သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလးတကၠသိုလ္ ပါေမာကၡခ်ဳပ္ အၿငိမ္းစားေပးခံရ


Mandalay University Student Union.

(Zawgyi/unicode)

မႏၱေလးတကၠသုိလ္ စားေသာက္ဆုိင္တန္း တည္ေဆာက္တာနဲ႔ ပတ္သက္ၿပီး တင္ဒါမေခၚပဲ ရင္းႏွီးသူကို ေဆာက္လုပ္ခြင့္ ေပးခဲ့တဲ့ မႏၱေလးတကၠသုိလ္ ပါေမာကၡခ်ဳပ္ ကို ပညာေရးဝန္ႀကီးဌာနက ရာထူးေန အၿငိမ္းစား ေပးၿပီး အေရးယူလိုက္ပါတယ္။

ဒီလို အျပစ္ေပးအေရးယူ လိုက္တာအတြက္ ေက်နပ္ေပမယ့္ က်န္ အျပစ္က်ဴးလြန္သူေတြ ရွိေနေသးတယ္လို႔ သပိတ္ေမွာက္ေက်ာင္းသားေတြက ေျပာပါတယ္။အျပည့္အစံုကုိ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက ေျပာျပသြားမွာပါ။

မႏၱေလးတကၠသုိလ္ စားေသာက္ဆုိင္တန္း တည္ေဆာက္တာနဲ႔ပတ္သက္ၿပီး ႏိုင္ငံေတာ္သမၼတ ထုတ္ျပန္ထားတဲ့ အမိန္႔၊ ညႊန္ၾကားခ်က္ေတြကို လိုက္နာဖုိ႔ပ်က္ကြက္ခဲ့တဲ့ မႏၱေလးတကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာသီတာဝင္းကို ၂၀၂၀၊ ဇန္နဝါရီလ ၂၈ရက္ေန႔ နံနက္ပိုင္းကစၿပီး ပညာေရးဝန္ႀကီးဌာနက အၿငိမ္းစားေပးလိုက္ ပါတယ္။

ပါေမာကၡခ်ဳပ္ ေဒါက္တာသီတာဝင္းဟာ မႏၱေလးတကၠသုိလ္ဝင္းထဲ စားေသာက္ဆုိင္တန္း ေဆာက္လုပ္တာမွာ တင္ဒါမေခၚဘဲ သူနဲ႕ရင္းႏွီးတဲ့ လုပ္ငန္းရွင္ကို ေဆာက္လုပ္ခြင့္ေပးခဲ့တာေၾကာင့္ ေက်ာင္းသားသမဂၢက ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလ ၂ရက္ေန႔ကတည္းက ဆႏၵျပခဲ့ၾကၿပီး သူ႔ကိုရာထူးကေန ယာယီရပ္ဆုိင္းေပးဖုိ႔ ေတာင္းဆုိလာၾကတာပါ။

အဲဒီလို စတင္ဆႏၵျပလာခဲ့ရာကေန ဒီကိစၥကို စံုစမ္းဖုိ႔ ပညာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဝင္းေမာ္ထြန္းဦးေဆာင္တဲ့ ဌာနဆုိင္ရာ စစ္ေဆးေရးအဖြဲ႕ကိုလည္း ဖြဲ႕စည္းခဲ့ေပမယ့္ ေလးလေက်ာ္ၾကာလာတဲ့အထိ အၿပီးသတ္ ဆံုးျဖတ္ခ်က္ရလဒ္ကုိ မထုတ္ျပန္ခဲ့တာေၾကာင့္ မႏၱေလးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢက အခုႏွစ္ ႏွစ္စပိုင္းမွာ ဒုတိယတႀကိမ္ သပိတ္ျပန္လည္ စတင္ခဲ့ၾကတာပါ။

ပညာေရး ႏွီးေႏွာဖလွယ္ပဲြမွာ ေဒၚေအာင္ဆန္းစုၾကည္ ဆႏၵျပခံရတဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

အဲဒီလို ေက်ာင္းသားထုနဲ႔ ေက်ာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ေတြၾကား အေျခအေနတင္းမာေနခ်ိန္မွာပဲ ပါေမာကၡခ်ဳပ္ေဒါက္တာ သီတာဝင္းကို ရာထူးကေန အၿငိမ္းစားေပးလိုက္တာဟာ ဝန္ထမ္းဥပေဒနဲ႔အညီ အေရးယူတာျဖစ္ၿပီး အဲဒီအေပၚကို ေက်နပ္မႈရွိတယ္လို႔ မႏၱေလးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢဥကၠ႒ မယမင္းသူက ေျပာပါတယ္။

“အၿငိမ္းစားေပးလိုက္တယ္ ဆိုတာသည္လည္း ျပင္းထန္တဲ့အေရးယူမႈလို႔ ညီမတို႔အေနနဲ႔ ျမင္တယ္ရွင့္။ သူက ဒုတိယအျပင္းထန္ဆံုးလို႔ ေျပာရမွာေပါ့။ ရာထူးထုတ္ပယ္တာသည္ ပထမအျပင္းထန္ဆံုးေပါ့ေနာ္ ဝန္ထမ္းကိုအေရးယူမယ္ ဆုိလို႔ရွိရင္။ ဥပေဒေၾကာင္းအရသြားမယ္ ဆုိလို႔ရွိရင္ေတာ့ process ကရွည္လ်ားတယ္။ ဒါကေတာ့ ညီမတို႔အေနနဲ႔ ေက်နပ္ေလာက္တဲ့ အေရးယူမႈလို႔ေတာ့ ေျပလုိ႔ရတယ္။”

အဆင့္ျမင့္ပညာဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသိန္းဝင္းနဲ႔အတူ တကၠသိုလ္ပါခ်ဳပ္ သံုးဦးတို႔ဟာ ဒီကေန႔မွာ သပိတ္ေမွာက္ေက်ာင္းသားေတြနဲ႔ ေတြ႕ဆံုခဲ့ပါတယ္။ ပါေမာကၡခ်ဳပ္ကို အေရးယူခဲ့ေပမယ့္ အခုခြင့္ျပဳေပးလုိက္တဲ့ စားေသာက္ဆုိင္တန္းကိစၥမွာ ပါေမာကၡခ်ဳပ္အျပင္ စီမံဘ႑ာဌာနမွဴးလည္း ပါေနတာေၾကာင့္ က်န္ရွိေနသူအေပၚ အေရးယူေပးဖုိ႔ကိုလည္း သပိတ္ေမွာက္ေက်ာင္းသားေတြက ေျပာပါတယ္။

“ပါေမာကၡခ်ဳပ္ရယ္ ၊ စီမံဘ႑ာဌာနမွဴးရယ္က အဓိကလူမုိ႔လို႔ ပါေမာကၡခ်ဳပ္ကိုေတာ့ အေရးယူလိုက္ၿပီ။ ေဒၚသန္းေအး (စီမံဘ႑ာဌာနမွဴး) ကိုက်ေတာ့ အေရးယူဖုိ႔အတြက္ ၂၈ရက္ ၂လပုိင္းမွာ ထုတ္ျပန္ေပးမယ္ေျပာတယ္။”

ေက်ာင္းအုပ္ခ်ဳပ္ေရးတာဝန္ရွိသူေတြဘက္ကေတာ့ စီမံဘ႑ာေရးမွဴးကို ဘယ္လို အေရးယူ ဖို႔ လုပ္ေဆာင္မယ္ဆုိတာကိုေနာက္လ ၂၈ရက္ေန႔ ေနာက္ဆံုးထားၿပီး ထုတ္ျပန္ေၾကညာသြားမယ္လို႔ ေက်ာင္းသားေတြနဲ႔ေတြ႕ဆံုခ်ိန္မွာ ေျပာဆိုခဲ့ပါတယ္။ ဒါ့အျပင္ ေဆာက္လုပ္ၿပီးစီးေနၿပီျဖစ္တဲ့ စားေသာက္ဆုိင္တန္းနဲ႔ ပတ္သက္ၿပီးေတာ့လည္း ဘယ္လိုဆက္လုပ္မယ္ဆုိတာကို ေကာ္မတီဖြဲ ႕ ေဆာင္ရြက္သြားမယ္လို႔ ေျပာပါတယ္။

ေက်ာင္းသားသပိတ္ကေတာ့ ဆက္ရွိေနဆဲျဖစ္ၿပီး မနက္ျဖန္မွာျပဳလုပ္မယ့္ ေက်ာင္းသားထု အစည္းအေဝးမွာ ဒီသပိတ္ဆက္ရွိသင့္ မရွိသင့္ကို ဆံုးျဖတ္သြားမယ္လို႔ မယမင္းသူကေျပာပါတယ္။

“ညီမတုိ႔က သပိတ္မေမွာက္ခင္ကတည္းက ေက်ာင္းသားထုအစည္းအေဝး ေခၚၿပီးမွ ေက်ာင္းသားထု ဆံုးျဖတ္ခ်က္အရ သပိတ္ေမွာက္တယ္။ အဲေတာ့ သပိတ္ျပန္ၿပီးေတာ့ လွန္သင့္ မလွန္သင့္ကို ဆံုးျဖတ္ရ မွာလည္း ေက်ာင္းသားထုအစည္းအေဝးမွာပဲ ဆံုးျဖတ္သြာမွာရွင့္။”

အၿငိမ္းစားေပးလိုက္တဲ့ ပါေမာကၡခ်ဳပ္ ေဒါက္တာသီတာဝင္းရဲ႕ ေနရာမွာ ဒုတိယပါေမာကၡခ်ဳပ္ ေဒါက္တာတင္ထြန္းေအာင္က ယာယီတာဝန္ယူထားပါတယ္။

“ပါေမာကၡခ်ဳပ္ေနရာမွာ ေလာေလာဆယ္ ရွိေနတဲ့လုပ္ငန္းေတြကုိ ေဆာင္ရြက္ဖို႔ေတာ့ က်ေနာ္ ဆက္လက္ ေဆာင္ရြက္ ေပးေနပါတယ္ေပါ့ေနာ္။”

အခ်ိန္ငါးလနီးပါးၾကာခဲ့တဲ့ မႏၱေလးတကၠသုိလ္ ေက်ာင္းသားသပိတ္ကေန အျပစ္ရွိသူတဦး အျပစ္ဒဏ္ အခ်ခံခဲ့ရ ေပမယ့္ အဲဒီစားေသာက္ဆုိင္တန္းနဲ႔ ပတ္သက္ၿပီးဖြဲ႕စည္းထားတဲ့ ဌာနဆိုင္ရာ စစ္ေဆးေရးအဖြဲ႕ ရဲ့ စံုစမ္းမႈရလဒ္ေတြကုိ ပြင့္လင္းျမင္သာမႈရွိရွိ ထုတ္ျပန္ ေပးဖုိ႔လည္း ေက်ာင္းသားေတြက လိုလားေနၾက တာပါ။

တိုက္႐ိုက္ လင့္ခ္


.......................

မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် အငြိမ်းစားပေးခံရ

(unicode)

မန္တလေးတက္ကသိုလ် စားသောက်ဆိုင်တန်း တည်ဆောက်တာနဲ့ ပတ်သက်ပြီး တင်ဒါမခေါ်ပဲ ရင်းနှီးသူကို ဆောက်လုပ်ခွင့် ပေးခဲ့တဲ့ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ကို ပညာရေးဝန်ကြီးဌာနက ရာထူးနေ အငြိမ်းစား ပေးပြီး အရေးယူလိုက်ပါတယ်။ ဒီလို အပြစ်ပေးအရေးယူ လိုက်တာအတွက် ကျေနပ်ပေမယ့် ကျန် အပြစ်ကျူးလွန်သူတွေ ရှိနေသေးတယ်လို့ သပိတ်မှောက်ကျောင်းသားတွေက ပြောပါတယ်။အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြသွားမှာပါ။

မန္တလေးတက္ကသိုလ် စားသောက်ဆိုင်တန်း တည်ဆောက်တာနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်တွေကို လိုက်နာဖို့ပျက်ကွက်ခဲ့တဲ့ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းကို ၂၀၂၀၊ ဇန်နဝါရီလ ၂၈ရက်နေ့ နံနက်ပိုင်းကစပြီး ပညာရေးဝန်ကြီးဌာနက အငြိမ်းစားပေးလိုက် ပါတယ်။

ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းဟာ မန္တလေးတက္ကသိုလ်ဝင်းထဲ စားသောက်ဆိုင်တန်း ဆောက်လုပ်တာမှာ တင်ဒါမခေါ်ဘဲ သူနဲ့ရင်းနှီးတဲ့ လုပ်ငန်းရှင်ကို ဆောက်လုပ်ခွင့်ပေးခဲ့တာကြောင့် ကျောင်းသားသမဂ္ဂက ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၂ရက်နေ့ကတည်းက ဆန္ဒပြခဲ့ကြပြီး သူ့ကိုရာထူးကနေ ယာယီရပ်ဆိုင်းပေးဖို့ တောင်းဆိုလာကြတာပါ။

ပညာရေး နှီးနှောဖလှယ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြခံရတဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

အဲဒီလို စတင်ဆန္ဒပြလာခဲ့ရာကနေ ဒီကိစ္စကို စုံစမ်းဖို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းဦးဆောင်တဲ့ ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပေမယ့် လေးလကျော်ကြာလာတဲ့အထိ အပြီးသတ် ဆုံးဖြတ်ချက်ရလဒ်ကို မထုတ်ပြန်ခဲ့တာကြောင့် မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက အခုနှစ် နှစ်စပိုင်းမှာ ဒုတိယတကြိမ် သပိတ်ပြန်လည် စတင်ခဲ့ကြတာပါ။

အဲဒီလို ကျောင်းသားထုနဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကြား အခြေအနေတင်းမာနေချိန်မှာပဲ ပါမောက္ခချုပ်ဒေါက်တာ သီတာဝင်းကို ရာထူးကနေ အငြိမ်းစားပေးလိုက်တာဟာ ဝန်ထမ်းဥပဒေနဲ့အညီ အရေးယူတာဖြစ်ပြီး အဲဒီအပေါ်ကို ကျေနပ်မှုရှိတယ်လို့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ မယမင်းသူက ပြောပါတယ်။

“အငြိမ်းစားပေးလိုက်တယ် ဆိုတာသည်လည်း ပြင်းထန်တဲ့အရေးယူမှုလို့ ညီမတို့အနေနဲ့ မြင်တယ်ရှင့်။ သူက ဒုတိယအပြင်းထန်ဆုံးလို့ ပြောရမှာပေါ့။ ရာထူးထုတ်ပယ်တာသည် ပထမအပြင်းထန်ဆုံးပေါ့နော် ဝန်ထမ်းကိုအရေးယူမယ် ဆိုလို့ရှိရင်။ ဥပဒေကြောင်းအရသွားမယ် ဆိုလို့ရှိရင်တော့ process ကရှည်လျားတယ်။ ဒါကတော့ ညီမတို့အနေနဲ့ ကျေနပ်လောက်တဲ့ အရေးယူမှုလို့တော့ ပြေလို့ရတယ်။”

အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနဲ့အတူ တက္ကသိုလ်ပါချုပ် သုံးဦးတို့ဟာ ဒီကနေ့မှာ သပိတ်မှောက်ကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပါမောက္ခချုပ်ကို အရေးယူခဲ့ပေမယ့် အခုခွင့်ပြုပေးလိုက်တဲ့ စားသောက်ဆိုင်တန်းကိစ္စမှာ ပါမောက္ခချုပ်အပြင် စီမံဘဏ္ဍာဌာနမှူးလည်း ပါနေတာကြောင့် ကျန်ရှိနေသူအပေါ် အရေးယူပေးဖို့ကိုလည်း သပိတ်မှောက်ကျောင်းသားတွေက ပြောပါတယ်။

“ပါမောက္ခချုပ်ရယ် ၊ စီမံဘဏ္ဍာဌာနမှူးရယ်က အဓိကလူမို့လို့ ပါမောက္ခချုပ်ကိုတော့ အရေးယူလိုက်ပြီ။ ဒေါ်သန်းအေး (စီမံဘဏ္ဍာဌာနမှူး) ကိုကျတော့ အရေးယူဖို့အတွက် ၂၈ရက် ၂လပိုင်းမှာ ထုတ်ပြန်ပေးမယ်ပြောတယ်။”

ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူတွေဘက်ကတော့ စီမံဘဏ္ဍာရေးမှူးကို ဘယ်လို အရေးယူ ဖို့ လုပ်ဆောင်မယ်ဆိုတာကိုနောက်လ ၂၈ရက်နေ့ နောက်ဆုံးထားပြီး ထုတ်ပြန်ကြေညာသွားမယ်လို့ ကျောင်းသားတွေနဲ့တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဆောက်လုပ်ပြီးစီးနေပြီဖြစ်တဲ့ စားသောက်ဆိုင်တန်းနဲ့ ပတ်သက်ပြီးတော့လည်း ဘယ်လိုဆက်လုပ်မယ်ဆိုတာကို ကော်မတီဖွဲ့ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ကျောင်းသားသပိတ်ကတော့ ဆက်ရှိနေဆဲဖြစ်ပြီး မနက်ဖြန်မှာပြုလုပ်မယ့် ကျောင်းသားထု အစည်းအဝေးမှာ ဒီသပိတ်ဆက်ရှိသင့် မရှိသင့်ကို ဆုံးဖြတ်သွားမယ်လို့ မယမင်းသူကပြောပါတယ်။

“ညီမတို့က သပိတ်မမှောက်ခင်ကတည်းက ကျောင်းသားထုအစည်းအဝေး ခေါ်ပြီးမှ ကျောင်းသားထု ဆုံးဖြတ်ချက်အရ သပိတ်မှောက်တယ်။ အဲတော့ သပိတ်ပြန်ပြီးတော့ လှန်သင့် မလှန်သင့်ကို ဆုံးဖြတ်ရ မှာလည်း ကျောင်းသားထုအစည်းအဝေးမှာပဲ ဆုံးဖြတ်သွာမှာရှင့်။”

အငြိမ်းစားပေးလိုက်တဲ့ ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းရဲ့ နေရာမှာ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ယာယီတာဝန်ယူထားပါတယ်။

“ပါမောက္ခချုပ်နေရာမှာ လောလောဆယ် ရှိနေတဲ့လုပ်ငန်းတွေကို ဆောင်ရွက်ဖို့တော့ ကျနော် ဆက်လက် ဆောင်ရွက် ပေးနေပါတယ်ပေါ့နော်။”

အချိန်ငါးလနီးပါးကြာခဲ့တဲ့ မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ်ကနေ အပြစ်ရှိသူတဦး အပြစ်ဒဏ် အချခံခဲ့ရ ပေမယ့် အဲဒီစားသောက်ဆိုင်တန်းနဲ့ ပတ်သက်ပြီးဖွဲ့စည်းထားတဲ့ ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့ ရဲ့ စုံစမ်းမှုရလဒ်တွေကို ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန် ပေးဖို့လည်း ကျောင်းသားတွေက လိုလားနေကြ တာပါ။

XS
SM
MD
LG