သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားရွေးကောက်ပွဲအချိန်ကာလ နယ်ခံမြန်မာတွေ သတိထားသင့်


မလေးရှားရွေးကောက်ပွဲအကြို
မလေးရှားရွေးကောက်ပွဲအကြို

မလေးရှားနိုင်ငံမှာမနက်ဖြန်မေလ ၉ရက်နေမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လက်ရှိအစိုးရကော အတိုက်အခံပါတီဘက်ကပါ အကြီးအကျယ် မဲဆွယ်မူတွေ လုပ်နေတဲ့အတွက် ရွေးကောက်ပွဲနေမှာ ရုန်းရင်းဆန်ခတ်မူတွေ ပြဿနာတွေရှိနိုင်တာမို့မြန်မာတွေ မထွက်ကြဖို့အတွက် မလေးရှားမှာရှိတဲ့ လူမူရေးလုပ်ဆောင်နေသူတွေက သတိပေးခဲ့ပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံကရွေးကောက်ပွဲမတိုင်မီပြီးခဲ့တဲ့ လတွေကစလို့မလေးရှားနိုင်ငံမှာမတည်ငြိမ်မူတွေရှိနေတာပါ။ မဲဆွယ်ပွဲလုပ်နေတဲ့ အချိန်မှာပဲ မလေးနိုင်ငံသား မှတ်ပုံတင်တွေကိုင်ဆောင်ပြီးတခြားနိုင်ငံက လာကြတဲ့သူတွေဆိုပြီး ကားပေါ်ကနေ ဆွဲချတာလုပ်တာတွေ လည်းလုပ်ခဲ့တာပါ။ ဒီအတွက် မလေးရှားရွေကောက်ပွဲဟာ ရုန်းရင်းဆန်ခတ်မူတွေဖြစ်လာမလားဆိုပြီး မလေးရှားရောက်မြန်မာတွေကလည်းစိုးရိမ်မူတွေရှိနေပါတယ်။

မလေးရှားနိုင်ငံမြန်မာသံရုံးကိုယ်စားပြုပြီး ဂျိုးဟိုးမြို့ထိန်းသိမ်းရေးစခန်းက မြန်မာတွေကိုအကူညီပေးနေတဲ့ စခန်းတာဝန်ခံ ကိုသီဟမောင်မောင်ကတော့ မေလ၉ရက်နေ့မှာလုပ်တဲ့ရွေးကောက်ပွဲမှာ မြန်မာတွေ အပြင်မထွက်ကြဖို့ အခုလိုပြောကြားခဲ့ပါတယ်။

"ကျနော်တို့ကတော့ ကိုယ်နဲ့ မဆိုင်တဲ့အတွက်ရွေးကောက်ပွဲမဲရုံ တို့မဲရုံအဖြစ်သတ်မှတ်ထားတဲ့နေရာတွေ အနီးတဝိုက်ကို မသွားရင် အကောင်းဆုံးပေါ့။ နောက်တခုက အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးထားတယ်။ တချို့စက်ရုံတွေ အလုပ်မပိတ်ရင်လည်း ဘယ်မှာမသွားပဲ ကိုယ်စက်ရုံမှာပဲ အလုပ်လုပ်ပြီးဘယ်မှာမသွားပဲ နေစေချင်တယ်။ အလုပ်ပိတ်ထားတယ်ဆိုရင်လည်းအိမ်မှာ ကိုယ့်ဖာသာကိုယ့်ချက်ပြုတ်စားသောက်ပြီး အိမ်မှာနေစေချင်တယ် အပြင်ထွက်လို့ရုန်းရင်းဆန်ခတ်ဖြစ်ရင် ကိုယ့်ပါရောပြီး ပြဿနာဖြစ်သွားနိုင်တယ်။"

မလေးရှားနိုင်ငံသားတွေကလည်း သူတိုရဲ့ရွေးကောက်ပွဲမှာ ဘင်္ဂလား မြန်မာ အင်ဒိုနီးရှားနိုင်ငံသားတွေ ဝင်ရောက်စွက်ဖက်တာမလုပ်ဖို့ အပြင်မထွက်ကြဖို့ကိုလည်း အိမ်ထဲမှာပဲနေကြဖို့သတိပေးမူတွေလုပ်ခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ ရွေကောက်ပွဲဝင်ဖို့အားပြိုင်နေကြတဲ့အင်အားစု၂စုအနေပါတီအလံတွေ အဝတ်အစားအရောင်တွေကအစ လိုက်မဝတ်ကြဖို့ကိုလည်းကိုသီဟမောင်မောင်ကပြောသွားပါတယ်။

" ကျနော်တို့ ဝတ်ထားတဲ့အဝတ်အစားတွေဆိုရင်လည်း ဖြစ်နိုင်ရင်အနီတို့အဝါတို့မဝတ်စေချင်ဘူး။ ဒီမှာက ရှပ်နီတို့ရှပ်ဝါတို့ရှိတယ် အနီဝတ်ရင် အနီအားပေးသလိုဖြစ်မယ် အဝါဝတ်လည်းအဝါအားပေးသလိုဖြစ်မယ် ပြီးတာ့ မသိနားမလည်ပဲ သူတို့အလံတွေကိုလည်း ကားပေါ်မှာ ချိတ်သွားတာတို့ဘာတို့ကိုင်သွားတာမျိုးတွေလည်း မလုပ်ဖို့ လိုတယ်"

မလေးရှားနိုင်ငံက အစိုးရတာဝန်ရှိသူတွေကတော့ ပြီးခဲ့တဲ့လတွေတုန်းက မြန်မာပြည်ရခိုင်အရေးနဲ့ ပတ်သက်လို့ဆန္ဒပြတာတွေ ဟောပြောတာတွေလုပ်ခဲ့တာမျိုးလည်း ရှိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ အဓိကရုန်းတွေဖြစ်တိုင်းမှာ မလေးရှားရောက်မြန်မာတွေတိုက်ခိုက်ခံရမူတွေလည်း ရှိခဲ့ပါတယ်။ ဒီအတွက် မလေးရှားရောက်နေကြတဲ့မြန်မာတွေအနေနဲ့ မလေးရှားရွေးကောက်ပွဲကာလအတွင်းမှာ အပြင်မထွက်ကြဖို့အတွက်လည်း နိုးဆော်နေကြတာလည်းဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာရှိတဲ့မြန်မာသံရုံးကတော့ရွေးကောက်ပွဲနေမှာမြန်မာတွေ အပြင်မထွက်ကြဖို့အတွက်တော့ တရားဝင်သတိပေးမူတွေမရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG