သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ လွှတ်တော်အမတ်နဲ့ ဒေါ်စုတွေ့ဆုံမည်


သြစတြေးလျ လွှတ်တော်အမတ် Luke Gosling (Australian labor party)
သြစတြေးလျ လွှတ်တော်အမတ် Luke Gosling (Australian labor party)

သြစတြေးလျနိုင်ငံက အလုပ်သမားပါတီ လွှတ်တော်အမတ် Luke Gosling ဟာ Microsoft ကုမ္ပဏီကို စတင်တည်ထောင်သူ Bill Gates Foundation ရဲ့ ဧည့်သည်အဖြစ်နဲ့ မြန်မာနိုင်ငံကို သွားရောက်တဲ့အခါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ သြစတေးလျ သတင်းတွေမှာ ဖော်ပြကြပါတယ်။

နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါမှာတော့ သူမအနေနဲ့သြစတြေးလျနိုင်ငံ Darwin မြို့ကို လာလည်ဖို့အတွက်လည်း ဖိတ်ကြားသွားမယ်လို့ မစ္စတာ Gosling က ပြောပါတယ်။

သူ့ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ နိုင်ငံတကာ ဖွံ့ဖြိုးရေးအစီအစဉ်တွေမှာ ပါဝင်တဲ့ သြစတြေးလျ အစိုးရရဲ့ အခန်းကဏ္ဍကို ပိုမို သိရှိ နားလည်ဖို့အပြင်၊ မြန်မာအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ အရာရှိတွေ၊ NGO နဲ့ စီးပွားရေးလုပ်ငန်းပိုင်းက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး တီထွင်ကြံဆမှု၊ ပညာရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍစုံအတွက် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားဖို့အတွက် ဖြစ်တယ်လို့ မစ္စတာ Gosling က ပြောပါတယ်။

ဇန်နဝါရီလ ၁၅ ရက်နေ ၂၂ ရက်နေ့အထိ ၇ ရက်ကြာမယ် ဒီခရီးစဉ်ကို Save the Children အဖွဲ့က စီစဉ်တာဖြစ်ပြီး ကုန်ကျစားရိတ်အားလုံးကို Bill and Melinda Gates Foundation က တာဝန်ယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG