သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏွစ္ ၃၀ ၾကာ တိမ္းေရွာင္ေနတဲ့ မာဖီးယားဂိုဏ္းေခါင္းေဆာင္ အီတလီဖမ္းဆီး 


ႏွစ္ေပါင္း ၃၀ ၾကာ မ်က္ကြယ္ေထာင္ဒဏ္ တသက္ခ်ခံထားရၿပီး အခုမွ ဖမ္းမိတဲ့ အီတလီမာမီးယားဂိုဏ္းေခါင္းေဆာင္ Matteo Messina Denaro

[[Zawgyi/Unicode]]

အီတလီႏိုင္ငံမွာအလိုအရွိဆုံး မာဖီးယားဂုိဏ္းေခါင္းေဆာင္ Matteo Messina Denaro ကို ဖမ္းဆီးလိုက္ပါတယ္။ စစၥလီကၽြန္းက Cosa Nostra မာဖီးယားဂိုဏ္းရဲ႕ေခါင္းေဆာင္ကို Palermo ၿမိဳ႕ေပၚက ပုဂၢိဳလိကေဆးခန္းတခုမွာ ရဲတပ္ဖြဲ႔ကဖမ္းမိခဲ့ေၾကာင္း အီတလီသတင္းဌာန ANSA က တနလၤာေန႔က ေဖာ္ျပလိုက္ပါတယ္။

ဖမ္းမိၿပီးေနာက္ ခ်က္ျခင္းဆိုသလို လွ်ဳိ႕ဝွက္ေနရာတခုကို ေခၚေဆာင္သြားတယ္လို႔လည္း ႏိုင္ငံပိုင္ရုပ္သံသတင္းက ေၾကညာပါတယ္။ မာဖီးယားဂိုဏ္းေတြတိုက္ဖ်က္ေရး ေဆာင္ရြက္ခဲ့ၾကတဲ့အစိုးရေရွ႕ေန Paolo Borsellino နဲ႔ Giovanni Falcone တို႔ ၁၉၉၂ ခုႏွစ္က ေသဆုံးခဲ့မႈအပါအဝင္ ဒါဇင္နဲ႔ခ်ီရွိတဲ့လူသတ္မႈေတြအတြက္ Matteo Messina Denaro ကို မ်က္ကြယ္မွာ တရားစီရင္ခဲ့ၿပီး ေထာင္ဒဏ္တသက္ ျပစ္ဒဏ္ေတြက်ခံထားရတာပါ။

အသက္ ၆ဝ ရွိၿပီျဖစ္တဲ့ Denaro ဟာ သူသတ္ခဲ့တဲ့သူေတြဟာ သခၤ်ဳိင္းကုန္းတခုစာေလာက္ ရွိတယ္ဆိုၿပီး တခ်ိန္က ေျပာခဲ့ဖူးတယ္လို႔လည္း ဆိုပါတယ္။ ႏွစ္ေပါင္း ၃ဝ ေလာက္ တိမ္းေရွာင္ေနရေပမဲ့ စစၥလီကၽြန္းအေနာက္ပိုင္း Trapani တဝိုက္က မာဖီးယားဂိုဏ္းေတြကို ဆက္လက္ၿပီး ႀကိဳးကိုင္ညႊန္ၾကားခဲ့တယ္လို႔ ၿပီးခဲ့တဲ့ စက္တင္ဘာလတုန္းက ရဲတပ္ဖြဲ႔က ေျပာဖူးပါတယ္။

၂ဝ၁၅ ခုႏွစ္က သူနဲ႔ အနီးကပ္ဆုံ လုပ္ေဖာ္ကိုင္ဖက္ေတြကို လွ်ဳိ႕ဝွက္ဆက္သြယ္ထားတဲ့စာတေစာင္ကို စစၥလီကြ်န္းေပၚက စိုက္ပ်ဳိးခင္းေတြထဲက ေက်ာက္တုံးတတုံးေအာက္မွာ ေတြ႔ခဲ့ရတယ္လို႔ ရဲတပ္ဖြဲ႔က ေျပာပါတယ္။ Denaro ကို ဖမ္းဆီးႏိုင္တာဟာ အီတလီႏိုင္ငံမွာ ရာဇဝတ္မႈတုိက္ဖ်က္ေရးအတြက္ မဟာေအာင္ပြဲျဖစ္တယ္လို႔ အီတလီဝန္ႀကီးခ်ဳပ္ Giorgia Meloni က ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

နှစ် ၃၀ ကြာ တိမ်းရှောင်နေတဲ့ မာဖီးယားဂိုဏ်းခေါင်းဆောင် အီတလီဖမ်းဆီး

အီတလီနိုင်ငံမှာအလိုအရှိဆုံး မာဖီးယားဂိုဏ်းခေါင်းဆောင် Matteo Messina Denaro ကို ဖမ်းဆီးလိုက်ပါတယ်။ စစ္စလီကျွန်းက Cosa Nostra မာဖီးယားဂိုဏ်းရဲ့ခေါင်းဆောင်ကို Palermo မြို့ပေါ်က ပုဂ္ဂိုလိကဆေးခန်းတခုမှာ ရဲတပ်ဖွဲ့ကဖမ်းမိခဲ့ကြောင်း အီတလီသတင်းဌာန ANSA က တနင်္လာနေ့က ဖော်ပြလိုက်ပါတယ်။

ဖမ်းမိပြီးနောက် ချက်ခြင်းဆိုသလို လျှို့ဝှက်နေရာတခုကို ခေါ်ဆောင်သွားတယ်လို့လည်း နိုင်ငံပိုင်ရုပ်သံသတင်းက ကြေညာပါတယ်။ မာဖီးယားဂိုဏ်းတွေတိုက်ဖျက်ရေး ဆောင်ရွက်ခဲ့ကြတဲ့အစိုးရရှေ့နေ Paolo Borsellino နဲ့ Giovanni Falcone တို့ ၁၉၉၂ ခုနှစ်က သေဆုံးခဲ့မှုအပါအဝင် ဒါဇင်နဲ့ချီရှိတဲ့လူသတ်မှုတွေအတွက် Matteo Messina Denaro ကို မျက်ကွယ်မှာ တရားစီရင်ခဲ့ပြီး ထောင်ဒဏ်တသက် ပြစ်ဒဏ်တွေကျခံထားရတာပါ။

အသက် ၆ဝ ရှိပြီဖြစ်တဲ့ Denaro ဟာ သူသတ်ခဲ့တဲ့သူတွေဟာ သင်္ချိုင်းကုန်းတခုစာလောက် ရှိတယ်ဆိုပြီး တချိန်က ပြောခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။ နှစ်ပေါင်း ၃ဝ လောက် တိမ်းရှောင်နေရပေမဲ့ စစ္စလီကျွန်းအနောက်ပိုင်း Trapani တဝိုက်က မာဖီးယားဂိုဏ်းတွေကို ဆက်လက်ပြီး ကြိုးကိုင်ညွှန်ကြားခဲ့တယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ရဲတပ်ဖွဲ့က ပြောဖူးပါတယ်။

၂ဝ၁၅ ခုနှစ်က သူနဲ့ အနီးကပ်ဆုံ လုပ်ဖော်ကိုင်ဖက်တွေကို လျှို့ဝှက်ဆက်သွယ်ထားတဲ့စာတစောင်ကို စစ္စလီကျွန်းပေါ်က စိုက်ပျိုးခင်းတွေထဲက ကျောက်တုံးတတုံးအောက်မှာ တွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ Denaro ကို ဖမ်းဆီးနိုင်တာဟာ အီတလီနိုင်ငံမှာ ရာဇဝတ်မှုတိုက်ဖျက်ရေးအတွက် မဟာအောင်ပွဲဖြစ်တယ်လို့ အီတလီဝန်ကြီးချုပ် Giorgia Meloni က ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

XS
SM
MD
LG