သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်စီးတီး ထိပ်ရောက်သွားတဲ့ စနေ ပရီးမီးယားလိဂ် ရလဒ်များ


ချယ်လ်ဆီးဂိုးသမား လုံးဝမကာကွယ်လိုက်နိုင်သည့် လီဗာပူးလ် အသင်းသား Daniel Sturridge သွင်းယူလိုက်သည့်ဂိုး။ စက်တင်ဘာ ၂၉၊ ၂၀၁၈။
ချယ်လ်ဆီးဂိုးသမား လုံးဝမကာကွယ်လိုက်နိုင်သည့် လီဗာပူးလ် အသင်းသား Daniel Sturridge သွင်းယူလိုက်သည့်ဂိုး။ စက်တင်ဘာ ၂၉၊ ၂၀၁၈။

ပရီးမီးယားလိဂ်ပွဲစဉ် ၇ ကို စနေနေ့က ကစားကြပြီးတဲ့နောက် မန်စီးတီးနဲ့ လီဗာပူးလ်တို့ အမှတ်တူ ၁၉ မှတ်စီ ရထားကြပေမဲ့ မန်စီးတီးက ဂိုးကွာခြားချက်အသာနဲ့ ဇယား ထိပ်ရောက်သွားပြီး လီဗာပူးလ်က အဆင့် ၂ မှာရောက်နေပါတယ်။

မန်စီးတီးအသင်းဟာ အိမ်ကွင်းမှာ ဘရိုက်တန်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ချယ်လ်ဆီးနဲ့ လီဗာပူးလ်တို့ကတော့ ချယ်လ်ဆီးကွင်းမှာ တဘက် ၁ ဂိုးစီနဲ့ သရေကျတဲ့ အတွက် လီဗာပူးလ်က ၁၇ မှတ်နဲ့ တတိယနေရာကို ရောက်သွားတာပါ။

ခုချိန်ထိကစားပြီးသမျှမှာ ရှုံးပွဲမရှိသေးတာ ဒီသုံးသင်းပဲရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ အဝေးကွင်းမှာ ဝက်စ်ဟမ်းကို ၃ ဂိုး ၁ ဂိုးနဲ့ရှုံးပြီး လက်ရှိမှာ အမှတ်ပေးဇယား အဆင့် ၁၀ မှာရောက်နေပါတယ်။

စနေနေ့ပွဲတွေမှာ ချယ်လ်ဆီးနဲ့ လီဗာပူးလ်ပွဲ သရေကျတာကလွဲပြီး ကျန်တဲ့ပွဲတွေအားလုံး အရှုံး အနိုင်ရလဒ်နဲ့ အဆုံးသတ်ပါ တယ်။ စပါးက ဟတ်ဒါစ်ဖီးလ်ဒ်ကို အဝေးကွင်းမှာ ၂ ဂိုး ဂိုးမရှိ၊ အာဆင်နယ်လ်က ဝတ်တ်ဖို့ဒ်ကို အိမ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိ၊ ဝို့လ်ဗ်စ်က ဆောက်သမ်ပ် တန်ကို အိမ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိ၊ လက်စတာ စီးတီးက နယူးကက်ဆယ်လ်ကို အဝေးကွင်း မှာ ၂ ဂိုး ဂိုးမရှိ၊ အဲဗာတန်က ဖူလ်ဟမ်းကို အိမ်ကွင်းမှာ ၃ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရကြ တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG