သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ အာဆီယံ အလွတ်သဘောဆက်ဆံမှု ခွင့်ပြုနိုင်ခြေ မလေးရှားဝန်ကြီးချုပ်ပြော


မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (ယာ) ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr (ဝဲ) တို့ကို အတူတွေ့ရစဉ် (ဇူလိုင် ၂၆၊ ၂၀၂၃)
မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (ယာ) ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr (ဝဲ) တို့ကို အတူတွေ့ရစဉ် (ဇူလိုင် ၂၆၊ ၂၀၂၃)

မြန်မာစစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ မလေးရှားနိုင်ငံက လူ့အခွင့်အရေး ကိစ္စကို ပစ်ပယ်တာမျိုးမဟုတ်ဘဲ စစ်ကောင်စီနဲ့ အာဆီယံနိုင်ငံတွေအကြား အလွတ်သဘော ဆက်ဆံတာမျိုးတွေ ခွင့်ပြုနိုင်ခြေ မလေးရှား ဝန်ကြီးချုပ်က ဒီနေ့ ပြောဆိုပါတယ်။ မလေးရှား ဝန်ကြီးချုပ် Anwar Ibrahim က ဖိလစ်ပိုင် သမ္မတ Ferdinand Marcos Jr နဲ့ ကွာလမ် လမ်ပူမှာ တွေ့ဆုံတဲ့အချိန် ဒီကိစ္စကို နှစ်နိုင်ငံအကြား သူဆွေးနွေးခဲ့တဲ့အကြောင်း ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုတာပါ။

အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီ အကြီးအကဲတွေကို ဖိတ်ကြားထားတာကို လက်မခံဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ ဖိတ်ကြားဖို့ မလးရှားအပါအဝင် အာဆီယံနိုင်ငံတွေက ဆုံးဖြတ်ထားပါတယ်။ ထိုင်းနိုင်ငံကတော့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲကို သီးခြား စီစဉ်ကျင်းပခဲ့ပါတယ်။

အခု မြန်မာနဲ့ အဖွဲ့ဝင်နိုင်ငံတွေအကြား အလွတ်သဘော ဆွေးနွေးဖို့ မလေးရှား ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်က လက်ရှိ အာဆီယံရဲ့ မူဝါဒကို ဘယ်လို ရိုက်ခတ်မယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အာဆီယံ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖေါ်ရေး ပိုပြီး ခိုင်မာအားကောင်းအောင် လုပ်ဆောင်တဲ့ တချိန်တည်းမှာ ရိုဟင်ဂျာလို လူနည်းစုတွေအပေါ် ပြုမှုတဲ့ လူ့အခွင့်အရေးကိစ္စတွေကို လျစ်လျုမရှုဘဲ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ချဉ်းကပ်မှု ပုံစံ ကျင့်သုံးဖို့ မလေးရှား ဝန်ကြီးချုပ်က ဖိလစ်ပိုင်သမ္မတနဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ စစ်ကောင်စီဘက်ကတော့ မလေးရှားဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ ချက်ခြင်းဆိုသလို တုံ့ပြန်ချက် ထွက်မလာသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG