သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo ဆေးကုသရေး၊ ကန်ဆရာဝန် လွှတ်ဖို့စီစဉ်


နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo ေ
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo ေ

ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် တရုတ်နိုင်ငံရေးအတိုက်အခံ Liu Xiaobo ဆေးဝါးကုသခံယူနိုင်ရေး အတွက် အမေရိကန်ပြည်ထောင်စုကနေ ဆရာဝန် တဦးစေလွှတ်ပေးဖို့ စီစဉ်နေပါပြီ။

အသက် ၆၁ နှစ်အရွယ် Liu Xiaobo ဟာ တရုတ်နိုင်ငံမှာ အခြေခံလူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက်၊ အကြမ်းမဖက်တိုက်ပွဲဝင်ခဲ့တာကြောင့် ၂၀၀၉ ခုနှစ်က နိုင်ငံတော် ပုန်ကန်မှုနဲ့ ၁၁ နှစ် အကျဉ်းကျခဲ့ပြီး၊ အသဲကင်ဆာနောက်ဆုံးအဆင့် ခံစားနေရ တာကြောင့် ဇွန်လကုန်ပိုင်းက ဆေးကုသဖို့အတွက် တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း Shenyang မြို့ကဆေးရုံကိုပို့ခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှဌာန ပြောခွင့်ရ Anna Richey-Allen က အမေရိကန်ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေ၊ တရုတ်နိုင်ငံကိုခရီးသွားလာနိုင်ရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အကူအညီပေးမှာဖြစ်ပြီး၊ တရုတ်အာဏာပိုင်တွေအနေနဲ့ အမေရိကန်ဆရာဝန်တွေကို Liu Xiaobo ဆီ အကန့်အသတ်မရှိ သွားလာခွင့်ပြုဖို့ ပန်ကြားထာပြီးဖြစ်တယ်လို့ ပြောပါတယ်။

ပုံမှန်အားဖြင့် အရေးကြီးပုဂ္ဂိုလ်တွေကိုသာ နေရာပေးလေ့ရှိတဲ့ တရုတ်ဆေးဘက်ပညာသိပ္ပံတက္ကသိုည်ဆေးရုံရဲ့ ၂၃ ထပ်မှာLiu Xiaobo ကိုဆေးကုပေးနေတာဖြစ်ပါတယ်။

နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo ဆေးကုသရေး၊ ကန်ဆရာဝန် လွှတ်ဖို့စီစဉ်
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG