သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးတိုင်း သပိတ်ကျင်းမြို့ PDF တွေ သိမ်းပိုက်ထိန်းချုပ်


မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကို အပြည့်အဝထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်သတင်းဓာတ်ပုံများ။ (သြဂုတ် ၂၆၊ ၂၀၂၄/ NUG ကာကွယ်ရေးဝန်ကြီးဌာန)
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကို အပြည့်အဝထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်သတင်းဓာတ်ပုံများ။ (သြဂုတ် ၂၆၊ ၂၀၂၄/ NUG ကာကွယ်ရေးဝန်ကြီးဌာန)

မန္တလေးတိုင်း သပိတ်ကျင်းမြို့ကို ဩဂုတ်လ ၂၅ ရက်နေ့မှာ အပြည့်အဝ ထိန်းချုပ်သိမ်းပိုက်လိုက်တယ် လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကနေ မှတ်တမ်းဓါတ်ပုံတွေနဲ့တကွ ဖော်ပြခဲ့ပါတယ်။

NUG ကာကွယ်ရေးဌာနရဲ့ PDF ပြည့်သူ့ကာကွယ်ရေးတပ်ရင်း တပ်ဖွဲ့တွေက သပိတ်ကျင်းမြို့သိမ်း တိုက်ပွဲဆင်နွှဲခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်လက်နက်ခဲယမ်းတွေအပြင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးတဦးကိုလည်း ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးရမိသူ ဒုတိယဗိုလ်မှူးကြီးကို နိုင်ငံတကာစစ်ဥပဒေနဲ့အညီကောင်းမွန်စွာ ထိန်းသိမ်းထားတယ် လို့လည်း ဆိုပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ရှိခဲ့ ပေမယ့် PDF တွေက မြို့ကို အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပြီလို့လည်း အသိပေးထုတ်ပြန်ပါတယ်။

ဒါနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီဘက်က တစုံတရာ အတည်ပြုတာ၊ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီး အချိန်ခဏ သိမ်းယူခဲ့ပါတယ်။ အဲဒီနောက် ပြန်လည်ဆုတ်ခွာသွားပြီး ဒီပဲယင်းမြို့ကို စစ်ကောင်စီတပ်က လက်ရှိပြန်လည်ထိန်းချုပ်ထားပါတယ်။ NUG ကာကွယ်ရေး ဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်တချို့ဟာရှမ်းမြောက်စစ်ဆင်ရေးတချို့မှာလည်း ပါဝင်ခဲ့ပြီး လက်ရှိအားဖြင့် မန္တလေးတိုင်းတွင်း စစ်ဆင်ရေးတွေမှာ ဦးဆောင်နေတာတွေ့ ရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG