သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

လြိဳင္ေကာ္ၿမိဳ႕မွာ စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ၾကား တိုက္ပြဲေတြျပင္းထန္


Loikaw လြိဳင္ေကာ္

[[Zawgyi/Unicode]]

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕ ေဒါဥခူရပ္ကြက္မွာ စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ ေတြၾကား ဒီေန႔ ေဖေဖာ္ဝါရီ ၄ ရက္မွာ တိုက္ပြဲေတြျပင္းထန္ခဲ့ပါတယ္။ စစ္ပြဲေတြေၾကာင့္ လြိဳင္ေကာ္ ၿမိဳ႕ကေန ေဘးလြတ္ရာသြားခဲ့ၾကသူတခ်ဳိ႕ ေနရပ္ျပန္လာၾကေပမဲ့ ေဘးအႏၱရာယ္ထပ္႐ွိလာရင္ ေျပးဖုိ႔ အသင့္ျပင္ထားၾကတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ဒီးေမာ့ဆိုၿမိဳ႕နယ္ဘက္မွာလည္း ေက်း႐ြာေတြ ႐ွိရာဘက္ကို စစ္တပ္က လက္နက္ႀကီးေတြနဲ႔ ေျခာက္လွန္႔ ပစ္ခတ္ေနတာလို႔ ေဒသခံေတြက ေျပာပါတယ္။ ခုလို ကယားျပည္နယ္ဘက္မွာျဖစ္ေနတဲ့ အေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို မခြာညိဳက တင္ျပေပးထားပါတယ္။

စစ္ေကာင္စီတပ္နဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ေတြၾကား အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္မႈ ရွိေနတဲ့ ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕က ေဒါဥခူအက်ဥ္းေထာင္ဘက္မွာ ဒီကေန႔ ေသာၾကာေန႔ မြန္လြဲပိုင္း ၂ နာရီေလာက္ကလည္း တိုက္ပြဲေတြ ျပင္းထန္ခဲ့ပါတယ္။ လက္နက္ႀကီးသံ စက္ေသနတ္သံ ေတြ ျပင္းျပင္းထန္ထန္ အသံၾကားေနရတယ္လို႔ လိြဳင္ေကာ္ၿမိဳ႕ခံ သံဃာတပါးက မိန္႔ၾကားပါတယ္။

““ေဒါဥခူဆိုတာ ၿမိဳ႕လယ္ေခါင္နဲ႔ မေဝးဘူးေလ။ ေဒါဥခူေထာင္ဘက္မွာ အက်ဥ္းေထာင္ဘက္မွာ တိုက္ပြဲ ျဖစ္ေနတယ္ အခုေလာေလာဆယ္။ လက္နက္ႀကီးသံေတြေရာ လက္နက္ငယ္သံေတြေရာ လက္နက္ႀကီးသံကလြဲလို႔ ဟိုမွာ တိုက္ေနၾကတယ္ေလ။ အျပန္အလွန္ပစ္ေနၾကၿပီ။ ေတာ္ေတာ္ ျပင္းထန္တယ္။ စက္ေသနတ္သံေတြေရာ လက္နက္ငယ္အသံေတြေရာ RPG သံေတြေရာ အဲ့ေၾကာင့္ မို႔လို႔ (ေဒသခံေတြ) အမ်ားႀကီးမျပန္လာေသးဘူး။ နည္းနည္းပဲ ျပန္လာေသးတယ္။ ဒီမနက္ခင္းဆို ဦးဇင္းသြားေတာ့ သူတို႔ တခ်ဳိ႕က်ေတာ့လည္း ပစၥည္းေတြ ရသေလာက္သယ္ ထြက္ေနတယ္။ ျပန္ လာတယ္ဆိုတာ ဒီေဒါဥခူကြက္ (၁) မွာပဲ ျပန္လာမယ္။ အဲ့ဒီေထာင္ဘက္နားနီးတဲ့လူ မျပန္လာဘူး။”

ဇန္နဝါရီလက လိြဳင္ေကာ္ၿမိဳ႕မွာျဖစ္တဲ့ ျဖစ္တဲ့တိုက္ပြဲေတြအတြင္း စစ္တပ္က ေလေၾကာင္း တိုက္ခိုက္မႈ ေတြပါ လုပ္ခဲ့တဲ့အတြက္ တၿမိဳ႕လံုးနီးပါး ေဘးလြတ္ရာေတြကို ထြက္ေျပးခဲ့ၾကပါတယ္။ အခုေတာ့ ၿမိဳ႕ တခ်ဳိ႕ေနရာေတြမွာ တိုက္ပြဲတည္ၿငိမ္စျပဳလာတာေၾကာင့္ ေဒသခံတခ်ဳိ႕ကေတာ့ ေနရပ္ျပန္ လာခဲ့ၾက ပါတယ္။ ဒါေပမဲ့ လံုၿခံဳေရး စိတ္မခ်ရတဲ့အတြက္ လိုအပ္ရင္ ေဘးလြတ္ရာကို ေျပးေရွာင္ဖို႔ အဆင္သင့္ ျပင္ဆင္ထားၾကတယ္လိ႔ု ၿမိဳ႔ခံ သဃၤာက မိန္႔ပါတယ္။

“လက္နက္ႀကီးသံေတြ RPG သံေတြ အဲ့ေလာက္ ေနာက္ လက္နက္ငယ္သံေတြ အဲ့ဒါေတာ့ ၾကား တယ္။ ၿမိဳ႕အစြန္႔စြန္႔မွာဆိုရင္ မနက္ပိုင္း သို႔မဟုတ္ရင္ ညေနခင္းအဲ့လိုမ်ဳိးေတာ့ ၾကားေနတယ္။ ခပ္ မ်ားမ်ားေန႔တိုင္းလိုလိုပါပဲ။ လြိဳင္ေကာ္ၿမိဳ႕ေပၚဆိုရင္ ၁၀၀ မွာ ၃၅ ရာခိုင္ႏႈန္းေလာက္ေတာ့ ျပန္ေရာက္ ေနတယ္။ စိတ္ခ်လက္ခ်ေတာ့ ေနလို႔မရဘူး။ အကုန္လံုး ျပန္လာတဲ့လူဆိုရင္ အကုန္လံုးအဆင့္သင့္ပဲ။ ဆိုးတဲ့ကာလျဖစ္ရင္ ျပန္ေျပးဖို႔ အဆင္သင့္လုပ္ထားၾကတာေတြ မ်ားတယ္။ ေနာက္ညေနခင္းဆို မထြက္ေတာ့ဘူးဆိုကတည္းက သူတို႔က အရင္စိတ္နဲ႔ လြတ္လြတ္လပ္လပ္ ေနလို႔မရဘူးဆုိတာလည္း သူတို႔သိေနတာ။”

ခုလိုလိြဳင္ေကာ္ၿမိဳ႕မွာ လံုၿခံဳေရး မတည္ၿငိမ္တဲ့ အေျခအေနျဖစ္ေနသလို ဒီးေမာ့ဆိုၿမိဳ႕နယ္ထဲမွာလည္း လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ စစ္တပ္ဘက္က ၿခိမ္းေျခာက္ပစ္ခတ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ လိြဳင္ေကာ္နဲ႔ ဒီးေမာ့ဆိုၿမိဳ႕ၾကားက တိုက္ပြဲေတြျပင္းထန္ခဲ့တဲ့ ၆ မိုင္ စံျပေက်းရြာ၊ ဟိုဖိတ္ေက်းရြာတဝိုက္ ဒီေန႔ မနက္အေစာပိုင္းက စစ္တပ္ဘက္က လက္နက္ႀကီးေတြနဲ႔ လွမ္းပစ္ ခတ္ေနတာလို႔ ေဒသခံက ေျပာပါတယ္။

“အေျခအေနကေတာ့ နည္းနည္းဆိုးေနတဲ့ သေဘာရွိတယ္ဗ်။ ဒါေပမယ့္ တိုက္ပြဲရယ္လို႔ေတာ့ မဟုတ္ ဘူးေပါ့။ သူက လက္နက္ႀကီးေတြ ရမ္းတမ္းၿပီးေတာ့ အဲ့လိုမ်ဳိး ပစ္ခတ္လာတာမ်ဳိး ရွိတယ္ဗ် ဟုတ္။ ဒီးေမာ့ဆိုဖက္မွာက အဓိက အပစ္ခံရတဲ့ေနရာ ေတာ္ေတာ္မ်ားမ်ား ဒီ ၆ မိုင္ရယ္ ဟိုဖိတ္တေက်ာ ေပ့ါေနာ္။ တိုက္ပြဲျဖစ္ၿပီးတဲ့ ေနရာေတြေပါ့ေနာ္။ အခုလည္း မီးေလာင္ေနတယ္ေပ့ါေနာ္ အဲဒီဘက္မွာ။ တိုက္ပြဲေတာ့ မျဖစ္ဘူးဗ်။ ဒါေပမယ့္ေတာ့ လက္နက္ႀကီးေတြနဲ႔ အဆက္မျပတ္ ထုေနတယ္ေပ့ါေနာ္။ ေစာတုန္းကလည္း ရဟက္ယာဥ္တစီးဝဲေနတယ္ေပါ့ေနာ္။ အခုထိေတာင္မွ ဝဲေနတုန္းပဲဗ်။”

ကယားျပည္နယ္မွာျဖစ္တဲ့ တိုက္ပြဲေတြမွာ စစ္ေကာင္စီက ေလေၾကာင္းသံုး ဗံုးႀကဲတိုက္ခိုက္မႈေတြ ရွိတာေၾကာင့္ ေဒသခံေတြက။ စစ္ရဟက္ယာဥ္ေတြ အၿမဲတမ္း ပ်ံသန္းတာကိုေတြ႕ေနရၿပီး ဗံုးႀကဲ တိုက္ခိုက္ခံရမွာကို စိုးရိမ္ထိတ္လန္႔ေနၾကတာပါ။ ဟိုဖိတ္ေက်း႐ြာဘက္မွာ စစ္ေကာင္စီ တပ္ဖဲြ႔ေတြ တပ္စြဲထားတာျဖစ္ပါတယ္။ အဲဒီ႐ြာဘက္မွာ ဒီေန႔ တိုက္ပဲြေတြ မ႐ွိေပမဲ့ စစ္တပ္က ႐ွာေဖြ ႐ွင္းလင္းေနတယ္လို႔ ေဒသခံက ေျပာျပပါတယ္။

“ထိေတြ႕တိုက္ပြဲ အျပန္အလွန္ပစ္ခတ္မႈေတာ့ မရွိဘူးေပါ့ေနာ္။ ရြာထဲမွာ သူတို႔က စခန္းခ်ၿပီးေတာ့ ေနေနတာေတြရွိတယ္။ အဲ့လုိမ်ဳိး စခန္းခ်ေနေနတာကိုမွ သူတို႔က …. လူေနအိမ္တခ်ဳိ႕ ေတြကို လိုက္ေမႊၿပီးေတာ့ ဖ်က္စီးတာေတြ၊ ဝင္ေမႊတာေတြ… ေနာက္ၿပီးေတာ့ ျပည္သူေတြပိုင္တဲ့ ကြ်ဲ ႏြား တိရိစၦာန္ေတြ၊ အိမ္သံုး၊ အိမ္ေမြးတိရိစၦာန္ေတြလည္း သူတို႔က သတ္ျဖတ္ၿပီး စားေသာက္ေနတာမ်ဳိးေတြ ေတြ႕ရတာေပါ့ေနာ္။”

လက္နက္ႀကီး ပစ္ခတ္ခံေနရတဲ့ ေနရာတဝိုက္မွာ ေဒသခံေတြ မရွိၾကဘဲ အရင္ကတည္းက ေဘးလြတ္ ရာကို ထြက္ေျပးတိမ္းေရွာင္ေနၾကပါတယ္။ ေဒသအေျခအေန တည္ၿငိမ္ရင္ ေဒသခံေတြ ျပန္လာၾကၿပီး အေျခအေနဆိုးရင္ ျပန္ေျပးေနၾကရတာပါ။ ကယားျပည္နယ္ထဲက ၿမိဳ႕နယ္ေတာ္ေတာ္ မ်ားမ်ားမွာ ျဖစ္ေနတဲ့ တုိက္ပြဲေတြေၾကာင့္ စစ္ေဘးဒုကၡသည္ေတြ သိန္းနဲ႔ခ်ီရွိေနပါတယ္။ ေဘးလြတ္ရာ ပတ္ဝန္း က်င္ ၿမိဳ႕နယ္ ေက်းရြာနဲ႔ ေတာေတာင္ေတြထဲမွာ ခိုလံႈေနၾကရတဲ့ စစ္ေျပးဒုကၡသည္ေတြဟာ ရာသီဥတု အေအးဒဏ္ေၾကာင့္ မက်န္းမမာသူေတြလည္း ရွိေနပါတယ္။ စစ္ေဘးဒုကၡသည္ေတြအတြက္ စားနပ္ ရိကၡာ ေဆးဝါးအျပင္ ေစာင္း အေႏြအထည္ေတြလည္း အေရးေပၚလိုေနတယ္လို႔ အကူအညီ ေပးသူ ေတြက ေျပာေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကြား တိုက်ပွဲတွေပြင်းထန်

ကယားပြည်နယ် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေကြား ဒီနေ့ ဖေဖော်ဝါရီ ၄ ရက်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ စစ်ပွဲတွေကြောင့် လွိုင်ကော် မြို့ကနေ ဘေးလွတ်ရာသွားခဲ့ကြသူတချို့ နေရပ်ပြန်လာကြပေမဲ့ ဘေးအန္တရာယ်ထပ်ရှိလာရင် ပြေးဖို့ အသင့်ပြင်ထားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီးမော့ဆိုမြို့နယ်ဘက်မှာလည်း ကျေးရွာတွေ ရှိရာဘက်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ခြောက်လှန့် ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ ခုလို ကယားပြည်နယ်ဘက်မှာဖြစ်နေတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မခွာညိုက တင်ပြပေးထားပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ရှိနေတဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့က ဒေါဥခူအကျဉ်းထောင်ဘက်မှာ ဒီကနေ့ သောကြာနေ့ မွန်လွဲပိုင်း ၂ နာရီလောက်ကလည်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ လက်နက်ကြီးသံ စက်သေနတ်သံ တွေ ပြင်းပြင်းထန်ထန် အသံကြားနေရတယ်လို့ လွိုင်ကော်မြို့ခံ သံဃာတပါးက မိန့်ကြားပါတယ်။

“ဒေါဥခူဆိုတာ မြို့လယ်ခေါင်နဲ့ မဝေးဘူးလေ။ ဒေါဥခူထောင်ဘက်မှာ အကျဉ်းထောင်ဘက်မှာ တိုက်ပွဲ ဖြစ်နေတယ် အခုလောလောဆယ်။ လက်နက်ကြီးသံတွေရော လက်နက်ငယ်သံတွေရော လက်နက်ကြီးသံကလွဲလို့ ဟိုမှာ တိုက်နေကြတယ်လေ။ အပြန်အလှန်ပစ်နေကြပြီ။ တော်တော် ပြင်းထန်တယ်။ စက်သေနတ်သံတွေရော လက်နက်ငယ်အသံတွေရော RPG သံတွေရော အဲ့ကြောင့် မို့လို့ (ဒေသခံတွေ) အများကြီးမပြန်လာသေးဘူး။ နည်းနည်းပဲ ပြန်လာသေးတယ်။ ဒီမနက်ခင်းဆို ဦးဇင်းသွားတော့ သူတို့ တချို့ကျတော့လည်း ပစ္စည်းတွေ ရသလောက်သယ် ထွက်နေတယ်။ ပြန် လာတယ်ဆိုတာ ဒီဒေါဥခူကွက် (၁) မှာပဲ ပြန်လာမယ်။ အဲ့ဒီထောင်ဘက်နားနီးတဲ့လူ မပြန်လာဘူး။”

ဇန်နဝါရီလက လွိုင်ကော်မြို့မှာဖြစ်တဲ့ ဖြစ်တဲ့တိုက်ပွဲတွေအတွင်း စစ်တပ်က လေကြောင်း တိုက်ခိုက်မှု တွေပါ လုပ်ခဲ့တဲ့အတွက် တမြို့လုံးနီးပါး ဘေးလွတ်ရာတွေကို ထွက်ပြေးခဲ့ကြပါတယ်။ အခုတော့ မြို့ တချို့နေရာတွေမှာ တိုက်ပွဲတည်ငြိမ်စပြုလာတာကြောင့် ဒေသခံတချို့ကတော့ နေရပ်ပြန် လာခဲ့ကြ ပါတယ်။ ဒါပေမဲ့ လုံခြုံရေး စိတ်မချရတဲ့အတွက် လိုအပ်ရင် ဘေးလွတ်ရာကို ပြေးရှောင်ဖို့ အဆင်သင့် ပြင်ဆင်ထားကြတယ်လိ့ု မြို့ခံ သင်္ဃာက မိန့်ပါတယ်။

“လက်နက်ကြီးသံတွေ RPG သံတွေ အဲ့လောက် နောက် လက်နက်ငယ်သံတွေ အဲ့ဒါတော့ ကြား တယ်။ မြို့အစွန့်စွန့်မှာဆိုရင် မနက်ပိုင်း သို့မဟုတ်ရင် ညနေခင်းအဲ့လိုမျိုးတော့ ကြားနေတယ်။ ခပ် များများနေ့တိုင်းလိုလိုပါပဲ။ လွိုင်ကော်မြို့ပေါ်ဆိုရင် ၁၀၀ မှာ ၃၅ ရာခိုင်နှုန်းလောက်တော့ ပြန်ရောက် နေတယ်။ စိတ်ချလက်ချတော့ နေလို့မရဘူး။ အကုန်လုံး ပြန်လာတဲ့လူဆိုရင် အကုန်လုံးအဆင့်သင့်ပဲ။ ဆိုးတဲ့ကာလဖြစ်ရင် ပြန်ပြေးဖို့ အဆင်သင့်လုပ်ထားကြတာတွေ များတယ်။ နောက်ညနေခင်းဆို မထွက်တော့ဘူးဆိုကတည်းက သူတို့က အရင်စိတ်နဲ့ လွတ်လွတ်လပ်လပ် နေလို့မရဘူးဆိုတာလည်း သူတို့သိနေတာ။”
ခုလိုလွိုင်ကော်မြို့မှာ လုံခြုံရေး မတည်ငြိမ်တဲ့ အခြေအနေဖြစ်နေသလို ဒီးမော့ဆိုမြို့နယ်ထဲမှာလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စစ်တပ်ဘက်က ခြိမ်းခြောက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့ကြားက တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ၆ မိုင် စံပြကျေးရွာ၊ ဟိုဖိတ်ကျေးရွာတဝိုက် ဒီနေ့ မနက်အစောပိုင်းက စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ လှမ်းပစ် ခတ်နေတာလို့ ဒေသခံက ပြောပါတယ်။

“အခြေအနေကတော့ နည်းနည်းဆိုးနေတဲ့ သဘောရှိတယ်ဗျ။ ဒါပေမယ့် တိုက်ပွဲရယ်လို့တော့ မဟုတ် ဘူးပေါ့။ သူက လက်နက်ကြီးတွေ ရမ်းတမ်းပြီးတော့ အဲ့လိုမျိုး ပစ်ခတ်လာတာမျိုး ရှိတယ်ဗျ ဟုတ်။ ဒီးမော့ဆိုဖက်မှာက အဓိက အပစ်ခံရတဲ့နေရာ တော်တော်များများ ဒီ ၆ မိုင်ရယ် ဟိုဖိတ်တကျော ပေ့ါနော်။ တိုက်ပွဲဖြစ်ပြီးတဲ့ နေရာတွေပေါ့နော်။ အခုလည်း မီးလောင်နေတယ်ပေ့ါနော် အဲဒီဘက်မှာ။ တိုက်ပွဲတော့ မဖြစ်ဘူးဗျ။ ဒါပေမယ့်တော့ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ထုနေတယ်ပေ့ါနော်။ စောတုန်းကလည်း ရဟက်ယာဉ်တစီးဝဲနေတယ်ပေါ့နော်။ အခုထိတောင်မှ ဝဲနေတုန်းပဲဗျ။”

ကယားပြည်နယ်မှာဖြစ်တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိတာကြောင့် ဒေသခံတွေက။ စစ်ရဟက်ယာဉ်တွေ အမြဲတမ်း ပျံသန်းတာကိုတွေ့နေရပြီး ဗုံးကြဲ တိုက်ခိုက်ခံရမှာကို စိုးရိမ်ထိတ်လန့်နေကြတာပါ။ ဟိုဖိတ်ကျေးရွာဘက်မှာ စစ်ကောင်စီ တပ်ဖွဲ့တွေ တပ်စွဲထားတာဖြစ်ပါတယ်။ အဲဒီရွာဘက်မှာ ဒီနေ့ တိုက်ပွဲတွေ မရှိပေမဲ့ စစ်တပ်က ရှာဖွေ ရှင်းလင်းနေတယ်လို့ ဒေသခံက ပြောပြပါတယ်။

“ထိတွေ့တိုက်ပွဲ အပြန်အလှန်ပစ်ခတ်မှုတော့ မရှိဘူးပေါ့နော်။ ရွာထဲမှာ သူတို့က စခန်းချပြီးတော့ နေနေတာတွေရှိတယ်။ အဲ့လိုမျိုး စခန်းချနေနေတာကိုမှ သူတို့က …. လူနေအိမ်တချို့ တွေကို လိုက်မွှေပြီးတော့ ဖျက်စီးတာတွေ၊ ဝင်မွှေတာတွေ… နောက်ပြီးတော့ ပြည်သူတွေပိုင်တဲ့ ကျွဲ နွား တိရိစ္ဆာန်တွေ၊ အိမ်သုံး၊ အိမ်မွေးတိရိစ္ဆာန်တွေလည်း သူတို့က သတ်ဖြတ်ပြီး စားသောက်နေတာမျိုးတွေ တွေ့ရတာပေါ့နော်။”

လက်နက်ကြီး ပစ်ခတ်ခံနေရတဲ့ နေရာတဝိုက်မှာ ဒေသခံတွေ မရှိကြဘဲ အရင်ကတည်းက ဘေးလွတ် ရာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ ဒေသအခြေအနေ တည်ငြိမ်ရင် ဒေသခံတွေ ပြန်လာကြပြီး အခြေအနေဆိုးရင် ပြန်ပြေးနေကြရတာပါ။ ကယားပြည်နယ်ထဲက မြို့နယ်တော်တော် များများမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်တွေ သိန်းနဲ့ချီရှိနေပါတယ်။ ဘေးလွတ်ရာ ပတ်ဝန်း ကျင် မြို့နယ် ကျေးရွာနဲ့ တောတောင်တွေထဲမှာ ခိုလှုံနေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ ရာသီဥတု အအေးဒဏ်ကြောင့် မကျန်းမမာသူတွေလည်း ရှိနေပါတယ်။ စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ် ရိက္ခာ ဆေးဝါးအပြင် စောင်း အနွေအထည်တွေလည်း အရေးပေါ်လိုနေတယ်လို့ အကူအညီ ပေးသူ တွေက ပြောနေကြပါတယ်။

XS
SM
MD
LG