သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံသားအခြင့္အေရးလႈပ္ရွားသူ မာတင္လူသာကင္းအထိမ္းအမွတ္ ကန္အားလပ္ရက္ဆင္ႏႊဲ


အေမရိကန္နိုင္ငံ ၀ါရွင္တန္ဒီစီျမိဳ့ေတာ္က Martin Luther King Jr. အထိမ္းအမွတ္ရုပ္ထု ( ဓာတ္ပံု - AFP)

ဒီကေန႔ဟာ အေမရိကန္ျပည္ေထာင္စုမွာ ႏိုင္ငံသားတိုင္း တန္းတူညီမ ွ်အခြင့္အေရးရရွိေရး လႈပ္ရွားခဲ့သူ Martin Luther King Jr. အထိမ္းအမွတ္ ႏိုင္ငံေတာ္အားလပ္ရက္ ျဖစ္ပါတယ္။ Atlanta ၿမိဳ႕က ေဒါက္တာ King တရားေဟာေလ့ရွိခဲ့တဲ့ Ebenezer Baptist Churchမွာက်င္းပမယ့္ ႏွစ္ပတ္လည္ ဝတ္ျပဳဆုေတာင္းပြဲကို Atlanta ၿမိဳ႕ေတာ္ဝန္၊ ေဂ်ာ္ဂ်ီယားျပည္နယ္အုပ္ခ်ဳပ္ေရးမႈးနဲ႔ အေမရိကန္အထက္လႊတ္ေတာ္အမတ္ Raphael Warnock တို႔ တက္ေရာက္ဖို႔ရွိပါတယ္။

မာတင္လူသာကင္းဂ်ဳနီယာ အသက္ ၉၃ ႏွစ္ျပည့္ေမ့ြေန႔လည္းျဖစ္တဲ့ ဒီကေန႔မနက္ ၁၀ နာရီမွာက်င္းမယ့္ ဝတ္ျပဳဆုေတာင္းပြဲကို ေဖ့ဘုတ္၊ YouTube ၊ thekingcenter.org နဲ႔ Atlanta’s Fox ႐ုပ္သံကေန တိုက္႐ိုက္ထုတ္လႊင့္သြားမယ္လို႔ Atlanta ၿမိဳ႕က King Center ကေၾကျငာပါတယ္။ ဒီေန႔ေန႔လည္ပိုင္းမွာေတာ့ The King Center ကေန Atlanta ၿမိဳ႕လယ္ထိ ျပည္သူေတြ လမ္းေလ ွ်ာက္ခ်ီတက္ဖို႔လည္း စီစဥ္ထားၾကပါတယ္။

ကမာၻတဝန္း လူသိမ်ားထင္ရွားၿပီး ေလစားအားက်မႈရခဲ့သူတဦးျဖစ္တဲ့ မာတင္လူသာကင္း ဂ်ဴနီယာဟာ ျပည္သူ႔အခြင့္အေရးအတြက္ ဦးေဆာင္ခဲ့သူတဦးျဖစ္သလို၊ ႏိုင္ငံသားတိုင္း တန္းတူညီမ ွ်အခြင့္အေရးရေရး မဆုတ္မနစ္ ႀကိဳးပမ္း ေဆာင္႐ြက္ခဲ့သူတေယာက္လည္းျဖစ္ပါတယ္။ လူမ်ိဳးေရးတန္းတူညီမ ွ်မႈရဖို႔ဆိုတာဟာ ဆင္းရဲမြဲေတြမႈပေပ်ာက္ေရး နဲ႔ စစ္ပြဲေတြအဆုံးသတ္ေရး ဆိုတဲ့ရည္မွန္းခ်က္ေတြနဲ႔ ခြဲျခားလို႔မရႏိုင္တဲ့အရာေတြျဖစ္တယ္လို႔လည္း မာတင္လူသာကင္းက ေျပာဆိုခဲ့ပါတယ္။

.......................................................................................

တိုက္႐ိုက္ လင့္ခ္


နိုင်ငံသားအခွင့်အရေးလှုပ်ရှားသူ မာတင်လူသာကင်းအထိမ်းအမှတ် ကန်အားလပ်ရက်ဆင်နွှဲ

(Unicode)

ဒီကနေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံသားတိုင်း တန်းတူညီမ ျှအခွင့်အရေးရရှိရေး လှုပ်ရှားခဲ့သူ Martin Luther King Jr. အထိမ်းအမှတ် နိုင်ငံတော်အားလပ်ရက် ဖြစ်ပါတယ်။ Atlanta မြို့က ဒေါက်တာ King တရားဟောလေ့ရှိခဲ့တဲ့ Ebenezer Baptist Churchမှာကျင်းပမယ့် နှစ်ပတ်လည် ဝတ်ပြုဆုတောင်းပွဲကို Atlanta မြို့တော်ဝန်၊ ဂျော်ဂျီယားပြည်နယ်အုပ်ချုပ်ရေးမှုးနဲ့ အမေရိကန်အထက်လွှတ်တော်အမတ် Raphael Warnock တို့ တက်ရောက်ဖို့ရှိပါတယ်။

မာတင်လူသာကင်းဂျုနီယာ အသက် ၉၃ နှစ်ပြည့်မေ့ွနေ့လည်းဖြစ်တဲ့ ဒီကနေ့မနက် ၁၀ နာရီမှာကျင်းမယ့် ဝတ်ပြုဆုတောင်းပွဲကို ဖေ့ဘုတ်၊ YouTube ၊ thekingcenter.org နဲ့ Atlanta’s Fox ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်သွားမယ်လို့ Atlanta မြို့က King Center ကကြေငြာပါတယ်။ ဒီနေ့နေ့လည်ပိုင်းမှာတော့ The King Center ကနေ Atlanta မြို့လယ်ထိ ပြည်သူတွေ လမ်းလေ ျှာက်ချီတက်ဖို့လည်း စီစဉ်ထားကြပါတယ်။

ကမ္ဘာတဝန်း လူသိများထင်ရှားပြီး လေစားအားကျမှုရခဲ့သူတဦးဖြစ်တဲ့ မာတင်လူသာကင်း ဂျူနီယာဟာ ပြည်သူ့အခွင့်အရေးအတွက် ဦးဆောင်ခဲ့သူတဦးဖြစ်သလို၊ နိုင်ငံသားတိုင်း တန်းတူညီမ ျှအခွင့်အရေးရရေး မဆုတ်မနစ် ကြိုးပမ်း ဆောင်ရွက်ခဲ့သူတယောက်လည်းဖြစ်ပါတယ်။ လူမျိုးရေးတန်းတူညီမ ျှမှုရဖို့ဆိုတာဟာ ဆင်းရဲမွဲတွေမှုပပျောက်ရေး နဲ့ စစ်ပွဲတွေအဆုံးသတ်ရေး ဆိုတဲ့ရည်မှန်းချက်တွေနဲ့ ခွဲခြားလို့မရနိုင်တဲ့အရာတွေဖြစ်တယ်လို့လည်း မာတင်လူသာကင်းက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG