အမေရိကန်သမ္မတ Donald Trump ရဲ့ မဲဆွယ်စည်းရုံးရေးမှူးဟောင်း Paul Manafort ကို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ထောင်ဒဏ် ၄ နှစ်နီးပါး ပြစ်ဒဏ်ချမှတ်ထားရာကနေ ဗုဒ္ဓဟူးနေ့မှာတော့ ယူကရိန်းနိုင်ငံက ရုရှားလိုလားတဲ့ နိုင်ငံရေးပါတီအတွက် အကျိုးဆောင်ပေးခဲ့မှုနဲ့ နောက်ထပ် ထောင်ဒဏ်ပြစ်ဒဏ် ၃ နှစ်ခွဲ ချမှတ်လိုက်ပါတယ်။
ဝါရှင်တန်က တရားရုံးကို ဘီးတပ်ကုလားထိုင်နဲ့ လာရောက်ခဲ့တဲ့ ကျန်းမာရေး မကောင်းတဲ့ Manfort က ခရိုင်တရားသူကြီး Amy Berman Jackson ကို သူ့ရဲ့ လုပ်ရပ်တွေအတွက် အရှက်ရမိကြောင်း တောင်းပန်ခဲ့ပြီး သူ့အမှုကို သက်ညှာစွာ စဉ်းစားပေးဖို့ ပန်ကြားခဲ့ပါတယ်။
ဒါပေမယ့် တရားသူကြီး Jackson က အမှားလုပ်ရပ်အတွက် လ ျစ်လ ျူမရှုနိုင်ကြောင်း အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ Manafort ကိုပြန်လည် ပြောကြား ခဲ့ပါတယ်။
Manafort ဟာ သက်သေတွေကို နှောက်ယှက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေ ကြားခဲ့ရပြီးတဲ့နောက်မှာ တရားသူကြီးက ပြီးခဲ့တဲ့ ဇွန်လတုန်းက နေအိမ်အကျယ်ချုပ် အချ ခံနေရတဲ့ Manafort ကို ထောင်ဒဏ် ၇၃ လချမှတ်ခဲ့တာပါ။
Manafort ကို ငွေကြေးဆိုင်ရာ ရာဇဝတ်မှုတွေနဲ့ ထောင်ဒဏ် ၄၇ လ ချထားတာလည်း ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ အခုလိုထပ်ပြီး ပြစ်ဒဏ်ချခဲ့တာကြောင့် ၂ ရပ်ပေါင်းအတွက် ထောင်ဒဏ် ၇ နှစ်ခွဲရှိနေပေမယ့် တရားရင်ဆိုင်နေရချိန် ၉ လကို ပြန်နှုတ်ပေးမှာဖြစ်ပါတယ်။