သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေရး တင္းမာေနတ႔ဲ ပုလဲၿမိဳ႕နယ္ ေဒသခံတို႔ရဲ႕ ဒုကၡ


စစ္ကိုင္းတုိင္းနဲ႔ ပုလဲၿမိဳ႕ျပေျမပံု (MIMU)

(Zawgyi / Unicode)

စစ္ကိုင္းတိုင္း ေဒသႀကီး စစ္ေကာင္စီက နယ္ေျမရွင္းေရးလုပ္ေနတဲ့ ပုလဲၿမိဳ႕နယ္ လက္ပုကန္ေက်းရြာက ေဒသခံ ၃ ဦး သတ္ျဖတ္ခံရတယ္လို႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြက ေျပာပါတယ္။ မေကြးတိုင္း ေပါက္ၿမိဳ႕နယ္မွာဆိုရင္လည္း ေက်းရြာေတြ မီးရိႈ႕ခံေနရၿပီးအရပ္သားေတြ ေသဆုံုးတာ ရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ စစ္ကိုင္းနဲ႔ မေကြးဘက္က အေျခအေနကို ကိုေဇာ္မိုးေက်ာ္ ကေျပာျပပါမယ္။

စစ္ကိုင္းတိုင္းေဒသႀကီးထဲမွာ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ စစ္ေရး တင္းမာေနတဲ့ ပုလဲၿမိဳ႕နယ္ထဲက လက္ပုကန္ေက်းရြာ အနီးမွာ ဇြန္လ ၁၃ ရက္က စစ္ေကာင္စီ ယာဥ္တန္း မိုင္းဆြဲတိုက္ခိုက္ခံခဲ့ရပါတယ္။ မိုင္းဆြဲတိုက္ခိုက္ခံရၿပိးေနာက္ စစ္ေကာင္စီတပ္ေတြဟာ လက္ပုကန္ေက်းရြာထဲကို ၀င္ေရာက္လာၿပီး နယ္ေျမရွင္းလင္းတာေတြ လုပ္ခဲ့ပါတယ္။ စစ္ေကာက္စီ တပ္ေတြ ျပန္လည္ ထြက္ခြါသြားခ်ိန္ညေနပိုင္းမွာ သတ္ျဖတ္ခံထားရတဲ့ ေဒသခံ သက္ႀကီးရြယ္အို ၂ဦးရဲ႕ ရုပ္အေလာင္းေတြကိုေတြ႕ရွိခဲ့ၿပီး ဇြန္လ ၁၄ ရက္ မနက္ပိုင္းမွာ ရုပ္အေလာင္း တေလာင္း စုစုေပါင္းရုပ္အေလာင္း ၃ ေလာင္း ေတြ႔ရွိခဲ့တာပါ။

ဒီအေျခအေနနဲ႔ ပတ္သက္လို႔ ပုလဲၿမိဳ႕ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕က တာ၀န္ရွိသူတဦးက အခုလိုေျပာပါတယ္။

“လက္ပုကန္နဲ႔ ေႏွာကန္ ၾကားမွာ သူတို႔မိုင္းဆြဲတိုက္ခိုက္ျခင္း ခံလိုက္ရတဲ့အခါ အဲ့ဒီေနာက္မွာ သူတို႔ လက္ပုကန္ကို၀င္တယ္။ ၀င္ၿပီး ေတာ့မွ ေတာ္ေတာ့္ကို မလုပ္သင့္တဲ့ကိစၥကို လုပ္သလို ျဖစ္သြားတာေပါ့ေနာ္။ ညေန ၄ နာရီေလာက္ကေန စေတြ႕တာ ပထမဆံုးေတြ႕တာက ဦးေပၚတဲ့ လက္ပုကန္က အဖိုးႀကီး အသက္ ၈၀ ၀န္းက်င္ေပါ့ဗ်ာ။ ဒုတိယက အဖြားႀကီး တေယာက္ရဲ႕ အေလာင္းကို ေတြ႕တယ္ခင္ဗ်။ မသြားလာႏိုင္ဘူး အဲ့နားမွာ သတ္ထားခဲ့တယ္။ ေနာက္တေယာက္ အေလာင္းက ဒီေန႔မွာ ေတြ႕တယ္ခင္ဗ်။”

လက္ပုကန္ေက်းရြာဟာ ပုလဲၿမိဳ႕နဲ႔ ၆ မိုင္ခန္႔ေလာက္သာ ကြာေ၀းတဲ့ ေက်းရြာျဖစ္ပါတယ္။ ဇြန္ ၁၄ ရက္ ညေနပိုင္းမွာလည္း ၿမိဳ႕ေပၚမွာရွိတဲ့ ပုလဲၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးရံုးကို ေဒသခံကာကြယ္ေရး တပ္ဖြဲ႕၀င္ေတြက ၀င္ေရာက္တိုက္ခိုက္ခဲ့ၿပီး စစ္ေကာင္စီ တပ္သား ၂ ဦး ေသဆံုးခဲ့တယ္လို႔လည္း ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႕ေတြက ေျပာပါတယ္။ ေသဆံုးတာနဲ႔ ပတ္သက္လို႔ေတာ့ သီးျခား အတည္မျပဳႏိုင္ပါဘူး။
မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ ေတာင္ပိုင္းမွာဆိုရင္လည္း စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြ လုပ္ေနၿပီး ေက်းရြာေတြ မီးရိႈ႕ခံေနရပါတယ္။ ဇြန္ ၁၂ ရက္က ေပါက္ေတာင္ပိုင္းက ေက်းရြာ ၆ ရြာ မီးရိႈ႕ခံရၿပီး အရပ္သား ၁ ဦး မီးေလာင္ေသဆံုးတယ္လို႔ ေပါက္ေဒသခံတဦးက ေျပာပါတယ္။

“လယ္လန္းရယ္၊ ၀က္စုရယ္၊ ေျမျခားရယ္၊ ဇီးေတာရယ္ ၆ ရြာ။ ေျမျခားရြာကို အရင္ဆံုးရိႈ႕တာ။ ပါသြားတာမဟုတ္ဘူး အရင္ဆံုးရိႈ႕တာ အဲ့နား ရြာနားကလူေတြ ေျမျခားကေတာ့ ခင္ေမာင္ၾကည္၊ ဦးခင္ေမာင္ၾကည္ဆိုတဲ့သူက အိမ္ေပၚမွာပဲ သူ႕အိမ္ေပၚမွာပဲ သူက ဘာေတာ္လွန္ေရးမွ လုပ္တာမဟုတ္ဘူး အိမ္ေပၚမွာပဲေနေတာ့ အိမ္ေပၚမွာပဲ မီးရိႈ႕အသတ္ခံလိုက္ရတယ္။”

ၿပီးခဲ့တဲ့ ဧၿပီလကလည္း စစ္ေကာင္စီရဲ႕ လက္နက္တပ္ဆင္ရာမွာ အသံုးျပဳတဲ့ ပစၥည္းေတြ တင္ေဆာင္လာတဲ့ ကားကို ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြက သိမ္းဆည္းလိုက္ၿပီးတဲ့ေနာက္ စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕တို႔ တုိက္ပြဲ ျပင္းထန္စြာ ျဖစ္ပြားၿပီး စစ္ေကာင္စီက ေလေၾကာင္းကေနပါ ရွင္းလင္းတာေတြ လုပ္ခဲ့ပါတယ္။

အဲ့ဒီေနာက္ စစ္ေကာင္စီက ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းကို နယ္ေျမရွင္းလင္းတာေတြ လုပ္တဲ့အတြက္ ေက်းရြာ ၂၀ ေက်ာ္ က ေနအိမ္ ၅၀၀ နီးပါး မီးရိႈ႕ခံရၿပီး ေထာင္နဲ႔ ခ်ီတဲ့ ေဒသခံေတြဟာ ေဘးလြတ္ရာ တိမ္းေရွာင္ေနရပါတယ္။ ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းကို စစ္ေကာင္စီက အစားအစာ ေဆး၀ါး သယ္ယူခြင့္ တင္းၾကပ္ထားတဲ့အတြက္ ေဒသခံေတြမွာ ေဆး၀ါး ျပတ္လပ္တာေတြ ႀကံဳေတြ႕ေနရၿပီး အကူအညီေတြ လိုအပ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

စစ်ရေး တင်းမာနေတဲ့ ပုလဲမြို့နယ် ဒေသခံတို့ရဲ့ ဒုက္ခ

စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကောင်စီက နယ်မြေရှင်းရေးလုပ်နေတဲ့ ပုလဲမြို့နယ် လက်ပုကန်ကျေးရွာက ဒေသခံ ၃ ဦး သတ်ဖြတ်ခံရတယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ မကွေးတိုင်း ပေါက်မြို့နယ်မှာဆိုရင်လည်း ကျေးရွာတွေ မီးရှို့ခံနေရပြီးအရပ်သားတွေ သေဆုံးတာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ စစ်ကိုင်းနဲ့ မကွေးဘက်က အခြေအနေကို ကိုဇော်မိုးကျော် ကပြောပြပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ စစ်ရေး တင်းမာနေတဲ့ ပုလဲမြို့နယ်ထဲက လက်ပုကန်ကျေးရွာ အနီးမှာ ဇွန်လ ၁၃ ရက်က စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရပြိးနောက် စစ်ကောင်စီတပ်တွေဟာ လက်ပုကန်ကျေးရွာထဲကို ဝင်ရောက်လာပြီး နယ်မြေရှင်းလင်းတာတွေ လုပ်ခဲ့ပါတယ်။ စစ်ကောက်စီ တပ်တွေ ပြန်လည် ထွက်ခွါသွားချိန်ညနေပိုင်းမှာ သတ်ဖြတ်ခံထားရတဲ့ ဒေသခံ သက်ကြီးရွယ်အို ၂ဦးရဲ့ ရုပ်အလောင်းတွေကိုတွေ့ရှိခဲ့ပြီး ဇွန်လ ၁၄ ရက် မနက်ပိုင်းမှာ ရုပ်အလောင်း တလောင်း စုစုပေါင်းရုပ်အလောင်း ၃ လောင်း တွေ့ရှိခဲ့တာပါ။

ဒီအခြေအနေနဲ့ ပတ်သက်လို့ ပုလဲမြို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့က တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“လက်ပုကန်နဲ့ နှောကန် ကြားမှာ သူတို့မိုင်းဆွဲတိုက်ခိုက်ခြင်း ခံလိုက်ရတဲ့အခါ အဲ့ဒီနောက်မှာ သူတို့ လက်ပုကန်ကိုဝင်တယ်။ ဝင်ပြီး တော့မှ တော်တော့်ကို မလုပ်သင့်တဲ့ကိစ္စကို လုပ်သလို ဖြစ်သွားတာပေါ့နော်။ ညနေ ၄ နာရီလောက်ကနေ စတွေ့တာ ပထမဆုံးတွေ့တာက ဦးပေါ်တဲ့ လက်ပုကန်က အဖိုးကြီး အသက် ၈၀ ဝန်းကျင်ပေါ့ဗျာ။ ဒုတိယက အဖွားကြီး တယောက်ရဲ့ အလောင်းကို တွေ့တယ်ခင်ဗျ။ မသွားလာနိုင်ဘူး အဲ့နားမှာ သတ်ထားခဲ့တယ်။ နောက်တယောက် အလောင်းက ဒီနေ့မှာ တွေ့တယ်ခင်ဗျ။”

လက်ပုကန်ကျေးရွာဟာ ပုလဲမြို့နဲ့ ၆ မိုင်ခန့်လောက်သာ ကွာဝေးတဲ့ ကျေးရွာဖြစ်ပါတယ်။ ဇွန် ၁၄ ရက် ညနေပိုင်းမှာလည်း မြို့ပေါ်မှာရှိတဲ့ ပုလဲမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့လည်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ သေဆုံးတာနဲ့ ပတ်သက်လို့တော့ သီးခြား အတည်မပြုနိုင်ပါဘူး။

မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်းမှာဆိုရင်လည်း စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေ လုပ်နေပြီး ကျေးရွာတွေ မီးရှို့ခံနေရပါတယ်။ ဇွန် ၁၂ ရက်က ပေါက်တောင်ပိုင်းက ကျေးရွာ ၆ ရွာ မီးရှို့ခံရပြီး အရပ်သား ၁ ဦး မီးလောင်သေဆုံးတယ်လို့ ပေါက်ဒေသခံတဦးက ပြောပါတယ်။
“လယ်လန်းရယ်၊ ဝက်စုရယ်၊ မြေခြားရယ်၊ ဇီးတောရယ် ၆ ရွာ။ မြေခြားရွာကို အရင်ဆုံးရှို့တာ။ ပါသွားတာမဟုတ်ဘူး အရင်ဆုံးရှို့တာ အဲ့နား ရွာနားကလူတွေ မြေခြားကတော့ ခင်မောင်ကြည်၊ ဦးခင်မောင်ကြည်ဆိုတဲ့သူက အိမ်ပေါ်မှာပဲ သူ့အိမ်ပေါ်မှာပဲ သူက ဘာတော်လှန်ရေးမှ လုပ်တာမဟုတ်ဘူး အိမ်ပေါ်မှာပဲနေတော့ အိမ်ပေါ်မှာပဲ မီးရှို့အသတ်ခံလိုက်ရတယ်။”

ပြီးခဲ့တဲ့ ဧပြီလကလည်း စစ်ကောင်စီရဲ့ လက်နက်တပ်ဆင်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကားကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက သိမ်းဆည်းလိုက်ပြီးတဲ့နောက် စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းကနေပါ ရှင်းလင်းတာတွေ လုပ်ခဲ့ပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီက ပေါက်မြို့နယ်တောင်ပိုင်းကို နယ်မြေရှင်းလင်းတာတွေ လုပ်တဲ့အတွက် ကျေးရွာ ၂၀ ကျော် က နေအိမ် ၅၀၀ နီးပါး မီးရှို့ခံရပြီး ထောင်နဲ့ ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကောင်စီက အစားအစာ ဆေးဝါး သယ်ယူခွင့် တင်းကြပ်ထားတဲ့အတွက် ဒေသခံတွေမှာ ဆေးဝါး ပြတ်လပ်တာတွေ ကြုံတွေ့နေရပြီး အကူအညီတွေ လိုအပ်နေပါတယ်။

XS
SM
MD
LG