ့ Masnaa နယ်စပ်ဖြတ်လမ်းနားက လမ်းမ ပိတ်သွားတယ်လို့ လက်ဘနွန် အစိုးရသတင်းစဉ်က ပြောတာပါ။

ဆီးရီးယားကနေ လက်ဘနွန်ထဲကို လက်နက်တွေ ပို့နေတာ တားဆီးနိုင်အောင် ပစ်မှတ်ထားတိုက်ခိုက်တယ်လို့ အစ္စရေးက ပြောပါတယ်။ လက်နက်တွေ သယ်ဆောင်နေတဲ့ ဆီးရီးယားနဲ့ လက်ဘနွန် မြေအောက်လှိုဏ်ဂူတွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ ညတုန်းက ဘေရွတ်မြို့တော် တောင်ပိုင်း ရပ်ကွက်တွေအပေါ် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မိုင်ချီဝေးတဲ့ မြို့တော်ထဲက နေရာတွေက အဆောက်အဦးတွေတောင် တုန်ခါခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အီရန်ပံ့ပိုးထားတဲ့ Hezbollah စစ်သွေးကြွအဖွဲ့ အခိုင်အမာ ခြေကုပ်ယူထားတဲ့ ဘေရွတ်မြို့တောင်ပိုင်း ရပ်ကွက်တွေအပေါ် ညလုံးပေါက် အစ္စရေးက တိုက်ခိုက်ခဲ့တာပါ။

တချိန်တည်းမှာပဲ အစ္စရေးအပေါ် မစ်ဇိုင်းဒုံးရာချီနဲ့ ပစ်ခတ်ခဲ့မှုအပေါ် အစ္စရေးက လက်တုံ့ပြန်တိုက်ခိုက်မှုတွေမှာ အီရန်က ရေနံချက်စက်ရုံတွေ ပါနိုင်တယ်လို့ အမေရိကန်သမ္မတ Joe Biden က ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

လက်ဘနွန် ဆီးရီးယားနယ်စပ် အစ္စရေးတိုက်ခိုက်
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG