သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားသမ္မတရွေးကောက်ပွဲ ရွှေ့ဆိုင်း


Libya's Parliament
Libya's Parliament

လစ်ဗျားသမ္မတရွေးကောက်ပွဲ ရွှေ့ဆိုင်း

{{Zawgyi/Unicode}}

လစ်ဗျားနိုင်ငံမှာ သမ္မတရွေးကောက်ပွဲတွေကို သောကြာနေ့ ကျင်းပနိုင်ဖို့ ဖြစ်နိုင်ခြေအလားအလာ နည်းပါးကြောင်း ရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ လွှတ်တော် ကော်မတီက ဗုဒ္ဓဟူးနေ့မှာပဲ ပြောလိုက်ပါတယ်။

တရားရေး၊ လုံခြုံရေးနဲ့ နည်းနာပိုင်းကိစ္စတွေနဲ့ ပတ်သက်လို့ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးနောက် ကော်မတီဥက္ကဋ္ဌရဲ့ သုံးသပ်ချက်ကို လွှတ်တော်ဥက္ကဋ္ဌထံ ပေးပို့ခဲ့တာပါ။ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်အသစ်ကိုတော့ ကော်မတီဥက္ကဋ္ဌက အတိအကျ မပြောခဲ့ပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်ကတော့ ဇန်နဝါရီလ ၂၄ ရက်နေ့အထိ ရက်ရွှေ့မယ့်အကြောင်း နောက်ပိုင်းမှာ ကြေညာခဲ့တာပါ။

ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အငြင်းပွားစရာတွေ အများအပြား ကြုံခဲ့ရပြီးနောက် ကြန့်ကြာနေတဲ့ သမ္မတရွေးကောက်ပွဲ ရက်ရွှေ့ရလိမ့်မယ်လို့လည်း အစောပိုင်းမှာကတည်းက ခန့်မှန်းထားကြပါတယ်။

လစ်ဗျားနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ Moammar Gadhafi ဖြုတ်ချခံခဲ့ရတာ ၁၀ နှစ်လောက် ရှိလာပေမဲ့ တိုင်းပြည်ကို ယာယီအစိုးရနဲ့သာ အုပ်ချုပ်နေတာပါ။ နိုင်ငံ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းက လက်နက်ကိုင် အုပ်စုတွေကြား ကုလသမဂ္ဂရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ပြီးခဲ့တဲ့နှစ်ထဲမှာပဲ အပစ်အခတ် ရပ်စဲထားပါတယ်။ လစ်ဗျားအခြေစိုက် ကုလသမဂ္ဂရုံးကတော့ Tripoli မြို့တော်က လုံခြုံရေး အခြေအနေအပေါ် စိုးရိမ်ကြောင်း အင်္ဂါနေ့မှာပဲ ပြောဆိုထားတာပါ။

လက်နက်ကိုင် အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကြောင့် တင်းမာမှုတွေ ပေါ်ပေါက်နေပြီး၊ ပဋိပက္ခဖြစ်လာနိုင်တဲ့ ထိပ်တိုက်ရင်ဆိုင်မှု အန္တရာယ်တွေလည်း ကြီးထွားလာနေကြောင်း သတိပေးခဲ့ပါတယ်။ အခြေအနေတွေဟာ ရွေးကောက်ပွဲ ကျင်းပနိုင်လောက်အောင် တည်ငြိမ်မှု မရှိကြောင်းလည်း လစ်ဗျားအခြေစိုက် ကုလသမဂ္ဂရုံးကပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


......................................

လဈဗြားသမ်မတရှေးကောကျပှဲ ရှှေ့ဆိုငျး

{{Unicode}}





XS
SM
MD
LG