သုံးရလွယ်ကူစေသည့် Link များ

တရုတ် အတိုက်အခံ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo ဟာ အသက်ရှုရ ခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီလို့ သူ့ရဲ့ နောက်ဆုံး အဆင့် အသဲကင်ဆာကို ကုသပေးနေတဲ့ ဆေးရုံက ပြောဆိုလိုက်ပါတယ်။

သူ့ကို အသက်ရှုသွင်းတာမှာ လွယ်ကူစေအောင် လေပြွန်ထဲမှာ ပြွန်ချောင်းလေး ထည့်ပေးမယ့် လေပြွန်ခွဲစိတ် ကုသမှု လုပ်ဖို့လည်း ဆရာဝန်တွေကို Liu Xiaobo ရဲ့ မိသားစုက ခွင့်မပြုဘူးလို့ အရှေ့မြောက်ပိုင်းက Shenyang မြို့က တရုတ် ဆေးတက္ကသိုလ်ရဲ့ The First ဆေးရုံက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ထုတ်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အသက် ၆၁ နှစ် အရွယ် Liu Xiaobo က သွေးလန့်မှုနဲ့ ကိုယ်တွင်းအင်္ဂါတွေ အလုပ်ကောင်းကောင်းမလုပ်တော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆေးရုံက အစောပိုင်းက ကြေညာချက် ထုတ်ပါတယ်။ သူ့မှာ ကင်ဆာရောဂါဖြစ်နေတာကို သိရှိပြီးနောက်၊ Liu Xiaobo ကို မေလမှာ ဆေးဝါးကုသခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဆေးကုသနိုင်ဖို့ အတွက် Liu Xiaobo နဲ့ သူ့ရဲ့ ဇနီးသည်တို့ကို ပြည်ပထွက်ခွာခွင့်ပြုဖို့ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီနဲ့ တခြား လူ့အခွင့်အရေး အဖွဲ့တွေရဲ့ တောင်းဆိုချက်ကိုတော့ တရုတ် အစိုးရက လက်သင့်မခံပါဘူး။ ခရီးသွားဖို့ အတွက် Liu Xiaobo အနေနဲ့ အပြင်းအထန် နာမကျန်းဖြစ်နေပြီး တရုတ်မှာ အကောင်းဆုံး ကုသမှု ခံယူနေရတယ်လို့ တရုတ်ဘက်က အကြောင်းပြတာပါ။

Liu Xiaobo ရဲ့ ကျန်းမာရေးက ခရီးသွားနိုင်တဲ့ အခြေအနေ ရှိပါတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က Shenyang ဆေးရုံက Liu Xiaobo ထံကို သွားရောက်ခဲ့တဲ့ အမေရိကန်နဲ့ ဂျာမနီ ဆရာဝန် နှစ်ဦးတို့က ကြေညာခဲ့ပါတယ်။

XS
SM
MD
LG