သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးနဲ့ ထိုင်းမှာ မြန်မာနိုင်ငံသား ၄၀ ဖမ်းမိ


၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားများ အဖမ်းခံရစဉ်
၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားများ အဖမ်းခံရစဉ်

မလေးရှားနိုင်ငံအတွင်း တရားမဝင် ရောက်နေတဲ့ မြန်မာနိုင်ငံသား ၂၀ ကို မလေးရှားလက်နက်ကိုင်တပ်ဖွဲ့တွေက ထိုင်း-မလေးရှားနယ်စပ် Bukit Kayu Hitam မြို့မှာ စနေနေ့က ဖမ်းဆီးလိုက်ပါတယ်။ စနေနေ့ည ၁၁ နာရီလောက်မှာ ဖမ်းမိလိုက်တဲ့ အသက် ၂၀ ကနေ ၃၀ အကြား အသီးသီးရှိကြတဲ့ အဲဒီ မြန်မာနိုင်ငံသားတွေဟာ ထိုင်း-မလေးနယ်စပ် ခြံစည်းကိုချိုးဖျက်ပြီး မကြာသေးခင်ကဘဲ ဝင်လာတယ်လို့ ယူဆရကြောင်း မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။

သက်ဆိုင်ရာနယ်မြေအပိုင် လုံခြုံရေးတပ်ဖွဲ့တွေက ကင်းလှည့်စဉ် ကုမ္ပဏီအဆောက်အဦးတခုအတွင်း ကားနဲ့ လူတွေ အတင်အချ လုပ်နေတာကို တွေ့ပြီးတဲ့နောက် မသင်္ကာလို့ ဝင်ရောက် စစ်ဆေးတဲ့အချိန် တရားမဝင် ဝင်လာတဲ့ အဲဒီ မြန်မာနိုင်ငံသားတွေကို တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

အလားတူဘဲ ထိုင်းနဲ့ မလေးရှားနယ်စပ်အနီးက ထိုင်းနိုင်ငံ၊ Sadao ခရိုင်အတွင်း ဂိုဒေါင်တခုထဲမှာ ကလေးငိုသံကြားကြောင်း အိမ်နီးနားချင်းတွေက တိုင်ကြားတဲ့အတွက် ထိုင်းရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးစဉ် အမျိုးသမီးနဲ့ နို့စို့အရွယ် ကလေးငယ်တွေပါ ပါဝင်တဲ့ တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၂၀ လောက်ကို တွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

သူတို့ကို လူမှောင်ခိုကူးသူတွေက ဂိုဒေါင်ထဲမှထည့်ပြီး အပြင်ကနေ သောခတ်ပိတ် ထိန်းသိမ်းထားပုံရကြောင်း၊ ထိုင်းရဲတပ်ဖွဲ့က အပြင်ကနေ သော့ကိုဖွင့်လိုက်တဲ့အချိန် အထဲမှာရှိသူနေသူတွေက ဝမ်းသာသွားပုံရကြောင်းလည်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီ ဂိုဒေါင်ထဲမှာ နို့စို့အရွယ်တဦးအပါအဝင် ကလေး ၅ ယောက်၊ အရွယ်ရောက်ပြီးသူ ၉ ယောက်နဲ့ အမျိုးသမီး ၆ ယောက်တို့ ရှိနေတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG