သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္တကၠသိုလ္ ရာျပည့္အစီအစဥ္မ်ား စတင္


ရန္ကုန္တကၠသိုလ္ ရာျပည့္အခမ္းအနား (ဓါတ္ပံု- ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း Facebook)

(Zawgyi/Unicode)

ရန္ကုန္တကၠသိုလ္ကို ကိုယ္ပိုင္စီမံခန္႔ခြဲခြင့္ရတဲ့ အဆင့္ျမင့္တကၠသိုလ္ျဖစ္ေစဖို႔ ေဆာင္ရြက္ေပးမယ္လို႔ ႏိုင္ငံေတာ္ထိပ္တန္း ေခါင္းေဆာင္ေတြက ရန္ကုန္တကၠသိုလ္ ႏွစ္၁၀၀ျပည့္ ရာျပည့္အခမ္းနားမွာ ေျပာဆိုလုိက္ပါတယ္။

ျမန္မာ့ပညာေရးစနစ္ အဆင့္အတန္းျမင့္ဖို႔အပါအဝင္ ရန္ကုန္တကၠသိုလ္ၾကီး ဖြံ႔ၿဖိဳးတုိးတက္ေစေရး မ်ိဳးဆက္သစ္ မ်ိဳးဆက္ေဟာင္း ေက်ာင္းသားေတြနဲ႔ ညိွႏိႈင္း တိုင္ပင္ေဆာင္ရြက္္သင့္တယ္လို႔လည္း သမဂၢေက်ာင္းသားတခ်ိဳ႕ကေထာက္ျပပါတယ္။ ဒီကေန႔ စတင္ဖြင့္လွစ္တဲ့ ရန္ကုန္တကၠသိုလ္ရာျပည့္ အခမ္းအနားအေၾကာင္း မဆုမြန္ စုစည္းတင္ျပထားပါတယ္။

ႏွစ္တရာျပည့္ ရန္ကုန္တကၠသိုလ္ဟာ အေရွ႕ေတာင္အာရွမွာ ထိပ္တန္းအဆင့္မွာရပ္တည္ႏုိင္ခဲ့ၿပီး ျမန္မာႏုိင္ငံအတြက္ ပညာတတ္လူငယ္မ်ားစြာ ေမြးထုတ္ေပးႏိုင္ခဲ့တဲ့ ရန္ကုန္တကၠသိုလ္ အဆင့္ျမင့္တိုးတက္ေစေရး ပညာေရးစီမံကိန္းေတြနဲ႔ ေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ ရန္ကုန္တကၠသိုလ္ေက်ာင္းသားေဟာင္း တဦးလည္းျဖစ္တဲ့ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒ မန္းဝင္းခိုင္သန္းက ရန္ကုန္တကၠသိုလ္ရာျပည့္အခမ္းအနားမွာ အခုလိုေျပာဆိုခဲ့ပါတယ္။

“ရန္ကုန္တကၠသိုလ္ဟာ အေရွ႕ေတာင္အာရွမွာ ပညာေရးအဆင့္အတန္းအားျဖင့္ အေကာင္းဆံုးျဖစ္ခဲ့ၿပီး အာရွအဆင့္မွာ ထိပ္တန္းက ရပ္တည္ႏိုင္ခဲ့ေၾကာင္း ၊ ရန္ကုန္တကၠသိုလ္ဟာ အေရွ႕ေတာင္အာရွႏိုင္ငံေတြက ေက်ာင္းသားေက်ာင္းသူေတြ လာေရာက္ပညာ ဆည္းပူးရာ တကၠသိုလ္ ျဖစ္ခဲ့ပါတယ္။ ရန္ကုန္တကၠသိုလ္ရဲ႕ ရာျပည့္အခါ သာမညမွာ ဒီလိုအေျခအေနေကာင္းေတြကို ျပန္လည္ရရွိႏိုင္ဖို႔ ႏိုင္ငံတကာ အဆင့္ျမင့္ တကၠသိုလ္ႀကီးအျဖစ္ ျဖစ္ထြန္းလာေစဖုိ႔အတြက္ မဟာစီမံကိန္း Master plan ကို ခ်မွတ္ထားၿပီး ျဖစ္ပါတယ္။ ရန္ကုန္တကၠသိုလ္ ေက်ာင္းသူေက်ာင္းသားေဟာင္းႀကီးေတြ မိ်ဳးဆက္သစ္ ေက်ာင္းသားေက်ာင္းသူေတြ ၊ ဆရာဆရာမေတြနဲ႔ မိဘျပည္သူ တရပ္လံုးက အမ်ိဳးသားေရး တာ၀န္တရပ္အေနနဲ႔ တက္ညီ လက္ညီ အင္တိုက္အားတိုက္ ၀ိုင္း၀န္း ပူးေပါင္းေဆာင္ရြက္ေပးၾကပါလို႔ တိုက္တြန္းႏိႈးေဆာ္ရင္း နိဂုံးခ်ဳပ္အပ္ပါတယ္။”

၁၉၂၀ျပည့္ႏွစ္ ဒီဇင္ဘာက စတင္ခဲ့တဲ့ ရန္ကုန္တကၠသိုလ္ၾကီးရဲ႕ ႏွစ္ ၁၀၀ျပည့္ ရာျပည့္အၾကိဳအခမ္းအနားကို ဒီကေန႔ ၂၀၁၉ခုႏွစ္ ဒီဇင္ဘာလ ၁ရက္ေန႔ ရန္ကုန္တကၠသိုလ္မွာ က်င္းပခဲ့ၿပီး ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တုိင္ တက္ေရာက္ဖြင့္လွစ္ေပးခဲ့ပါတယ္။

သမုိင္းအစဥ္အလာၾကီးမားတဲ့ ရန္ကုန္တကၠသိုလ္ၾကီးရဲ႕ ႏွစ္ ၁၀၀ျပည့္အခမ္းအနားမွာ အႏွစ္သာရနဲ႔ျပည့္ဝတဲ့ ျမန္မာ့ပညာေရးအဆင့္အတန္း ျမင့္မားေစေရးနဲ႔ ေက်ာင္းသားထု ေတာင္းဆိုေနတဲ့ ေက်ာင္းသားတို႔အခြင့္အေရးရရွိစေရး ႏိုင္ငံ့ေခါင္းေဆာင္ေတြ၊ ေက်ာင္းအုပ္ခ်ဳပ္သူေတြနဲ႔ မ်ိဳးဆက္သစ္ မ်ိဳးဆက္ေဟာင္း ေက်ာင္းသားလူငယ္ေတြ ပူးေပါင္းေဆြးေႏြးအေျဖရွာၾကသင့္တယ္လို႔လည္း ျမန္မာ့ႏုိင္ငံေရးအကဲခတ္ ေဒါက္တာရန္မ်ိဳးသိမ္းက သံုးသပ္ပါတယ္။

“ရန္ကုန္တကၠသိုလ္ရာျပည့္အခမ္းအနားမွာ ရန္ကုန္တကၠသိုလ္မွာ အဆက္ဆက္ေပ့ါေလ ေက်ာင္းသားလႈပ္ရွားမႈမွာ ပါ၀င္ခဲ့တဲ့ ေက်ာင္းသားေဟာင္းေတြ ေခတ္အဆက္ဆက္ေပါ့ေလ ၊ နယ္ပယ္အသီးသီးမွာ ပါ၀င္ခဲ့တဲ့ ေက်ာင္းသားေက်ာင္းသူေဟာင္းေတြ အားလံုးပါ၀င္ေအာင္ စုစည္းႏိုင္ဖို႔ လိုအပ္တယ္လို႔ ျမင္တယ္။ အဲဒီလို မစုစည္းႏိုင္ဘူးဆိုရင္ ရန္ကုန္တကၠသိုလ္ ရာျပည့္အခမ္းအနားဟာ မဆလေခတ္၊ န၀တ ေခတ္ ၊ နအဖ ေခတ္ ေတြမွာ လုပ္ခဲ့တဲ့ အခမ္းအနားတခုလိုပဲ ျဖစ္လိမ့္မယ္လို႔ က်ေနာ္ကေတာ့ ျမင္ပါတယ္။ က်ေနာ္တို႔ ရန္ကုန္တကၠသိုလ္ အပါအ၀င္ တကၠသိုလ္အားလံုးရဲ႕ ပညာေရးအဆင့္အတန္းကို ဘယ္လို ျမင့္မားေအာင္ လုပ္ႏိုင္မလဲ အဲဒီလို ျမင့္မားေအာင္လုပ္ႏိုင္ဖို႔အတြက္ ဘယ္လိုပူးေပါင္းေဆာင္ရြက္ႏိုင္မလဲ အႀကိတ္အနယ္ေပါ့ေလ၊ ညိွႏိႈင္းေဆြးေႏြးအေျဖရွာတာမ်ိဳးေတြကို ရန္ကုန္တကၠသိုလ္ရာျပည့္ကာလမွာ လုပ္ႏိုင္မယ္ဆိုရင္ ဒီအသီးအပြင့္ကို က်ေနာ္တို႔ရဲ႕ သားသမီးေတြ၊ က်ေနာ္တို႔ ေျမးျမစ္ေတြ ခံစားရႏိုင္လိမ့္မယ္လုိ႔ အဲလိုသံုးသပ္ပါတယ္။”

ရန္ကုန္တကၠသိုလ္ရာျပည့္အခမ္းအနားမွာ ေခတ္အဆက္ဆက္ သပိတ္ေက်ာင္းသားေတြရဲ႕ သမိုင္းဝင္လႈပ္ရွားမႈေတြ ပညာေရးေတာင္းဆိုမႈေတြ ႏုိင္ငံရဲ႕အေရးၾကီးတဲ့အခန္းက႑မွာပါဝင္ႏိုင္ခဲ့တဲ့ ႏုိင္ငံ့ေခါင္းေဆာင္ေတြရဲ႕ ေက်ာင္းသားလႈပ္ရွားမႈ ရန္ကုန္တကၠသိုလ္ရဲ႕ ၾကီးျမတ္တဲ့သမိုင္းေၾကာင္း ေခတ္အဆက္ဆက္ေတြကို ျပသထားပါတယ္။ ဒါေတြကို မ်ိဳးဆက္သစ္ေက်ာင္းသားလူငယ္ေတြ သိရွိႏိုင္ေအာင္ အဓိကထား ေဆာင္ရြက္သင့္ေၾကာင္းလည္း ရန္ကုန္အေရွ႕ပိုင္း တကၠသိုလ္ေက်ာင္းသားမ်ား သမဂၢ အလုပ္အမႈေဆာင္ ဗကသေက်ာင္းသားေခါင္းေဆာင္ ကိုမင္းေသြးသစ္က ရာျပည့္အခမ္းအနားအေပၚ အၾကံျပဳပါတယ္။

“ရာျပည့္အခမ္းအနားကို ေပ်ာ္ပြဲရႊင္ပြဲေတြထက္စာရင္ တကၠသိုလ္ရဲ႕ သမိုင္းေက်ာင္းနဲ႔ ဒီ တကၠသိုလ္မွာရွိတ့ဲ အမွတ္တရအျဖစ္အပ်က္ေတြ ၊ ေနာက္ ဒီ တကၠသိုလ္က ထြက္လာတဲ့ ပုဂၢိဳလ္ေတြ ကမာၻ (သို႔မဟုတ္) ျမန္မာကို ဦးေဆာင္ႏိုင္ခဲ့တဲ့ ပုဂၢိဳလ္္ေတြ။ ေနာက္ သူ႔နယ္ပယ္အသီးသီးမွာထြန္းေပါက္ခဲ့တဲ့ ပညာရွင္ေတြ သူတို႔ေတြရဲ႕ သမိုင္းေတြ အဲဒါေတြကို မ်ိဳးဆက္သစ္ေက်ာင္းသားေတြရဲ႕ လက္ထဲကို က်ေနာ္တို႔က ေရာက္ေအာင္ ထည့္ေပးႏိုင္မွသာရန္ကုန္တကၠသိုလ္က ဘယ္ေလာက္အထိ တန္ဖိုးရွိတယ္ ၊ က်ေနာ္တို႔ ႏိုင္ငံနဲ႔ က်ေနာ္တို႔ မိ်ဳးဆက္ေတြအေပၚမွာ ဘယ္ေလာက္အထိ ေက်းဇူးတရားရွိတယ္ဆိုတာကို က်ေနာ္တို႔က တန္ဖိုးထားတတ္မွာပါ။ အဲလိုမွ မဟုတ္ပဲနဲ႔ ႏိုင္ငံရဲ႕ ေခါင္းေဆာင္ေတြ ၊ ပုဂၢိဳလ္ေတြ လာၿပီး စကားေျပာၿပီးေတာ့ အခမ္းအနားၿပီးသြားတာ ဆိုတာမ်ိဳးကေတာ့ က်ေနာ္တို႔ လက္ရွိမ်ိဳးဆက္ေတြက တန္ဖိုးထားမႈအပိုင္းက ရွိမွာမဟုတ္ဘူး ေလ်ာ့နည္းေနမွာပဲ။"

ရန္ကုန္တကၠသိုလ္ရာျပည့္အခမ္းအနားကို ၂၀၁၉ခုႏွစ္ ဒီဇင္ဘာလ ၁ရက္ေန႔ကေန ႏွစ္၁၀၀ျပည့္ တဲ့ ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာ ၁ရက္ေန႔အထိ တႏွစ္ပတ္လံုး တကၠသိုလ္ရာျပည့္ အခမ္းအနားေတြ က်င္းပမွာျဖစ္ပါတယ္။ ရန္ကုန္တကၠသိုလ္ အင္းလ်ားေဆာင္ မွာ ရာျပည့္ အၾကိဳ အင္းလ်ားေဆာင္ဓာတ္ပံုျပပြဲက်င္းပသလို ရန္ကုန္တကၠသိုလ္စာၾကည့္တုိက္နဲ႔ ျမန္မာႏုိင္ငံ စာေပထုတ္ေဝသူနဲ႔ျဖန္႔ခ်ီသူမ်ားအသင္းတို ႔ပူးေပါင္းၿပီးလည္း ဒီဇင္ဘာလ ၅ရက္ကေနစလို႔ ရန္ကုန္တကၠသိုလ္ အဓိပတိလမ္း၊ သစ္ပုတ္ပင္တဝိုက္နဲ႔ ရန္ကုန္တကၠသိုလ္ စာၾကည့္တုိက္ ေရွ႕မွာ ရာျပည့္အႀကိဳ စာအုပ္ပြဲေတာ္က်င္းပမွာျဖစ္ပါတယ္။

ရန္ကုန္တကၠသိုလ္ ရာျပည့္အစီအစဥ္မ်ား စတင္
please wait

No media source currently available

0:00 0:05:01 0:00
တိုက္႐ိုက္ လင့္ခ္


...........................

ရန်ကုန်တက္ကသိုလ်ရာပြည့်အစီအစဉ်များစတင်

(Unicode)

ရန်ကုန်တက္ကသိုလ်ကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရတဲ့ အဆင့်မြင့်တက္ကသိုလ်ဖြစ်စေဖို့ ဆောင်ရွက်ပေးမယ်လို့ နိုင်ငံတော်ထိပ်တန်း ခေါင်းဆောင်တွေက ရန်ကုန်တက္ကသိုလ် နှစ်၁၀၀ပြည့် ရာပြည့်အခမ်းနားမှာ ပြောဆိုလိုက်ပါတယ်။ မြန်မာ့ပညာရေးစနစ် အဆင့်အတန်းမြင့်ဖို့အပါအဝင် ရန်ကုန်တက္ကသိုလ်ကြီး ဖွံ့ဖြိုးတိုးတက်စေရေး မျိုးဆက်သစ် မျိုးဆက်ဟောင်း ကျောင်းသားတွေနဲ့ ညှိနှိုင်း တိုင်ပင်ဆောင်ရွက်သင့်တယ်လို့လည်း သမဂ္ဂကျောင်းသားတချို့ကထောက်ပြပါတယ်။ ဒီကနေ့ စတင်ဖွင့်လှစ်တဲ့ ရန်ကုန်တက္ကသိုလ်ရာပြည့် အခမ်းအနားအကြောင်း မဆုမွန် စုစည်းတင်ပြထားပါတယ်။

နှစ်တရာပြည့် ရန်ကုန်တက္ကသိုလ်ဟာ အရှေ့တောင်အာရှမှာ ထိပ်တန်းအဆင့်မှာရပ်တည်နိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ပညာတတ်လူငယ်များစွာ မွေးထုတ်ပေးနိုင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် အဆင့်မြင့်တိုးတက်စေရေး ပညာရေးစီမံကိန်းတွေနဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်း တဦးလည်းဖြစ်တဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ရန်ကုန်တက္ကသိုလ်ရာပြည့်အခမ်းအနားမှာ အခုလိုပြောဆိုခဲ့ပါတယ်။

“ရန်ကုန်တက္ကသိုလ်ဟာ အရှေ့တောင်အာရှမှာ ပညာရေးအဆင့်အတန်းအားဖြင့် အကောင်းဆုံးဖြစ်ခဲ့ပြီး အာရှအဆင့်မှာ ထိပ်တန်းက ရပ်တည်နိုင်ခဲ့ကြောင်း ၊ ရန်ကုန်တက္ကသိုလ်ဟာ အရှေ့တောင်အာရှနိုင်ငံတွေက ကျောင်းသားကျောင်းသူတွေ လာရောက်ပညာ ဆည်းပူးရာ တက္ကသိုလ် ဖြစ်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ ရာပြည့်အခါ သာမညမှာ ဒီလိုအခြေအနေကောင်းတွေကို ပြန်လည်ရရှိနိုင်ဖို့ နိုင်ငံတကာ အဆင့်မြင့် တက္ကသိုလ်ကြီးအဖြစ် ဖြစ်ထွန်းလာစေဖို့အတွက် မဟာစီမံကိန်း Master plan ကို ချမှတ်ထားပြီး ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသူကျောင်းသားဟောင်းကြီးတွေ မျိုးဆက်သစ် ကျောင်းသားကျောင်းသူတွေ ၊ ဆရာဆရာမတွေနဲ့ မိဘပြည်သူ တရပ်လုံးက အမျိုးသားရေး တာဝန်တရပ်အနေနဲ့ တက်ညီ လက်ညီ အင်တိုက်အားတိုက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ်အပ်ပါတယ်။”

၁၉၂၀ပြည့်နှစ် ဒီဇင်ဘာက စတင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ နှစ် ၁၀၀ပြည့် ရာပြည့်အကြိုအခမ်းအနားကို ဒီကနေ့ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့ ရန်ကုန်တက္ကသိုလ်မှာ ကျင်းပခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

သမိုင်းအစဉ်အလာကြီးမားတဲ့ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ နှစ် ၁၀၀ပြည့်အခမ်းအနားမှာ အနှစ်သာရနဲ့ပြည့်ဝတဲ့ မြန်မာ့ပညာရေးအဆင့်အတန်း မြင့်မားစေရေးနဲ့ ကျောင်းသားထု တောင်းဆိုနေတဲ့ ကျောင်းသားတို့အခွင့်အရေးရရှိစေရေး နိုင်ငံ့ခေါင်းဆောင်တွေ၊ ကျောင်းအုပ်ချုပ်သူတွေနဲ့ မျိုးဆက်သစ် မျိုးဆက်ဟောင်း ကျောင်းသားလူငယ်တွေ ပူးပေါင်းဆွေးနွေးအဖြေရှာကြသင့်တယ်လို့လည်း မြန်မာ့နိုင်ငံရေးအကဲခတ် ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

“ရန်ကုန်တက္ကသိုလ်ရာပြည့်အခမ်းအနားမှာ ရန်ကုန်တက္ကသိုလ်မှာ အဆက်ဆက်ပေ့ါလေ ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားဟောင်းတွေ ခေတ်အဆက်ဆက်ပေါ့လေ ၊ နယ်ပယ်အသီးသီးမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားကျောင်းသူဟောင်းတွေ အားလုံးပါဝင်အောင် စုစည်းနိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ အဲဒီလို မစုစည်းနိုင်ဘူးဆိုရင် ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနားဟာ မဆလခေတ်၊ နဝတ ခေတ် ၊ နအဖ ခေတ် တွေမှာ လုပ်ခဲ့တဲ့ အခမ်းအနားတခုလိုပဲ ဖြစ်လိမ့်မယ်လို့ ကျနော်ကတော့ မြင်ပါတယ်။ ကျနော်တို့ ရန်ကုန်တက္ကသိုလ် အပါအဝင် တက္ကသိုလ်အားလုံးရဲ့ ပညာရေးအဆင့်အတန်းကို ဘယ်လို မြင့်မားအောင် လုပ်နိုင်မလဲ အဲဒီလို မြင့်မားအောင်လုပ်နိုင်ဖို့အတွက် ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မလဲ အကြိတ်အနယ်ပေါ့လေ၊ ညှိနှိုင်းဆွေးနွေးအဖြေရှာတာမျိုးတွေကို ရန်ကုန်တက္ကသိုလ်ရာပြည့်ကာလမှာ လုပ်နိုင်မယ်ဆိုရင် ဒီအသီးအပွင့်ကို ကျနော်တို့ရဲ့ သားသမီးတွေ၊ ကျနော်တို့ မြေးမြစ်တွေ ခံစားရနိုင်လိမ့်မယ်လို့ အဲလိုသုံးသပ်ပါတယ်။”

ရန်ကုန်တက္ကသိုလ်ရာပြည့်အခမ်းအနားမှာ ခေတ်အဆက်ဆက် သပိတ်ကျောင်းသားတွေရဲ့ သမိုင်းဝင်လှုပ်ရှားမှုတွေ ပညာရေးတောင်းဆိုမှုတွေ နိုင်ငံရဲ့အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နိုင်ခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ကျောင်းသားလှုပ်ရှားမှု ရန်ကုန်တက္ကသိုလ်ရဲ့ ကြီးမြတ်တဲ့သမိုင်းကြောင်း ခေတ်အဆက်ဆက်တွေကို ပြသထားပါတယ်။ ဒါတွေကို မျိုးဆက်သစ်ကျောင်းသားလူငယ်တွေ သိရှိနိုင်အောင် အဓိကထား ဆောင်ရွက်သင့်ကြောင်းလည်း ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အလုပ်အမှုဆောင် ဗကသကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်က ရာပြည့်အခမ်းအနားအပေါ် အကြံပြုပါတယ်။

“ရာပြည့်အခမ်းအနားကို ပျော်ပွဲရွှင်ပွဲတွေထက်စာရင် တက္ကသိုလ်ရဲ့ သမိုင်းကျောင်းနဲ့ ဒီ တက္ကသိုလ်မှာရှိတဲ့ အမှတ်တရအဖြစ်အပျက်တွေ ၊ နောက် ဒီ တက္ကသိုလ်က ထွက်လာတဲ့ ပုဂ္ဂိုလ်တွေ ကမ္ဘာ (သို့မဟုတ်) မြန်မာကို ဦးဆောင်နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ။ နောက် သူ့နယ်ပယ်အသီးသီးမှာထွန်းပေါက်ခဲ့တဲ့ ပညာရှင်တွေ သူတို့တွေရဲ့ သမိုင်းတွေ အဲဒါတွေကို မျိုးဆက်သစ်ကျောင်းသားတွေရဲ့ ရင်ထဲကို ကျနော်တို့က ရောက်အောင် ထည့်ပေးနိုင်မှသာရန်ကုန်တက္ကသိုလ်က ဘယ်လောက်အထိ တန်ဖိုးရှိတယ် ၊ ကျနော်တို့ နိုင်ငံနဲ့ ကျနော်တို့ မျိုးဆက်တွေအပေါ်မှာ ဘယ်လောက်အထိ ကျေးဇူးတရားရှိတယ်ဆိုတာကို ကျနော်တို့က တန်ဖိုးထားတတ်မှာပါ။ အဲလိုမှ မဟုတ်ပဲနဲ့ နိုင်ငံရဲ့ ခေါင်းဆောင်တွေ ၊ ပုဂ္ဂိုလ်တွေ လာပြီး စကားပြောပြီးတော့ အခမ်းအနားပြီးသွားတာ ဆိုတာမျိုးကတော့ ကျနော်တို့ လက်ရှိမျိုးဆက်တွေက တန်ဖိုးထားမှုအပိုင်းက ရှိမှာမဟုတ်ဘူး လျော့နည်းနေမှာပဲ။

ရန်ကုန်တက္ကသိုလ်ရာပြည့်အခမ်းအနားကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့ကနေ နှစ်၁၀၀ပြည့် တဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၁ရက်နေ့အထိ တနှစ်ပတ်လုံး တက္ကသိုလ်ရာပြည့် အခမ်းအနားတွေ ကျင်းပမှာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် အင်းလျားဆောင် မှာ ရာပြည့် အကြို အင်းလျားဆောင်ဓာတ်ပုံပြပွဲကျင်းပသလို ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နဲ့ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနဲ့ဖြန့်ချီသူများအသင်းတို့ပူးပေါင်းပြီးလည်း ဒီဇင်ဘာလ ၅ရက်ကနေစလို့ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်း၊ သစ်ပုတ်ပင်တဝိုက်နဲ့ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် ရှေ့မှာ ရာပြည့်အကြို စာအုပ်ပွဲတော်ကျင်းပမှာဖြစ်ပါတယ်။

XS
SM
MD
LG