သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၈ ေလးလံုး အထိမ္းအမွတ္ ဘယ္လ္ဂ်ီယံ ျမန္မာသံရံုးေရွ႕ဆႏၵျပ


၈ ေလးလံုး အထိမ္းအမွတ္ ဘယ္လ္ဂ်ီယံ ျမန္မာသံရံုးေရွ႕ဆႏၵျပ

ျမန္မာႏိုင္ငံမွာ ၁၉၈၈ ခုႏွစ္ ၾသဂုတ္လ ၈ ရက္ေန႔ကို အစြဲျပဳၿပီး ၈ ေလးလံုး ဒီမိုကေရစီေရး လႈပ္ရွားမႈ ၃၄ ႏွစ္ျပည့္ အထိမ္းအမွတ္ကို ျမန္မာႏိုင္ငံ အပါအ၀င္ ကမ ၻာတ၀ွမ္းႏိုင္ငံေတြမွာ က်င္းပေနၾကရာမွာ တနလာၤေန႔က ဘယ္လ္ဂ်ီယံႏိုင္ငံ ဘရပ္ဆဲလ္ျမိဳ႕ေတာ္က စစ္ေကာင္စီသံရံုးေရွ႕မွာလည္း စုေ၀း ဆႏၵျပခဲ႔ၾကပါတယ္။

၈ ေလးလံုး အထိမ္းအမွတ္ ဘယ္လ္ဂ်ီယံ ျမန္မာသံရံုးေရွ႕ဆႏၵျပ

{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ ၁၉၈၈ ခုႏွစ္ ၾသဂုတ္လ ၈ ရက္ေန႔ကို အစြဲျပဳၿပီး ၈ ေလးလံုး ဒီမိုကေရစီေရး လႈပ္ရွားမႈ ၃၄ ႏွစ္ျပည့္ အထိမ္းအမွတ္ကို ျမန္မာႏိုင္ငံ အပါအ၀င္ ကမ ၻာတ၀ွမ္းႏိုင္ငံေတြမွာ က်င္းပေနၾကရာမွာ တနလာၤေန႔က ဘယ္လ္ဂ်ီယံႏိုင္ငံ ဘရပ္ဆဲလ္ျမိဳ႕ေတာ္က စစ္ေကာင္စီသံရံုးေရွ႕မွာလည္း စုေဝး ဆႏၵျပခဲ႔ၾကပါတယ္။

ဘယ္လ္ဂ်ီယံႏိုင္ငံက ျမန္မာေတြအျပင္ နယ္သာလန္က ျမန္မာေတြလည္း ပူးေပါင္းပါ၀င္ခဲ႔ၾကတာပါ။ နယ္သာလန္ အေျခစိုက္ ဆရာေတာ္ ေဒါက္တာ အရွင္စႏၵာ၀ရက ၈၈၈၈ ေလးလံုး အထိမ္းအမွတ္ မိန္႔ခြန္းမွာေတာ့ ဒီမိုကေရစီေရး ႐ုန္းကန္ လႈပ္ရွားမႈေတြကို အေလးထား မိန္႔ၾကားခဲ႔ပါတယ္။

"စစ္တပ္ဟာ ျပည္သူ႔ အေပၚ သစၥာေဖါက္တယ္၊ ႏိုင္ငံအေပၚ သစၥာေဖါက္ၿပီး အာဏာကို ေသနတ္ျပၿပီး မတရား ယူထားတဲ့ ကိစၥကို ဒို႔ျပည္သူေတြဟာ ေခတ္အဆက္ဆက္မွာ ဘယ္သူ႔မွ ေခါင္းငုံ႔ မခံခဲ့ပါဘူး။ အဲဒါေၾကာင့္မို႔လည္း ၁၉၆၂ တႀကိမ္ ၊ ၁၉၈၈ မွာလည္း အဲဒီ စစ္အာဏာရွင္ေတြရဲ႕ မတရားတဲ့ တပါတီစနစ္ အာဏာရွင္စနစ္ကို ဒို႔တေတြ တြန္းလွန္ခဲ့တာ အခုဆိုရင္ ဒီကေန႔ (၃၄)ႏွစ္ေျမာက္လာပါၿပီ။"

ဘရပ္ဆဲလ္ၿမိဳ႕ေတာ္က ျမန္မာ သံရံုးေရွ႕ ဆႏၵျပပြဲမွာေတာ့ ဥေရာပေရာက္ ျမန္မာ ၅၀ ေလာက္ တက္ေရာက္ခဲ႔ၾကေၾကာင္းလည္း စီစဥ္သူေတြက ေျပာပါတယ္။

လံုျခံဳေရး တင္းၾကပ္ထားတဲ႔ ရန္ကုန္ၿမိဳ႕မွာလည္း ဩဂုတ္လ ၈ ရက္ တနလၤာေန႔ က်ေရာက္တဲ့ ၃၄ ႏွစ္ေျမာက္ ၈၈၈၈ အေရးေတာ္ပုံ ႏွစ္ပတ္လည္ေန႔အျဖစ္ တက္ႂကြလႈပ္ရွားသူတခ်ိဳ႕ "မၿပီးဆုံးေသးတဲ့ ၈ ေလးလုံး လူထုလြတ္ေျမာက္ေရး တို႔ အတူ႐ုန္း" ဆိုတဲ့ စာတန္းကိုကိုင္ေဆာင္ၿပီး လွ်ပ္တျပက္ ဆႏၵျပၾကပါတယ္။ ဆူးေလနဲ႔ အင္းလ်ားကန္ေဘာင္နားမွာ နံပါတ္ ၈ ကဏန္းေရးထားတဲ့ ထီးအနက္ေရာင္ေဆာင္းၿပီး လူငယ္ေလးဦးက ၈၈၈၈ ႏွစ္ပတ္လည္ေန႔ကို ထီးသပိတ္အျဖစ္ လႈပ္ရွားခဲ့ပါတယ္။

၃၄ ႏွစ္ေျမာက္ ရွစ္ေလးလုံးႏွစ္ပတ္လည္ေန႔ မတိုင္ခင္ေလးမွာပဲ ထင္ရွားတဲ့ ရွစ္ဆယ့္ရွစ္မ်ိဳးဆက္ ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုဂ်င္မီအပါအဝင္ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူေတြကို စစ္ေကာင္စီဘက္က ေသဒဏ္ေပး ကြပ္မ်က္လိုက္တာေၾကာင့္ ႏိုင္ငံတကာက ေဝဖန္ရႈတ္ခ်ေနတဲ့အခ်ိန္ျဖစ္ပါတယ္။

ရန္ကုန္အေမရိကန္ သံ႐ုံးကေတာ့ ကိုဂ်င္မီအပါအဝင္ ဒီမိုကေရစီေရးအတြက္ လႈပ္ရွားရင္း အသက္ဆုံးပါးခဲ့သူေတြကို အမွတ္တရ ဂုဏ္ျပဳတဲအ့ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

.............................

၈ လေးလုံး အထိမ်းအမှတ် ဘယ်လ်ဂျီယံ မြန်မာသံရုံးရှေ့ဆန္ဒပြ

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ကို အစွဲပြုပြီး ၈ လေးလုံး ဒီမိုကရေစီရေး လှုပ်ရှားမှု ၃၄ နှစ်ပြည့် အထိမ်းအမှတ်ကို မြန်မာနိုင်ငံ အပါအဝင် ကမ ္ဘာတဝှမ်းနိုင်ငံတွေမှာ ကျင်းပနေကြရာမှာ တနလာၤနေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်က စစ်ကောင်စီသံရုံးရှေ့မှာလည်း စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံက မြန်မာတွေအပြင် နယ်သာလန်က မြန်မာတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြတာပါ။ နယ်သာလန် အခြေစိုက် ဆရာတော် ဒေါက်တာ အရှင်စန္ဒာဝရက ၈၈၈၈ လေးလုံး အထိမ်းအမှတ် မိန့်ခွန်းမှာတော့ ဒီမိုကရေစီရေး ရုန်းကန် လှုပ်ရှားမှုတွေကို အလေးထား မိန့်ကြားခဲ့ပါတယ်။

"စစ်တပ်ဟာ ပြည်သူ့ အပေါ် သစ္စာဖေါက်တယ်၊ နိုင်ငံအပေါ် သစ္စာဖေါက်ပြီး အာဏာကို သေနတ်ပြပြီး မတရား ယူထားတဲ့ ကိစ္စကို ဒို့ပြည်သူတွေဟာ ခေတ်အဆက်ဆက်မှာ ဘယ်သူ့မှ ခေါင်းငုံ့ မခံခဲ့ပါဘူး။ အဲဒါကြောင့်မို့လည်း ၁၉၆၂ တကြိမ် ၊ ၁၉၈၈ မှာလည်း အဲဒီ စစ်အာဏာရှင်တွေရဲ့ မတရားတဲ့ တပါတီစနစ် အာဏာရှင်စနစ်ကို ဒို့တတွေ တွန်းလှန်ခဲ့တာ အခုဆိုရင် ဒီကနေ့ (၃၄)နှစ်မြောက်လာပါပြီ။"

ဘရပ်ဆဲလ်မြို့တော်က မြန်မာ သံရုံးရှေ့ ဆန္ဒပြပွဲမှာတော့ ဥရောပရောက် မြန်မာ ၅၀ လောက် တက်ရောက်ခဲ့ကြကြောင်းလည်း စီစဉ်သူတွေက ပြောပါတယ်။

လုံခြုံရေး တင်းကြပ်ထားတဲ့ ရန်ကုန်မြို့မှာလည်း ဩဂုတ်လ ၈ ရက် တနင်္လာနေ့ ကျရောက်တဲ့ ၃၄ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ နှစ်ပတ်လည်နေ့အဖြစ် တက်ကြွလှုပ်ရှားသူတချို့ "မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး တို့ အတူရုန်း" ဆိုတဲ့ စာတန်းကိုကိုင်ဆောင်ပြီး လျှပ်တပြက် ဆန္ဒပြကြပါတယ်။ ဆူးလေနဲ့ အင်းလျားကန်ဘောင်နားမှာ နံပါတ် ၈ ကဏန်းရေးထားတဲ့ ထီးအနက်ရောင်ဆောင်းပြီး လူငယ်လေးဦးက ၈၈၈၈ နှစ်ပတ်လည်နေ့ကို ထီးသပိတ်အဖြစ် လှုပ်ရှားခဲ့ပါတယ်။

၃၄ နှစ်မြောက် ရှစ်လေးလုံးနှစ်ပတ်လည်နေ့ မတိုင်ခင်လေးမှာပဲ ထင်ရှားတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီအပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီဘက်က သေဒဏ်ပေး ကွပ်မျက်လိုက်တာကြောင့် နိုင်ငံတကာက ဝေဖန်ရှုတ်ချနေတဲ့အချိန်ဖြစ်ပါတယ်။

ရန်ကုန်အမေရိကန် သံရုံးကတော့ ကိုဂျင်မီအပါအဝင် ဒီမိုကရေစီရေးအတွက် လှုပ်ရှားရင်း အသက်ဆုံးပါးခဲ့သူတွေကို အမှတ်တရ ဂုဏ်ပြုတဲအ့ကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG