သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြန်မာစာနာမှုအကြပ်အတည်း စစ်ကောင်စီ ဘယ်လိုကိုင်တွယ်မလဲ


Singapore's Prime Minister Lee Hsien Loong speaks alongside President Joe Biden in the East Room of the White House, Tuesday, March 29, 2022, in Washington. (AP Photo/Patrick Semansky)
Singapore's Prime Minister Lee Hsien Loong speaks alongside President Joe Biden in the East Room of the White House, Tuesday, March 29, 2022, in Washington. (AP Photo/Patrick Semansky)

မြန်မာစာနာမှုအကြပ်အတည်း စစ်ကောင်စီ ဘယ်လိုကိုင်တွယ်မလဲ

{{Zawgyi/Unicode}}

အမေရိကန် သမ္မတနဲ့ စင်္ကာပူဝန်ကြီးချုပ်တို့ လူချင်းတွေ့ဆုံရာမှာ၊ မြန်မာနိုင်ငံထဲ အာဏာသိမ်းအပြီး အကြမ်းဖက်မူတွေနဲ့ လူသားချင်းစာနာမူအကြပ်အတည်းဖြစ်လာနေတာအပေါ် အထူးစိုးရိမ်ကြောင်း ထုတ်ပြောခဲ့ကြပါတယ်။

ဒီကိစ္စတွေအပေါ် စစ်ကောင်စီ ပြောခွင့်ရကတော့ ပြီးခဲ့တဲ့ အာဆီယံအထူးကိုယ်စားလှယ် မြန်မာခရီးစဉ်အတွင်း စစ်ကောင်စီခေါင်းဆောင်နဲ့ပါ အလေးထားဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်လို့ တုံ့ပြန်ပါတယ်။

ဒါပေမဲ့ ဒီလူသားစာနာမူဘေး ကြုံနေရသူတွေက စစ်ကောင်စီထိန်းထားတဲ့နယ်မြေမှာအပြင် တိုင်းရင်းသားလက်နက်ကိုင်တွေထိန်းချုပ်ရာမှာ ပိုများနေတာမို့ နယ်စယ်ဖြတ်ကူညီမူတွေပါ ပေးသင့်တယ်လို့ လူ့သားစာနာမူအခွင့်အရေးလူပ်ရှားသူတွေက ဆိုပါတယ်။ ကိုဝင်းမင်းက မေးထားပါတယ်။

ကိုဝင်းမင်း ။. ။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် နဲ့ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း တို့ အိမ်ဖြူတော်တွေ့ရာမှာ နှစ်ဖက်စိုးရိမ်မှုကို သမ္မတ ဘိုင်ဒန် က မြန်မာနိုင်ငံမှာ မနှစ်တုံးက စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေနဲ့ ပြည်သူတွေခံစားနေရတဲ့ အခြေအနေတွေကို ကျနော်တို့ ၂ ယောက်စလုံးက အထူးပဲ စိုးရိမ်ပူပန်နေကြရပါတယ်။ ဒီအာဏာသိမ်းမှုက လူသားစာနာမှုဆိုင်ရာ ကြီးမားတဲ့အခက်အခဲတွေဖြစ်ပေါ်စေပြီးတော့ မြန်မာပြည်သူတွေအတွက် ဆယ်စုနှစ်နဲ့ ချီ ဒီမိုကရေစီ နဲ့ စီးပွားရေးဆိုင်ရာ တိုးတက်မှုတွေကို နောက်ပြန်လှည့်သွားစေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးနိုင်မှုအပါအဝင် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အမြန်ဆုံး လုပ်ဆောင်ပေးဖို့ ဒီခေါင်းဆောင် ၂ ဦး က တောင်းဆိုခဲ့ကြပါတယ်။ သမ္မတဘိုင်ဒန် တက်လာပြီး အမေရိကန်ကို ပထမဆုံး ရောက်လာတဲ့ အာဆီယံအဖွဲ့ဝင်ခေါင်းဆောင်တဦး ရောက်လာပြီး ပြောဆိုချိန်မှာ အာဆီယံရဲ့ စိုးရိမ်မှုတွေပါနေချိန်မှာ ပြီးခဲ့တဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ ဒီကိစ္စအနေအထားမေးရာမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က

ဗိုလ်ချုပ်ဇော်မင်းထွန်း ။. ။ ဒါနဲ့ပတ်သက်ပြီးတော့ သူအနေနဲ့ ၂ ချက်ကို ဦးစားပေးပြီးတော့မှ နံပတ် ၁ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့မှ ဦးစားပေလုပ်မယ်။ အကြမ်းဖက်မှုများရပ်ဆိုင်းရေးပေါ့ဗျာ။ ပြီးရင် လူသားချင်းစာနာ ထောက်ထားမှုများကို ဆောင်ရွက်သွားမယ်။

ကိုဝင်းမင်း ။. ။ အဲဒီတော့ ဒီကိစ္စတွေအတွက် အသေးစိတ် ဘယ်လိုဆွေးနွေးသွားပြီး ဘယ်အချိန် အကောင်အထည်ဖော်မလဲ မေးရာမှာ ဗိုလ်ချုပ်ဇော်မင်းထွန်း က

ဗိုလ်ချုပ်ဇော်မင်းထွန်း ။. ။ ဒီခရီးစဉ်မှာကိုပဲ ပထမဦးဆုံး ငြိမ်းချမ်းရေး ပထမဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးခရီးစဉ်တွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးကော်မတီတွေဖွဲ့စည်းပြီး EAO တွေအပါအဝင် ညှိနှိုင်းပေးနေပါတယ်။ ဒီအချိန်မှာတော့ ညှိနှိုင်းရေးကော်မတီကြေညာပါလိမ့်မယ်။ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး စလုပ်ပြီဆိုတာနဲ့ ကျနော်တို့ဖက်က ထိရောက်စွာ အကူအညီပေးနိုင်ဖို့ ၊ တကယ်လိုတဲ့ဒေသတွေကို ရောက်ရှိဖို့ စီစဉ်ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ကျနော်တို့သိရသလောက်ကတော့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဧပြီလထဲမှာတော့ လုပ်ငန်းစတင်ပြီး ဆောင်ရွက်မယ်လို့ မှန်းထားပါတယ်။

ကိုဝင်းမင်း ။. ။ ဒီနေရာမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ တကယ်လိုအပ်တဲ့နေရာ ထိထိရောက်ရောက် ရောက်ရှိနိုင်ရေး ဘယ်လိုအသေးစိတ်အစီအစဉ်ရှိပါလဲမေးရာမှာ

ဗိုလ်ချုပ်ဇော်မင်းထွန်း ။. ။ ကျနော်တို့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့တဲ့အခါမှာလည်း အဓိကထားဆွေးနွေးတဲ့အချက်တချက်ထဲမှာပါဝင်ပါတယ်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးဝန်ကြီးနဲ့ ဆွေးနွေးတာလည်းရှိပါတယ်။ တချို့နေရာမှာ အဲဒီကိစ္စမှာပါဝင်တဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန နဲ့ဆွေးနွေးတာလည်းရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပထမဆုံးကတော့ အာဆီယံအနေနဲ့ကတော့ နောက်နေ့ နေပြည်တော်မှာ အဲဒါတွေတွေ့ပြီး ရန်ကုန်မှာ ကြက်ခြေနီအဖွဲ့တွေနဲ့ တွေ့ရာမှာ ဆွေးနွေးခဲ့ပါတယ်။ အဓိကကတော့ အကူအညီပေးနိုင်တဲ့ အကြောင်အရာတွေ ပြီးရင် ကိုဗစ်ကာကွယ်ဆေးကနေ အကူအညီပေးနိုင်တဲ့အရာတွေ ဒီပြင်ယာယီတိုက်ပွဲရှောင်စခန်းတွေကို အကူအညီပေးနိုင်တဲ့နေရာတွေ ဒါတွေကို အသေးစိတ်ဆွေးနွေးခဲ့ပါတယ်။

ကိုဝင်းမင်း ။. ။ ဒီအပေါ် AHA လို ခေါ်တဲ့ အာဆီယံ လူသားချင်း စာနာမှု ဆိုင်ရာရုံးရဲ့ပြီးခဲ့တဲ့ အမှုဆောင် မစ္စ အယ်ဒလင်ဒါကာမင် နဲ့ အရှေ့တောင်အာရှလေ့လာရေးဌာန အိုက်စီယက် ယူဆွတ် အင်စတီကျု့မှာ ဦးဆောင်ဆွေးနွေးခဲ့တဲ့ မမေစပယ်ဖြူ က

မမေစပယ်ဖြူ ။. ။ စစ်ကောင်စီနဲ့ ညှိနှိုင်းပြီး ပေးမယ်ဆိုတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေက သူတိုပ ထိန်းချုပ်ထားတဲ့ မြို့ပေါ်ဒေသတွေလောက်ပဲ ရောက်မှာပေါ့။ တကယ်တန်းအကူအညီတွေကို လိုအပ်နေတဲ့နေရာတွေက စစ်ကောင်စီထိန်းချုပ်ထားတဲ့နေရာတွေချည်ပဲမဟုတ်ဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပိုပြီလိုအပ်နေတာဖြစ်တယ်။ စစ်ကောင်စီ ရဲ့ လေကြောင်းရန်ကို ကြောက်လို့ ပြည်သူတွေက ပုန်းနေ ပြေးနေရတာလေ၊ အဲတော့ အကူအညီတွေကို လူအပ်နေကြသူတွေ အများစုက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့နေရာတွေမှာ နေနေကြတာမှမဟုတ်တာ။

ကိုဝင်းမင်း ။. ။ အဲဒီတော့ ဘယ်လိုထိရောက်အောင် အကူအညီတွေကို ပေးသင်လဲမေးရာမှာ

မမေစပယ်ဖြူ ။. ။ စစ်ကောင်စီ နဲ့ ညှိနှိုင်ပြီးမှ လူသားချင်းစာနာမှုအကူအညီတွေပေးမယ်ဆိုတဲ့ စဉ်းစားချက်ထက် နယ်စပ်ဖြတ်ကျော်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဒေသမှာလာပြီး ခိုလှုံနေကြရတဲ့ ဒုက္ခသည်တွေကို ဘယ်လိုပေးမလဲဆိုတဲ့ စဉ်းစာချက်က ပိုပြီလိုအပ်တယ်လို့မြင်ပါတယ်။

ကိုဝင်းမင်း ။. ။ တကယ်တော့ စစ်အာဏာသိမ်းအပြီး အာဆီယံအပေါ် သဘောထားကွဲလွဲမှုတွေများလာပြီး ကမ္ဘောဒီယားအာဆီယံ ဥက္ကဌဖြစ်ပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး ရွှေ့ရတဲ့နောက်ပိုင်း အမေရိကန် အာဆီယံဆွေးနွေးပွဲလည်း ထပ်ရွှေ့ဆိုင်းရချိန်မှာ စင်္ကာပူဝန်ကြီးချုပ် အမေရိကန်ခရီးစဉ်ဖြစ်လာတာက ထူးခြားတယ်လို့ လေ့လာသုံးသူတွေက ဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်


{{Unicode}}















XS
SM
MD
LG