သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လန္ဒန္မွာ စေနေန႔က ဆန္႔က်င္ဘက္ ဆႏၵျပပြဲေတြ ေပၚေပါက္


လန္ဒန္ၿမိဳ႕မွာ ဆႏၵျပသူေတြနဲ႔ ထိပ္တုိက္ေတြ႔ေနတဲ့ ရဲတပ္ဖြဲ႔ဝင္မ်ား။ (ဇြန္ ၁၃၊ ၂၀၂၀)

(Zawgyi / Unicode)

ကို႐ုိနာဗိုင္းရပ္စ္ အႏၱရာယ္ကို ကာကြယ္ႏိုင္ဖို႔ ၿဗိတိန္ႏိုင္ငံမွာ လူေတြ တတ္ႏိုင္သမွ် ေနအိမ္မွာပဲ ေနၾကဖို႔ တိုက္တြန္းထားခ်ိန္ လန္ဒန္ၿမဳိ႕လယ္ေခါင္မွာ လူမည္းေတြအေပၚ စာနာတဲ့ ဆႏၵျပပဲြေတြနဲ႔ သူတို႔နဲ႔ ဆန္႔က်င္ဘက္ လက္ယာစြန္း၀ါဒီ ဆႏၵျပသူေတြၾကား ထိပ္တိုက္ျဖစ္မယ့္အေရးကို ရဲက တားဆီးခဲ့ရပါတယ္။ အျပည့္အစုံကုိ ကုိဉာဏ္ဝင္းေအာင္က ဆက္သြယ္ေမးျမန္းၿပီး တင္ျပထားပါတယ္။

အေမရိကန္ျပည္ေထာင္စုက စလုိက္တဲ့ Black Lives Matter (BLM) လူမည္းေတြရဲ႕ အသက္ကလည္း အေရးပါတယ္ဆိုတဲ့ လႈပ္ရွားမႈႀကီးဟာ ကမၻာကို ျပန္႔သြားၿပီး ၿပီးခဲ့တဲ့ သီတင္းပတ္ေတြထဲ လန္ဒန္ၿမဳိ႕မွာ ဆႏၵျပပဲြေတြ ေပၚေပါက္ခဲ့တာပါ။

အဲဒီ BLM ဆႏၵျပပဲြေတြအတြင္း ေရွးေဟာင္း သမုိင္းအေမြအႏွစ္ေတြကိုပါ ဖ်က္ဆီးလာခ်ိန္မွာ လက္ယာစြန္းေတြဘက္က တန္ျပန္တဲ့ ဆႏၵျပပဲြေတြ စေနေန႔မွာ ျဖစ္လာရေၾကာင္း ၿဗိတိန္ႏုိင္ငံ Leeds ၿမဳိ႕မွာေနတဲ့ ျမန္မာဆရာဝန္ ေဒါက္တာ သက္ကိုကိုက ရွင္းျပပါတယ္။

"ဒီတိုင္းျပည္မွာရွိတဲ့ သူတို႔ အဂၤလိပ္လူမ်ဳိးေတြ အထြတ္အျမတ္ထားတဲ့ ပုဂၢိဳလ္ႀကီးေတြရဲ႕ ႐ုပ္တုေတြကို လိုက္ၿပီးေတာ့ ဖ်က္လိုဖ်က္ဆီး ရမ္းကားစြာ လုပ္ပါတယ္။ ဥပမာ ဒုတိယကမၻာစစ္မွာ အႏိုင္တိုက္ႏိုင္တဲ့ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Winston Churchill လို တကယ့္ပုဂၢဳိလ္ႀကီးရဲ႕ ႐ုပ္တုကအစ ဖ်က္လိုဖ်က္ဆီး လုပ္တာေတြ ေတြ႔ရတဲ့အခါမွာ သူတို႔တုိင္းျပည္ကို လာေနတဲ့သူေတြက သူတို႔အေပၚ ျပန္ၿပီး လူမ်ဳိးေရးခဲြျခား ႏွိမ့္ခ်ဆက္ဆံတာ Racist ျပန္လုပ္မွာကို ေၾကာက္ၾကတယ္။ အဲဒီကိစၥေတြေၾကာင့္ ျဖစ္လာတာပါ။ အဲဒီအခါမွာေတာ့ အစြန္းႏွစ္ဖက္ ျဖစ္သြားတဲ့ သေဘာေပါ့ေနာ္။ အဲဒီေတာ့ အရမ္း စိတ္ဓာတ္ျပင္းထန္တဲ့သူေတြက လမ္းေပၚထြက္လာၿပီး ဆႏၵျပကုန္တာ။ အဲဒါကို တခ်ဳိ႕ကလည္း လက္ယာစြန္းေတြလုိ႔ ေျပာၾကပါတယ္။ က်ေနာ္တုိ႔ၾကေတာ့ ဘုရားေဟာတဲ့ မဇၥ်ိမပဋိပဒါနဲ႔ပဲ ေနတဲ့လူေတြ ျဖစ္တဲ့အတြက္ ႏွစ္ဖက္စလုံးကို မေထာက္ခံပါဘူး။"

ၿဗိတိန္ႏုိင္ငံဟာ လက္ရွိမွာ ကိုဗစ္အႏၱရာယ္ က်န္းမာေရး အေရးေပၚကာလနဲ႔ ရင္ဆိုင္ေနရတာမို႔ ျပည္သူေတြ ဒီဆႏၵျပပဲြေတြမွာ မပါဝင္ၾကဖို႔ ၿဗိတိန္ ျပည္ထဲေရးဝန္ႀကီး Priti Patel ကလည္း တိုက္တြန္းပါတယ္။

"လူတုိင္းကို က်မအေနနဲ႔ တိုက္တြန္းခ်င္တာက ဒီလုိ လူစုလူေဝးနဲ႔ ဆႏၵျပပဲြေတြမွာ မပါဝင္ၾကပါနဲ႔။ ဒါဟာ လူထုက်န္းမာေရးကို ၿခိမ္းေျခာက္ေန႐ုံသာမက လူနည္းစုေတြက ဒီဆႏၵျပပဲြေတြကို အသုံးခ်ၿပီး ရမ္းကားဖ်က္ဆီးတာေတြ လုပ္လာႏိုင္ပါတယ္။ အဲဒီအုပ္စုေတြဟာ တရားဥပေဒစိုးမိုးေရး ေဆာင္ရြက္ခ်က္ေတြနဲ႔ ရင္ဆုိင္ရမယ္ဆိုတာ ေျပာထားၿပီးသား ျဖစ္ပါတယ္။ က်မတို႔ အဓိက သတိထားရမွာက ဒီလုိ လူစုလူေဝးလုပ္တာဟာ ကူးစက္ေရာဂါ ျပန္႔ပြားေအာင္လုပ္တာနဲ႔ အတူတူပဲ ျဖစ္တာေၾကာင့္ ဒါကို လက္ခံႏိုင္စရာ မရွိပါဘူး။ ဒီလုိမျဖစ္ေအာင္ က်မတို႔ ကာကြယ္သြားရမွာပါ။"

လန္ဒန္ၿမဳိ႕မွာေနထိုင္တဲ့ ျမန္မာ့သမိုင္းပညာရွင္ ဦေအာင္ခင္ကေတာ့ ႏွစ္ဖက္စလုံးေသာ ဆႏၵျပသူေတြဟာ ခုလို ကုိဗစ္ကပ္ေရာဂါကာလအတြင္း ဆူပူလိုစိတ္က ပိုမ်ားတယ္လို႔ သုံးသပ္ပါတယ္။

"လက္ဝဲစြန္းကေတာ့ ဒီအမည္းေပ့ါဗ်ာ ႏိုင္ငံေရးအရ မွန္ကန္တယ္ယူဆၿပီး လုပ္ေတာ့ ဟုိတဖက္ကလည္းပဲ လက္ယာဘက္လူကလည္း သူက ဖက္ဆစ္ဆန္႔က်င္ေရး ဘာညာဆိုၿပီး ေျပာတာပဲဗ်။ ဒီႏွစ္ခု ပဋိပကၡျဖစ္မွာစုိးလို႔ လန္ဒန္ၿမဳိ႕ေတာ္ဝန္တို႔ ဘာတို႔က ဝင္ထိန္းတဲ့သေဘာပဲ။ ဒါက သူတို႔က ရမ္းကားတဲ့သူေတြ၊ သူတို႔မွာ ႏိုင္ငံေရးရည္ရြယ္ခ်က္ ဘာညာ ယုံၾကည္ခ်က္ေတြ ဘာေတြ ရွိတာမဟုတ္ဘူးဗ်။"

ဆႏၵျပပြဲေတြဟာ လန္ဒန္ၿမဳိ႕လယ္ေခါင္ လႊတ္ေတာ္အေဆာက္အဦနား တဝိုက္၊ ၿဗိတိန္ဘုရင္မႀကီး နန္းေတာ္တည္ရွိရာနဲ႔လည္း မေဝးတဲ့အရပ္မွာ ျဖစ္ေပၚခဲ့ၿပီး လက္ယာစြန္း၀ါဒီ ဆႏၵျပသူေတြကို BLM ဆႏၵျပသူေတြနဲ႔ ထိပ္တုိက္မျဖစ္ရေအာင္ ရဲေတြ တားဆီးရာက ႐ုန္းရင္းဆန္ခတ္မႈေတြ ျဖစ္ေပၚခဲ့ရတယ္လို႔ ၿမဳိ႕ခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

လန်ဒန်မှာ စနေနေ့က ဆန့်ကျင်ဘက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို ကာကွယ်နိုင်ဖို့ ဗြိတိန်နိုင်ငံမှာ လူတွေ တတ်နိုင်သမျှ နေအိမ်မှာပဲ နေကြဖို့ တိုက်တွန်းထားချိန် လန်ဒန်မြို့လယ်ခေါင်မှာ လူမည်းတွေအပေါ် စာနာတဲ့ ဆန္ဒပြပွဲတွေနဲ့ သူတို့နဲ့ ဆန့်ကျင်ဘက် လက်ယာစွန်းဝါဒီ ဆန္ဒပြသူတွေကြား ထိပ်တိုက်ဖြစ်မယ့်အရေးကို ရဲက တားဆီးခဲ့ရပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုက စလိုက်တဲ့ Black Lives Matter (BLM) လူမည်းတွေရဲ့ အသက်ကလည်း အရေးပါတယ်ဆိုတဲ့ လှုပ်ရှားမှုကြီးဟာ ကမ္ဘာကို ပြန့်သွားပြီး ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲ လန်ဒန်မြို့မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။

အဲဒီ BLM ဆန္ဒပြပွဲတွေအတွင်း ရှေးဟောင်း သမိုင်းအမွေအနှစ်တွေကိုပါ ဖျက်ဆီးလာချိန်မှာ လက်ယာစွန်းတွေဘက်က တန်ပြန်တဲ့ ဆန္ဒပြပွဲတွေ စနေနေ့မှာ ဖြစ်လာရကြောင်း ဗြိတိန်နိုင်ငံ Leeds မြို့မှာနေတဲ့ မြန်မာဆရာဝန် ဒေါက်တာ သက်ကိုကိုက ရှင်းပြပါတယ်။

"ဒီတိုင်းပြည်မှာရှိတဲ့ သူတို့ အင်္ဂလိပ်လူမျိုးတွေ အထွတ်အမြတ်ထားတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ ရုပ်တုတွေကို လိုက်ပြီးတော့ ဖျက်လိုဖျက်ဆီး ရမ်းကားစွာ လုပ်ပါတယ်။ ဥပမာ ဒုတိယကမ္ဘာစစ်မှာ အနိုင်တိုက်နိုင်တဲ့ ဗြိတိန်ဝန်ကြီးချုပ် Winston Churchill လို တကယ့်ပုဂ္ဂိုလ်ကြီးရဲ့ ရုပ်တုကအစ ဖျက်လိုဖျက်ဆီး လုပ်တာတွေ တွေ့ရတဲ့အခါမှာ သူတို့တိုင်းပြည်ကို လာနေတဲ့သူတွေက သူတို့အပေါ် ပြန်ပြီး လူမျိုးရေးခွဲခြား နှိမ့်ချဆက်ဆံတာ Racist ပြန်လုပ်မှာကို ကြောက်ကြတယ်။ အဲဒီကိစ္စတွေကြောင့် ဖြစ်လာတာပါ။ အဲဒီအခါမှာတော့ အစွန်းနှစ်ဖက် ဖြစ်သွားတဲ့ သဘောပေါ့နော်။ အဲဒီတော့ အရမ်း စိတ်ဓာတ်ပြင်းထန်တဲ့သူတွေက လမ်းပေါ်ထွက်လာပြီး ဆန္ဒပြကုန်တာ။ အဲဒါကို တချို့ကလည်း လက်ယာစွန်းတွေလို့ ပြောကြပါတယ်။ ကျနော်တို့ကြတော့ ဘုရားဟောတဲ့ မဇ္ဈိမပဋိပဒါနဲ့ပဲ နေတဲ့လူတွေ ဖြစ်တဲ့အတွက် နှစ်ဖက်စလုံးကို မထောက်ခံပါဘူး။"

ဗြိတိန်နိုင်ငံဟာ လက်ရှိမှာ ကိုဗစ်အန္တရာယ် ကျန်းမာရေး အရေးပေါ်ကာလနဲ့ ရင်ဆိုင်နေရတာမို့ ပြည်သူတွေ ဒီဆန္ဒပြပွဲတွေမှာ မပါဝင်ကြဖို့ ဗြိတိန် ပြည်ထဲရေးဝန်ကြီး Priti Patel ကလည်း တိုက်တွန်းပါတယ်။

"လူတိုင်းကို ကျမအနေနဲ့ တိုက်တွန်းချင်တာက ဒီလို လူစုလူဝေးနဲ့ ဆန္ဒပြပွဲတွေမှာ မပါဝင်ကြပါနဲ့။ ဒါဟာ လူထုကျန်းမာရေးကို ခြိမ်းခြောက်နေရုံသာမက လူနည်းစုတွေက ဒီဆန္ဒပြပွဲတွေကို အသုံးချပြီး ရမ်းကားဖျက်ဆီးတာတွေ လုပ်လာနိုင်ပါတယ်။ အဲဒီအုပ်စုတွေဟာ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ချက်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ပြောထားပြီးသား ဖြစ်ပါတယ်။ ကျမတို့ အဓိက သတိထားရမှာက ဒီလို လူစုလူဝေးလုပ်တာဟာ ကူးစက်ရောဂါ ပြန့်ပွားအောင်လုပ်တာနဲ့ အတူတူပဲ ဖြစ်တာကြောင့် ဒါကို လက်ခံနိုင်စရာ မရှိပါဘူး။ ဒီလိုမဖြစ်အောင် ကျမတို့ ကာကွယ်သွားရမှာပါ။"

လန်ဒန်မြို့မှာနေထိုင်တဲ့ မြန်မာ့သမိုင်းပညာရှင် ဦအောင်ခင်ကတော့ နှစ်ဖက်စလုံးသော ဆန္ဒပြသူတွေဟာ ခုလို ကိုဗစ်ကပ်ရောဂါကာလအတွင်း ဆူပူလိုစိတ်က ပိုများတယ်လို့ သုံးသပ်ပါတယ်။

"လက်ဝဲစွန်းကတော့ ဒီအမည်းပေ့ါဗျာ နိုင်ငံရေးအရ မှန်ကန်တယ်ယူဆပြီး လုပ်တော့ ဟိုတဖက်ကလည်းပဲ လက်ယာဘက်လူကလည်း သူက ဖက်ဆစ်ဆန့်ကျင်ရေး ဘာညာဆိုပြီး ပြောတာပဲဗျ။ ဒီနှစ်ခု ပဋိပက္ခဖြစ်မှာစိုးလို့ လန်ဒန်မြို့တော်ဝန်တို့ ဘာတို့က ဝင်ထိန်းတဲ့သဘောပဲ။ ဒါက သူတို့က ရမ်းကားတဲ့သူတွေ၊ သူတို့မှာ နိုင်ငံရေးရည်ရွယ်ချက် ဘာညာယုံကြည်ချက်တွေ ဘာတွေ ရှိတာမဟုတ်ဘူးဗျ။"

ဆန္ဒပြပွဲတွေဟာ လန်ဒန်မြို့လယ်ခေါင် လွှတ်တော်အဆောက်အဦနား တဝိုက်၊ ဗြိတိန်ဘုရင်မကြီး နန်းတော်တည်ရှိရာနဲ့လည်း မဝေးတဲ့အရပ်မှာ ဖြစ်ပေါ်ခဲ့ပြီး လက်ယာစွန်းဝါဒီ ဆန္ဒပြသူတွေကို BLM ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်မဖြစ်ရအောင် ရဲတွေ တားဆီးရာက ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG