သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးစခန်း စီးနင်းမယ့်အစီအစဉ်သစ် နယ်စပ်ရဲ တားဆီး


 မောင်တောခရိုင်အတွင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များ
မောင်တောခရိုင်အတွင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များ

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်အတွင်းက လုံခြုံရေးတပ်ဖွဲ့စခန်းတွေကို အကြမ်းဖက်စီးနင်း တိုက်ခိုက်ဖို့နောက်ထပ် ကြံစည်မှုကို တားဆီးလိုက်နိုင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ပြန်ကြားရေးကော်မတီက မတ်လ ၂၃ ရက် ကြာသပတေးနေ့မှာ သတင်းထုတ်ပြန် ပါတယ်။

ဘူးသီးတောင်မြို့နယ်တွင်း ရောက်လာတဲ့ မသင်္ကာသူတွေကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက မတ်လ ရ ရက်နေ့မှာ သွားရောက်စစ်ဆေးရာ ကနေ အကြမ်းဖက်သင်တန်းသား တဦးဖြစ်တဲ့ မော်လဝီ ဗလီဆရာ တဦးကို ဖမ်းမိခဲ့တာ ဖြစ်ပြီး အဲဒီဒေသတွင်း အကြမ်းဖက်သင်တန်းတွေ ဖွင့်လှစ်ပြီး သင်တန်းသားတွေနဲ့ အကြမ်းဖက်မှုလုပ်ဆောင်ဖို့ ကြံစည်မှုတွေကို ဖေါ်ထုတ်သိရှိခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက်သင်တန်းတွေ တက်ရောက်ခဲ့သူ ရွာခန့်ကျောင်းဆရာတဦးဟာ မနှစ်က အောက်တိုဘာလ ကျီးကန်းပြင် အကြမ်းဖက်မှုမှာ ပါဝင်ခဲ့သူတဦးဖြစ်ကြောင်းနဲ့ ကူလူပါလောင် ဒုက္ခသည် စခန်းမှာ နေသူတချို့ကို ဖေဖေါ်ဝါရီလထဲမှာ ဘူးသီးတောင်မြို့နယ်ထဲကို ပြန်ခေါ်လာသလို မြို့နယ်တွင်းကျေးရွာတွေမှာ သင်တန်းသားသစ် ၃၆ ဦးကို မတ်လ ၁ ရက်နေ့က သင်တန်း စပေးခဲ့တယ်လို့ ရေးသားထားပါတယ်။ အကြမ်းဖက်မှုတွေ လုပ်ဆောင်ဖို့ ကြံစည်သူတွေ၊ သင်တန်းသားသစ် စုဆောင်းသူတွေ၊ ငွေကြေး ထောက်ပံ့သူတွေကို လိုက်လံရှာဖွေ ဖမ်းဆီးနေပြီး ပါဝင်ပတ်သက်နေသူတွေကို ဥပဒေအရ အရေးယူဖို့ စီစဉ်နေကြောင်းလည်း ဖေါ်ပြထား ပါတယ်။

အခုချိန်အထိ ဖမ်းဆီးမိသူ အနည်းဆုံး ၁၃ ဦး ရှိပြီဖြစ်ကြောင်း အမည်နဲ့ တကွဖေါ်ပြထားသလို အဲဒီဒေသထဲမှာ အကြမ်းဖက် သင်တန်းသားတွေ အတွက် ရွာ ၄ ရွာမှာ လေ့ကျင့်ရာနေရာ ၄ နေရာဖွင့်လှစ်ဖို့ ကြံစည်ခဲ့တာ ဖြစ်ပြီး ပထမဆုံး ဖွင့်လှစ်တဲ့ တင်းမေကျေးရွာမှာပဲ ဖေါ်ထုတ် ဖမ်းဆီးမိ ခဲ့တာ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားတာပါ။

တချိန်ထဲမှာပဲ ဘင်္ဂလားဒေ့ရှ်ပင်လယ်အော်ထဲက ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ဆယ်ဦးပါ လှေကို ဘင်္ဂလားဒေ့ရှ်ရေတပ်က ဖမ်းဆီးမိကြောင်း ရေတပ်ကထုတ်ပြန်တဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG