သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားရောက်မြန်မာတို့ရဲ့ (၈) လေးလုံး အထိမ်းအမှတ်


မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့မှာကျင်းပတဲ့ (၈) လေးလုံးအထိမ်းအမှတ်အခမ်းအနား။ (ဓာတ်ပုံ-NLD-LA, သြဂုတ်လ ၆၊ ၂၀၂၃)
မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့မှာကျင်းပတဲ့ (၈) လေးလုံးအထိမ်းအမှတ်အခမ်းအနား။ (ဓာတ်ပုံ-NLD-LA, သြဂုတ်လ ၆၊ ၂၀၂၃)

မလေးရှားနိုင်ငံ ပီနန်း မြို့မှာ (၈) လေးလုံးအထိမ်းအမှတ် အခမ်းအနားနဲ့ တော်လှန်ရေး ရန်ပုံငွေဂီတဖျော်ဖြေပွဲတခုကို ကွာလ္လာမ်ပူ အပါအဝင် မလေးရှားပြည်နယ်အသီးသီးက မလေးရှားရောက်မြန်မာတွေ ပူးပေါင်းပြီး သြဂုတ်လ ၆ ရက်နေ့ကကျင်းပခဲ့ပါတယ်။ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးမှာ အရင်ခေတ်တွေက ပေးဆပ်ခဲ့ကြတဲ့ တော်လှန်ရေးသူရဲကောင်းတွေကို အောက်မေ့ ဂုဏ်ပြုတဲ့ အနေနဲ့ မလေးရှားရောက် မြန်မာတွေဟာ အများစုတက်ရောက်နိုင်တဲ့ ပိတ်ရက်ဖြစ်တဲ့ သြဂုတ်လ ၆ ရက်နေ့မှာ အဖွဲ့တွေ ပေါင်းပြီး လုပ်ခဲ့ကြတာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မလေးရှားဌာနခွဲက ရုံးအဖွဲ့မှူး ဦးစိုးထက်သိန်းက ပြောပါတယ်။

"အတော်များများပေါင်းပြီး ပီနန်းမှာ (၈) လေးလုံး အောက်မေ့ဘွယ်အခမ်းအနားကိုသွားလုပ်ကြပါတယ်။ နိုင်ငံတော်အလံ။ တော်လှန်ရေးအလံကိုအလေးပြုကြတဲ့အခမ်းအနားလုပ်တယ်။ ကျနော်တို့မလေးရှားရောက်မြန်မာတွေ၊ ခေါင်းဆောင်တွေအနေနဲ တော်လှန်ရေးအတွက် အမှတ်တရဖြစ်စေမယ့် နေ့ကောင်းနေရက်တွေမှာ တော်လှန်ရေးကိုမမေ့မလျော့ဖြတ်သန်းနေတယ်ဆိုတာ မမေ့ကြတဲ့အကြောင်း ကျနော်တို့ထက် အရင်ဖြတ်သန်းခဲ့ကြတဲ့၊ ပေးဆပ်ခဲ့ကြတဲ့တော်လှန်ရေးသူရဲကောင်းတွေကို အောက်မေ့သတိရပြီး မမေ့တဲ့အကြောင်းတွေကို သမိုင်းကြောင်းတွေပြောပြဖို့ ကျနော်တို့ထည့်ထားတယ်။ ဒီအကြောင်းတွေကို ကျနော်ကိုယ်တိုင်ပြောပြခဲ့ပါတယ်။"

(၈) လေးလုံးအထိမ်းအမှတ်ပွဲကို ပီနန်းမြို့က အမှန်တရားမြတ်နိုးသူများအဖွဲ့နဲ့ အမှန်တရား ဘက်တော်သား (CSP music Bank) ကနေ ဦးဆောင် ကျင်းပခဲ့ပြီး မလေးရှားရောက် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ၁၀၀ လောက်တက်ရောက်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG