သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်စီးတီး၊ ချယ်လ်ဆီးနဲ့ လီဗာပူးလ်တို့ ရှုံးပွဲမရှိစံချိန် ဆက်ထိန်း


ဂိုးဘားတန်းပေါ်မှာ ကျော်သွားသော Mahrez ကန်သွင်းသည့် ပန်နယ်လ်တီ။ ၇ အောက်တိုဘာလ ၂၀၁၈။
ဂိုးဘားတန်းပေါ်မှာ ကျော်သွားသော Mahrez ကန်သွင်းသည့် ပန်နယ်လ်တီ။ ၇ အောက်တိုဘာလ ၂၀၁၈။

အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ် ၈ ကို အသင်းအားလုံး ကစားပြီးသွားချိန်မှာ မန်စီးတီး၊ ချယ်လ်ဆီးနဲ့ လီဗာပူးလ် သုံးသင်းဟာ ရှုံးပွဲ မရှိသေးဘဲ အမှတ် ၂၀ စီနဲ့ ဇယားထိပ်မှာ ရပ်တည်နေပါတယ်။

မန်စီးတီးအသင်းက ဂိုးကွာခြားချက်အသာနဲ့ ထိပ်ဆုံးမှာရောက်နေပြီး ဒုတိယနေရာမှာ ချယ်လ်ဆီး၊ တတိယနေရာမှာ လီဗာပူးလ် အသီးသီးရှိနေတာပါ။

တနင်္ဂနွေနေ့ကကစားတဲ့ပွဲတွေမှာ ချယ်လ်ဆီးက ဆောက်သမ်တန်ကို အဝေးကွင်းမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရပြီး လီဗာပူးလ်နဲ့ မန်စီးတီးတို့ လီဗာပူးလ်ကွင်းမှာ ကစားတဲ့ပွဲမှာတော့ ဂိုးမရှိသရေကျပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာ မန်စီးတီးရတဲ့ ပန်နယ်လ်တီကို Mahrez ကန်သွင်းတာမှာ ဂိုးတန်းပေါ်က ကျော်သွားတာကြောင့်လည်း ၅ ပွဲဆက်တိုက် အနိုင်ရမယ့် အခွင့်အရေးနဲ့ လွဲသွားရသလို ၁၅ နှစ်အတွင်း လီဗာပူးလ်ကို အနိုင်ရမယ့် အခွင့်အလန်းလည်း ဆုံးရှုံးသွားပါတယ်။

အာဆင်နယ်လ်က အဝေးကွင်းမှာ ဖူလမ်ဟမ်းကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတာကြောင့် ၁၈ မှတ်နဲ့ လက်ရှိအမှတ်ပေးဇယား အဆင့် ၄ မှာ ရောက်နေပါတယ်။ အာဆင်နယ်လ်နဲ့ ပွဲရလဒ်တူ၊ အမှတ်တူ စပါးအသင်းက ဂိုးကွာခြားချက်မှာ ၁ ဂိုးနည်းတာကြောင့် အဆင့် ၅ နေရာမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG