သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသဲရောဂါကျွမ်းနေသူ နိုဘယ်လ်ငြိမ်းချမ်းဆုရှင် Liu Xiaobo ကို တရုတ်အစိုးရပြန်လွှတ်ပေး


နိုဘယ်လ်ငြိမ်းချမ်းဆုရှင် Liu Xiaobo
နိုဘယ်လ်ငြိမ်းချမ်းဆုရှင် Liu Xiaobo

တရုတ်နိုင်ငံက အဖမ်းအဆီးခံ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် Liu Xiaoboဟာ ကျန်းမာရေးအခြေအနေအရ ထောင်ကနေ ပြန်လွှတ်လာပါတယ်။

အသည်းကင်ဆာရောဂါ ကျွမ်းနေတဲ့အဆင့်ရောက်နေတဲ့ Liu Xiaoboဟာ ပြီးခဲ့တဲ့လက တရုတ်ပြည်အရှေ့မြောက်ပိုင်း ရှမ်းယန်မြို့ဆေးရုံမှာ ခွဲစိတ်ကုသမှုခံယူခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကအခုလို Liu Xiaobo ကိုထောင်ကနေ ဆေးရုံကိုပြောင်းခဲ့တဲ့သတင်းနဲ့ပတ်သက်ပြီး စောင့်ကြည့်လေ့လာနေတဲ့အကြောင်း၊ သူ့ ကိုလွှတ်ပေးရုံတင်မက နေအိမ်အကျယ်ချုပ်ချခံထားရတဲ့ သူ့ရဲ့ဇနီးကိုပါ လွှတ်ပေးဖို့ တရုတ်အစိုးရကို တောင်းဆိုတဲ့ အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းလိုက်ပါတယ်။

တရုတ်နိုင်ငံမှာ အခြေခံလူ့အခွင့်အရေးတွေ ရဖို့ အကြမ်းမဖက်တဲ့နည်းနဲ့ရေရှည်လုပ်ကိုင်ခဲ့တဲ့ Liu Xiaobo ကို နော်ဝေနိုင်ငံအခြေစိုက် Nobel ကော်မီတီက ၂၀၁၀ခုနှစ် မှာ ငြိမ်းချမ်းရေး Nobel ဆုချီးမြင့်ခဲ့တာပါ။ Liu Xiaobo ကို တရုတ်အစိုးရက ၂၀၀၉ခုနှစ်မှာ ဖမ်းဆီးထောင်ချခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG