သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ဒန်ဗလီရှေ့ တိုက်ခိုက်မှု၊ မူစလင်တွေကို ပစ်မှတ်ထားတာသေချာ


လန်ဒန်ဗလီရှေ့ တိုက်ခိုက်မှု
လန်ဒန်ဗလီရှေ့ တိုက်ခိုက်မှု

ဗြိတိန်နိုင်ငံ လန်ဒန်မြို့က ဗလီတခုရဲ့အပြင်ဘက်မှာ ဒီကနေ့ အစောပိုင်းက လမ်းသွားလမ်းလာတွေကို ဗင်န်ကားတစီးက ဝင်တိုက်လို့ လူ ၁၀ ယောက် ဒဏ်ရာရခဲ့တဲ့ဖြစ်ရပ်ဟာ မွတ်စလင်တွေကို တိုက်ခိုက်တာဖြစ်တယ်ဆိုတာ အတော်လေး ထင်ရှားတယ်လို့ လန်ဒန် မြို့တော်ရဲအရာရှိ က ပြောပါတယ်။

ဆေးရုံတင်ထားရတဲ့ လူတချို့ရှိနေပြီး အခုတိုက်ခိုက်မှုကို အကြမ်းဖက်ဝါဒစွဲ လုပ်ရပ်အဖြစ် စုံစမ်းစစ်ဆေးနေတဲ့အကြောင်းနဲ့ အခုဖြစ်ရပ်ကြောင့် ဒီဒေသတွင်းမှာရော၊ တိုင်းပြည်တဝှမ်းလုံးမှာပါ တုန်လှုပ်ခြောက်ခြားခဲ့ရတယ်လို့ လန်ဒန်မြို့တော်နဲ့ မြို့ဝန်းကျင်ဆိုင်ရာ ရဲမင်းကြီး Cressida Dick က သတင်းထောက်တွေကို ဒီကနေ့ ပြောပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် May ကလည်း အခုဖြစ်ရပ်ဟာ မူစလင်တွေ ဝတ်ပြုတဲ့နေရာ အနီးမှာ တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ပြောဆိုခဲ့သလို၊ လန်ဒန်မြို့တော်ဝန် Sadiq Khan က လည်း ဒါဟာ လန်ဒန်မြို့ကြီးကို ဆိုးဆိုးရွားရွား တိုက်ခိုက်လိုက်တာပဲလို့ ဆိုပါတယ်။ လန်ဒန်မြို့မြောက်ဘက်မှာ အခု ဖြစ်ရပ် ဖြစ်ပွားတဲ့အချိန် အဲဒီနေရာမှာ လူတယောက် သေဆုံးသွားတာနဲ့ ပတ်သက်လို့တော့ အဲဒီသေဆုံးသူနဲ့ပတ်သက်တဲ့ ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး အခုတိုက်ခိုက်မှုနဲ့ အဲဒီလူသေဆုံးမှု ဆက်စပ်မှုရှိမရှိ ပြောဖို့ကတော့ အချိန်စောနေသေးတဲ့အကြောင်း အကြမ်းဖက်လှုပ်ရှားမှု တန်ပြန်ချေမှုန်းရေးဆိုင်ရာ အကြီးတန်း တာဝန်ရှိသူ တဦးဖြစ်တဲ့ ဒုတိယ လက်ထောက် ကော်မရှင်နာမင်း Neil Basu က ရှင်းလင်း ပြောဆိုထားပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာမှာ လူတွေ ဝိုင်းဝန်း ဖမ်းဆီးတာကိုခံရတဲ့ အသက် ၄၈ နှစ်အရွယ် ဗင်န်ကားမောင်းသူ ကိုတော့ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG