သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပီနန်ကျွန်းမြေပြိုမှု မြန်မာတဦးအပါအဝင် ၃ ဦးသေဆုံး


မြေပြိုကျ လူသေဆုံးခဲ့တဲ့ ပီနန်ကျွန်း ဆောက်လုပ်ရေးခွင်တခု
မြေပြိုကျ လူသေဆုံးခဲ့တဲ့ ပီနန်ကျွန်း ဆောက်လုပ်ရေးခွင်တခု

မလေးရှားနိုင်ငံ ကမ္ဘာလှည့်ခရီးသွားတွေ စည်ကားတဲ့ ပီနန်ကျွန်းဆောက်လုပ်ရေးခွင် တခုမှာ မနေ့က မြေပြိုတဲ့အတွက် နိုင်ငံခြားအလုပ်သမား (၃)ဦးသေဆုံးပြိး နောက်ထပ် (၁၁)ဦး ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တောင်စောင်းပေါ်မှာ ပုံထားတဲ့ မြေပုံကြီးတွေ ပြိုကျရာက တိုက်ခန်းတွဲ(၂)ခု ဆောက်နေတဲ့ လုပ်ငန်းခွင်ထဲက အလုပ်သမားတွေပေါ် မြေပုံ ပိသွားတာ ဖြစ်ပါတယ်။ အလုပ်သမားတွေကို ရှာဖွေရေးအတွက် ကယ်ဆယ်ရေးလုပ်သား (၁၆၀)ခန့် စေလွှတ်ထားပြီး ဘင်္ဂလာဒေ့ရှ် အလုပ်သမား ၂ ဦးနဲ့ မြန်မာအလုပ်သမား ၁ ဦးတို့ရဲ့ အလောင်းတွေကို အပြိုပျက်ပုံအောက် က ဖေါ်ထုတ်နိုင် ခဲ့တယ်လို့ မလေးရဲတွေက ပြောပါတယ်။

နောက်ထပ် ပျောက်ဆုံးနေဆဲ (၁၁)ဦးထဲမှာ မလေးရှားကြီးကြပ်ရေးမှူး တဦး၊ အင်ဒိုရှား နိုင်ငံသားနဲ့ ဘင်္ဂလားဒေ့ရှ် အလုပ်သမားတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG