သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မာတင္လူသာကင္း လုပ္ရပ္ေတြကို နမူနာယူဖို႔ သမၼတဘိုင္ဒင္တိုက္တြန္း 


US-HOLIDAY-MLK-DAY

အေမရိကန္ျပည္ေထာင္စုအတြင္း စိတ္၀မ္းကြဲျပားေနတာေတြ ၊ အစြန္းေရာက္မႈနဲ႔ မတရားမႈေတြကို ျပဳျပင္ႏုိင္ေရး Martin Luther King Jr ရဲ ႔ဘ၀ကို ၾကည့္ၿပီးအတုယူၾကဖို႔ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က ျပည္သူေတြကို ေျပာၾကားလိုက္ပါတယ္။

မာတင္လူသာကင္း လုပ္ရပ္ေတြကို နမူနာယူဖို႔ သမၼတဘိုင္ဒင္တိုက္တြန္း

{{Zawgyi/Unicode}}

အေမရိကန္ျပည္ေထာင္စုအတြင္း စိတ္၀မ္းကြဲျပားေနတာေတြ ၊ အစြန္းေရာက္မႈနဲ႔ မတရားမႈေတြကို ျပဳျပင္ႏုိင္ေရး Martin Luther King Jr ရဲ ႔ဘ၀ကို ၾကည့္ၿပီးအတုယူၾကဖို႔ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က ျပည္သူေတြကို ေျပာၾကားလိုက္ပါတယ္။ ကြယ္လြန္သူ ျပည္သူ႔အခြင့္အေရးေခါင္းေဆာင္ Martin Luther King သင္းအုပ္ဆရာအျဖစ္တာ၀န္ယူခဲ့တဲ့ Georgia ျပည္နယ္၊ Atlanta ၿမိဳ ႔ခရစ္ယာန္ ဘုရားေက်ာင္းမွာက်င္းပတဲ့ တနဂၤေႏြေန႔ ေအာက္ေမ့ဖြယ္ အခမ္းအနားမွာ သမၼတဘုိင္ဒန္က လက္ရွိသမၼတတဦးအေနနဲ႔ ပထမဆံုး တက္ေရာက္ခဲ့ရာမွာ ထည့္သြင္းေျပာၾကားသြားတာပါ။

ဇန္န၀ါရီလရဲ ႔၁၆ ရက္ တနလၤာေန႔ကိုေတာ့ Martin Luther King Jr ရဲ ႔ ေမြးေန႔ အထိမ္းအမွတ္ အေမရိကန္အစိုးရ႐ုံးပိတ္ရက္အျဖစ္သတ္မွတ္ထားပါတယ္။ Ebenezer ႏွစ္ျခင္းခရစ္ယာန္ဘုရားေက်ာင္းက သင္းအုပ္ဆရာေတာ္ ဒီမိုကရက္အထက္လႊတ္ေတာ္အမတ္ Raphael Warnock ရဲ႕ ဖိတ္ၾကားခ်က္အရ သမၼတဘိုင္ဒန္ တက္ေရာက္လာတာပါ။

အခုအခ်ိန္မွာ အေမရိကန္နဲ႔ ကမာၻႀကီးအတြက္ ဒီမိုကေရစီနဲ႔ အာဏာရွင္ၾကား ေရြးခ်ယ္ရမယ့္ လမ္းဆုံလမ္းခြကို ေရာက္ေနၿပီလို႔ ယူဆေၾကာင္းလည္း သမၼတဘိုင္ဒင္က မိန္႔ခြန္းမွာ ေျပာဆိုသြားပါတယ္။ ပရမ္းပတာအေျခအေနထက္ လူမႈအသိုင္းအဝိုင္း စိတ္ဓာတ္ကို ေရြးခ်ယ္ရမယ့္အခ်ိန္ျဖစ္ၿပီး၊ ေမတၱာတရားထက္ အမုန္းတရားကို ဦးစားေပး ေ႐ြးခ်ယ္ၾကမွာလားလို႔လည္း သမၼတဘုိင္ဒန္ကေမးခြန္းထုတ္သြားပါတယ္။

မဲေပးပိုင္ခြင့္အတြက္ လႈပ္ရွားခဲ့တဲ့ Martin Luther King ရဲ ႔ခံယူခ်က္ဟာ အလြန္ေလးနက္ၿပီး စိတ္ဓာတ္ပိုင္း၊ ကိုယ္က်င့္သိကၡာပုိင္းေတြ ပါ၀င္ပါတယ္လို႔လည္း ေျပာၾကားသြားပါတယ္။ အေမရိကန္ျပည္သူအားလုံး အတူတကြေရွ႔ဆက္ေလ ွ်ာက္လွမ္းၾကပါစို႔လို႔လည္း သမၼတဘုိင္ဒန္က သူ႔မိန္႔ခြန္းထဲကေန ျပည္သူေတြကို သတင္းစကားေပး သြားခဲ့ပါတယ္။

၁၉၆၈ ခုႏွစ္ အသက္ ၃၉ ႏွစ္အရြယ္၊ Tennessee ျပည္နယ္၊ Memphis ၿမိဳ႕မွာ လုပ္ၾကံသတ္ျဖတ္ခံခဲ့ရတဲ့ Dr. King ဟာ သက္ရွိထင္ရွားရွိခဲ့မယ္ ဆိုရင္ေတာ့ ဇန္န၀ါရီ္လ ၁၅ ရက္ေန႔ တနဂၤေႏြေန႔ဟာ ၉၄ ႏွစ္ျပည့္ေမြးေန႔လည္း ျဖစ္ပါလိမ့္မယ္။

တိုက္႐ိုက္ လင့္ခ္

မာတင်လူသာကင်း လုပ်ရပ်တွေကို နမူနာယူဖို့ သမ္မတဘိုင်ဒင်တိုက်တွန်း

{{Zawgyi/Unicode}}

အမေရိကန်ပြည်ထောင်စုအတွင်း စိတ်ဝမ်းကွဲပြားနေတာတွေ ၊ အစွန်းရောက်မှုနဲ့ မတရားမှုတွေကို ပြုပြင်နိုင်ရေး Martin Luther King Jr ရဲ့ဘဝကို ကြည့်ပြီးအတုယူကြဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြည်သူတွေကို ပြောကြားလိုက်ပါတယ်။ ကွယ်လွန်သူ ပြည်သူ့အခွင့်အရေးခေါင်းဆောင် Martin Luther King သင်းအုပ်ဆရာအဖြစ်တာဝန်ယူခဲ့တဲ့ Georgia ပြည်နယ်၊ Atlanta မြို့ခရစ်ယာန် ဘုရားကျောင်းမှာကျင်းပတဲ့ တနင်္ဂနွေနေ့ အောက်မေ့ဖွယ် အခမ်းအနားမှာ သမ္မတဘိုင်ဒန်က လက်ရှိသမ္မတတဦးအနေနဲ့ ပထမဆုံး တက်ရောက်ခဲ့ရာမှာ ထည့်သွင်းပြောကြားသွားတာပါ။

ဇန်နဝါရီလရဲ့၁၆ ရက် တနင်္လာနေ့ကိုတော့ Martin Luther King Jr ရဲ့ မွေးနေ့ အထိမ်းအမှတ် အမေရိကန်အစိုးရရုံးပိတ်ရက်အဖြစ်သတ်မှတ်ထားပါတယ်။ Ebenezer နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းက သင်းအုပ်ဆရာတော် ဒီမိုကရက်အထက်လွှတ်တော်အမတ် Raphael Warnock ရဲ့ ဖိတ်ကြားချက်အရ သမ္မတဘိုင်ဒန် တက်ရောက်လာတာပါ။

အခုအချိန်မှာ အမေရိကန်နဲ့ ကမ္ဘာကြီးအတွက် ဒီမိုကရေစီနဲ့ အာဏာရှင်ကြား ရွေးချယ်ရမယ့် လမ်းဆုံလမ်းခွကို ရောက်နေပြီလို့ ယူဆကြောင်းလည်း သမ္မတဘိုင်ဒင်က မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။ ပရမ်းပတာအခြေအနေထက် လူမှုအသိုင်းအဝိုင်း စိတ်ဓာတ်ကို ရွေးချယ်ရမယ့်အချိန်ဖြစ်ပြီး၊ မေတ္တာတရားထက် အမုန်းတရားကို ဦးစားပေး ရွေးချယ်ကြမှာလားလို့လည်း သမ္မတဘိုင်ဒန်ကမေးခွန်းထုတ်သွားပါတယ်။

မဲပေးပိုင်ခွင့်အတွက် လှုပ်ရှားခဲ့တဲ့ Martin Luther King ရဲ့ခံယူချက်ဟာ အလွန်လေးနက်ပြီး စိတ်ဓာတ်ပိုင်း၊ ကိုယ်ကျင့်သိက္ခာပိုင်းတွေ ပါဝင်ပါတယ်လို့လည်း ပြောကြားသွားပါတယ်။ အမေရိကန်ပြည်သူအားလုံး အတူတကွရှေ့ဆက်လေ ျှာက်လှမ်းကြပါစို့လို့လည်း သမ္မတဘိုင်ဒန်က သူ့မိန့်ခွန်းထဲကနေ ပြည်သူတွေကို သတင်းစကားပေး သွားခဲ့ပါတယ်။

၁၉၆၈ ခုနှစ် အသက် ၃၉ နှစ်အရွယ်၊ Tennessee ပြည်နယ်၊ Memphis မြို့မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ Dr. King ဟာ သက်ရှိထင်ရှားရှိခဲ့မယ် ဆိုရင်တော့ ဇန်နဝါရီ်လ ၁၅ ရက်နေ့ တနင်္ဂနွေနေ့ဟာ ၉၄ နှစ်ပြည့်မွေးနေ့လည်း ဖြစ်ပါလိမ့်မယ်။

XS
SM
MD
LG