သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားရောက် တရားမဝင်မြန်မာတွေ သက်သက်သာသာ ပြည်တော်ပြန်နိုင်တော့မည်


မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်း မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့။ရက်စွဲ၊ ၂၀၁၆ခုနှစ်၊ သြဂုတ်လ ၃ ရက်
မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်း မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့။ရက်စွဲ၊ ၂၀၁၆ခုနှစ်၊ သြဂုတ်လ ၃ ရက်

မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားများနဲ့ နိုင်ငံခြားသား အလုပ်သမားတွေအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြစ်တဲ့ ဒဏ်ကြေးသက်သက်သာသာနဲ့ ပြည်တော်ပြန်နိုင်တဲ့ "Back For Good" (B4G) Program ဖြစ်တဲ့ 6 + 1 ဆိုတဲ့ အစီအစဉ်ကို မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၈ရက်နေ့က ထုတ်ပြန်လိုက်ပါတယ် ဒီအတွက် ၅လအတွင်းမှာ တရားမဝင် မြန်မာနိုင်ငံသားတွေဟာ ဒဏ်ကြေးသက်သာစွာနဲ့ ပြည်တော်ပြန်နိုင်မှာဖြစ်ပါတယ်။ မအေးမာက သတင်းပေးပို့ထားပါတယ် ။

မလေးရှားနိုင်ငံမှာ မြန်မာအပါအဝင် တရားမဝင်နေထိုင်နေတဲ့ သူတွေအနေနဲ့ ၅လအတွင်း ဒဏ်ကြေးသက်သာစွာနဲ့ နေရပ်ရင်းပြန်ကြဖို့ မလေးရှားပြည်တဲရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့မြန်မာသံရုံး ကိုယ်စားပြုပြီး မလေးရှားနိုင်ငံထိန်းသိမ်းရေး စခန်းတွေက မြန်မာတွေကို အကူညီပေးနေတဲ့ ကိုသီဟမောင်မောင်ကပြောပါတယ်။

"Back For Good ပေါ့နော်။ မြန်မာနိုင်ငံကိုယ့် မိခင်နိုင်ငံကို အကောင်းဆုံးပြန်တယ်ဆိုတဲ့အစီစဉ်ကို ထုတ်ပြန်တာပေါ့။ သူက 6+1 ဆိုတာက ဘာလဲဆိုတော့ ၆၀၀ က ဒဏ်ကြေး ၁၀၀က special Pass ပေါ့။ စုစုပေါင်း ၇၀၀ ဒဏ်ကြေးဆောင်ပြီး ပြန်ရမှာပေါ့နော်။ ၈လပိုင်း ၁ရက်နေ့က နေစလိုက်တယ်။ စပြီးတော့ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ပေးထားတယ်။ အချိန်ကြာမြင့်တဲ့ ကာလကို ၅လပဲ ပေးထားတယ်။

အခု ဘုရင်ကလည်း ၇ လပိုင်း ၃၀ ရက်နေ့ကို နန်းတက်မှာဆိုတော့ သူအချိန်ကိုက်လေး ဘုရင့်ရဲ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ သက်သက်သာသာ အစီစဉ်ကို စပေးလိုက်တယ်လို့ ကျနော်တို့က ယူဆတယ်။"

အရင်တုန်းကတော့ 3 + 1 အစီအစဉ် ဆိုတာနဲ့ ဒဏ်ကြေးသက်သာတဲ့ အစီစဉ်တွေ ရှိခဲ့ကြောင်း အခုအခါမှာတော့ 6+1 အစီစဉ်ဖြစ်တာမို့ဒဏ်ကြေးက အနည်းငယ်ပိုများသွားကြောင်း ဒါပေမဲ့ ပုံမှန်အခြေအနေမှာ ပေးရတဲ့ ဒဏ်ကြေးထက်စာရင်တော့ ဒီအစဉ်အရ မြန်မာတွေ အများအပြားပြန်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

"3 + 1 နဲ့ဆိုရင် ၃၀၀ လောက်ပိုများသွားတယ်။ ဒါလည်ဒဏ်ကြေး သက်သက်သာသာနဲ့ ပြန်လို့ရတာဆိုပြီး သတ်မှတ်ထားတာ အဲဒါမှ မဟုတ်ပဲဆိုရင် အမြင့်ဆုံးဒဏ်ကြေး ၃၂၀၀ နဲ့ ပြန်နေရတာ။ အဲဒါနဲ့ စာရင်အများကြီးသက်သာသွားတယ်လို့ ကျနော်တို့က ယူဆတယ်။"

အခုချိန်မှာတော့ မလေးရှားမှာ အဖမ်းအဆီးတွေ ဆက်တိုက်လုပ်လာပြီး အော်ပရာစီစစ်ဆင်ရေးတွေ ဆက်တိုက်လုပ်နေသလို့ အခုလို့ဒဏ်ကြေးပေးပြီး ပြန်ရတဲ့အစီစဉ်တွေကြောင့် နောက်ထပ်အဖမ်းအဆီးတွေ ခပ်စိတ်စိတ် လုပ်လာနိုင်တယ်လို့လည်း ကိုသီဟမောင်မောင်ကဆိုပါတယ်။

လက်ထဲမှာ နိုင်ငံကူးလက်မှတ် passport သက်တမ်းကျန်ရှိသော သူများအနေနဲ့ နီးစပ်တဲ့ လူဝင်မူကြီးကြပ်ရေးရုံးများမှာ ဒဏ်ကြေးပေးဆောင်ပြီးနေရပ် ပြန်နိုင်သလို့ နိုင်ငံကူးလက်မှတ် Passport မရှိသောသူများဟာ မှတ်ပုံတင်မူရင်းနဲ့ အိမ်ထောင်စုစာရင်းမိတ္တူများ ယူဆောင်ပြီး မြန်မာသံရုံးသို့သွားရောက်ပြီး CI မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား စာအုပ်ကို လျှောက်ထားရမှာဖြစ်ပါတယ်။

မြန်မာ အလုပ်သမားလူဝင်မူကြီးကြပ်ရေးနဲ့ ပြည်သူအင်အားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနရဲ့ စာရင်းအရ မလေးရှားမှာ တရားဝင်အလုပ်လုပ်နေကြတဲ့ အလုပ်သမားပေါင်း ၂ သိန်းကျော်ရှိပြီး တခြားနည်းလမ်းတွေနဲ့ မလေးရှားကိုရောက်သွားသူအားလုံးပေါင်းရင် မလေးရှားမှာ မြန်မာအလုပ်သမား ၅ သိန်း ထက်မနည်းရှိတယ် ခန့်မှန်းထားပါတယ်။ အဲဒီထဲမှာ တရားမဝင် နေထိုင် အလုပ်လုပ်နေကြသူကလည်း သိန်းနဲ့ချီ ရှိနေပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG