သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လီဗာပူးလ် ဂိုးပြတ်နိုင်ပြီး ဇယားထိပ်ရောက်


လီဗာပူးလ်အတွက် အဖွင့်ဂိုးသွင်းယူနေသည့် မိုဟာမက်ဒ် ဆာလ။ ၂၇ အောက်တိုဘာ ၂၀၁၈။
လီဗာပူးလ်အတွက် အဖွင့်ဂိုးသွင်းယူနေသည့် မိုဟာမက်ဒ် ဆာလ။ ၂၇ အောက်တိုဘာ ၂၀၁၈။

အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ကို စနေနေ့က တချို့အသင်းတွေ ကစားကြတာမှာ ပွဲစဉ် ၉ အပြီး ဒုတိယနေရာမှာရှိခဲ့တဲ့ လီဗာပူးလ်အသင်းက အိမ်ကွင်းမှာ ကားဒစ်ဖ် စီးတီးအသင်း ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ၂၆ မှတ်နဲ့ လက်ရှိမှာ ဇယားထိပ် ရောက်သွားပါတယ်။

လီဗာပူးလ်အတွက် ဂိုးတွေကို ဆာလ၊ မာနေး၊ ရှာကီရီတို့က သွင်းယူပေးပြီး ကားဒစ်ဖ် စီးတီးအတွက် တလုံးတည်းသောဂိုးကို တော့ Paterson က သွင်းယူပါတယ်။

ပွဲစဉ် ၉ အပြီး ဇယားထိပ်နေရာ ဆက်ထိန်းထားတဲ့ မန်စီးတီးအသင်းကတော့ ပွဲစဉ် ၁၀ကို တနင်္လာနေ့မှာမှ စပါးအသင်းနဲ့ အဝေးကွင်း ကစားရမှာပါ။

စနေနေ့ တခြားအနိုင်ပွဲတွေကတော့ ဘရိုက်တန်က ဝို့လ်ဗ်စ်ကို အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိ၊ ဘုန်းန်မောက်သ်က ဖူလ်ဟမ်းမ်ကို အဝေးကွင်းမှာ ၃ ဂိုးပြတ်၊ ဝတ်တ်ဖို့ဒ်က ဟတ်ဒါစ်ဖီးလ်ဒ် ကို အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့ အသီးသီးအနိုင်ရကြပါတယ်။

ဆောက်သမ်ပ်တန်နဲ့ နယူးကက်ဆယ်လ်ပွဲက ဂိုးမရှိ သရေကျပြီး ဝက်စ်ဟမ်းမ်နဲ့ လက်စတာ စီးတီးပွဲကတော့ တဘက် ၁ ဂိုးစီနဲ့ သရေကျပါတယ်။

တနင်္ဂနွေနေ့ပွဲစဉ်တွေအဖြစ် ဘန်လေနဲ့ ချယ်လ်ဆီး၊ ခရစ္စတယ်လ် ပဲလေ့စ်နဲ့ အာဆင်နယ်လ်၊ မန်ချက်စတာ ယူနိုက်တက်နဲ့ အဲဗာတန်တို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG