သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး မလေးရှားနဲ့ တူရကီခေါင်းဆောင်တွေဆွေးနွေး


တူရကီသမ္မတ Recep Tayip Erdogan (ဝဲ) နဲ့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim တို့ မလေးရှားနိုင်ငံ ပူထရာဂျယာမြို့မှာ တွေ့ဆုံစဥ်။ (ဖေဖေါ်ဝါရီ ၁၁၊ ၂၀၂၅)
တူရကီသမ္မတ Recep Tayip Erdogan (ဝဲ) နဲ့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim တို့ မလေးရှားနိုင်ငံ ပူထရာဂျယာမြို့မှာ တွေ့ဆုံစဥ်။ (ဖေဖေါ်ဝါရီ ၁၁၊ ၂၀၂၅)

မလေးရှားနိုင်ငံကိုရောက်လာတဲ့ တူရကီသမ္မတ Recep Tayyip Erdogan နဲ့ တွေ့ဆုံရာမှာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့သာမက မြန်မာ့အရေးအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးချုပ် Anwar Ibrahim ကပြောလိုက်ပါတယ်။

“နိုင်ငံတကာ ဆက်ဆံရေးကိစ္စတွေနဲ့ပတ်သက်လို့ ရိုမေးနီးယားနဲ့ မြန်မာနိုင်ငံက အခြေအနေတွေအပေါ် စိုးရိမ်မှုတွေကို အပြန်အလှန်ပြောဆိုဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်တွေနဲ့ ကြိုးပမ်းမှုတွေကိုလည်း ဆွေးနွေးပါတယ်။ မြန်မာနိုင်ငံမှာရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တရားမျှတမှု ရရှိအောင်လည်း လုပ်နိုင်မှာပါ။ ဒါပေမဲ့ လတ်တလောမှာတော့ ဂါဇာဒေသ ပြန်လည်ထူထောင်ရေးနဲ့ ပါလက်စတိုင်းတွေ အရေးကလည်း ဦးစားပေး ဖြစ်နေပါတယ်။” လို့ မလေးရှားဝန်ကြီးချုပ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ။

ဂါဇာဒေသကို အကူအညီပေးရာမှာ တူရကီရဲ့ အခန်းကဏ္ဍကို မလေးရှားဝန်ကြီးချုပ်က ချီးကျူးပြောကြားခဲ့သလို မလေးရှားနိုင်ငံက တတ်အားသမျှ ပါဝင်ကူညီမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်လာတဲ့ မလေးရှားနိုင်ငံက မကြာသေးခင်ကလည်း ထိုင်းဝန်ကြီးချုပ် ဟောင်း Thaksin Shinawatra အပါအဝင် ဒေသတွင်းက နိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းခဲ့ပြီးနောက် ပေါ်ပေါက်နေတဲ့ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ အာဆီယံက ဘုံ သဘောတူညီချက်တွေ ချမှတ်ထားပေမဲ့ လိုက်နာဖို့ ပျက်ကွက်တယ်ဆိုပြီး စစ်ကောင်စီတာဝန်ရှိ သူတွေကို အာဆီယံအဆင့်မြင့် အစည်းအဝေးတွေမှာ လက်မခံဖို့လည်း ဆုံးဖြတ်ထားပါတယ်။

မြန်မာ့အရေး မလေးရှားနဲ့ တူရကီခေါင်းဆောင်တွေဆွေးနွေး
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG