သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ မြေပြိုလို့ သေဆုံးရတဲ့ မြန်မာ ၄ ဦး


(သတင်းဓာတ်ပုံ - Fact Media)
(သတင်းဓာတ်ပုံ - Fact Media)

မလေးရှားနိုင်ငံ ပီနန်ကျွန်း GeorgeTown မြို့ရဲ့ ဆင်ခြေဖုံး Batu Feringghi လမ်းက အပန်းဖြေရိပ်သာတခုမှာ မြေထိန်းနံရံတည်ဆောက်နေတုန်း ဇွန်လ ၂၅ ရက်နေ့က မြေပြိုတာကြောင့် အဲဒီမှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသား လေး ဦး သေဆုံးသွားတယ်လို့ ဒေသခံရဲမှူး Che Awang က ပြောကြောင်း မလေးရှားအွန်လိုင်းသတင်းစာ The Star မှာ ဖေါ်ပြပါတယ်။

သေဆုံးသူတွေဟာ မောင်စံပြ ၃၈ နှစ်၊ နိုင်ကျော်ရင် ၄၉ နှစ်၊ မောင်ထွေး ၃၈ နှစ်နဲ့ ဦးအောင်ထွန်းအေး ၄၉ နှစ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ည ၉ နာရီကျော်တုန်းက အခုလို အဖြစ်ဆိုးနဲ့ ကြုံခဲ့ရပြီး အလောင်းတွေကို ပြန်လည်ရှာဖွေ့တွေ့ရှိချိန်မှာ စစ်ဆေးချက်တွေအရ သေဆုံးသွားတဲ့ မြန်မာ ၄ ဦးစလုံးဆီမှာ တရားဝင် စာရွက်စာတမ်းတွေ မရှိဘူးလို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။

ကနဦး စုံစမ်းစစ်ဆေးချက်အရ Batu Ferringhi လမ်းနဲ့ အပန်းဖြေရိပ်သာကြားမှာရှိတဲ့ တောင်ကုန်းတခုက ရေတိုက်စားပြိုလာနိုင်တဲ့ အနေအထားကြောင့် အပန်းဖြေရိပ်သာပိုင်ရှင်က ဦးအောင်ထွန်းအေးကို မြေထိန်းနံရံ ဆောက်ပေးဖို့ အလုပ်အပ်ခဲ့ကြောင်း ဦးအောင်ထွန်းအေးဟာ အဲဒီ အပန်းဖြေရိပ်သာမှာ အဆောက်အဦး ထိန်းသိမ်းရေး ဝန်ထမ်းအဖြစ် အလုပ်လုပ်နေတာ သုံး နှစ်လောက်ရှိခဲ့ပြီလို့ ဆိုပါတယ်။

မြေထိန်းနံရံ ဆောက်မယ့် အလုပ်အတွက် နောက်ထပ် မြန်မာမိတ်ဆွေ သုံး ဦးကို သူကငှားရမ်းခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူတွေရဲ့ အလောင်းကို သက်ဆိုင်ရာ မိသားစုဆီ ပြန်လည်အပ်နှံနိုင်ဖို့အတွက် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက လုပ်ဆောင်နေကြောင်း ပီနန်ကျွန်း လူမှုဖူလုံရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ Phee Boon Poh က ပြောပါတယ်။

မလေးရှားမှာ မြေပြိုလို့ သေဆုံးရတဲ့ မြန်မာ ၄ ဦး
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG