သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလးၿမိဳ႕အလွျပင္ဆိုင္မီးေလာင္ လူ ၅ ဦးေသဆံုး


မီးေလာင္မႈအတြင္း ကူညီေပးေနတဲ့ မီးသတ္တပ္ဖြဲ႔၀င္မ်ား။ (ေအာက္တိုဘာ ၁၄၊ ၂၀၂၀)

[Zawgyi/Unicode]

မႏၱေလးၿမိဳ႕မွာ အလွျပင္ဆိုင္ မီးေလာင္ရာက ကေလးငယ္တဦးပါအ၀င္ လူ ၅ ဦးေသဆံုးခဲ့တဲ့ အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုထက္ေအာင္ခန္႔က ေျပာျပပါမယ္။

မႏၱေလးတိုင္း ခ်မ္းေအးသာစံၿမိဳ႕နယ္မွာ ဒီကေန႔ မနက္အေစာပိုင္းက ၈၆x၈၇ လမ္းၾကားက လင္းလဲ့ျဖဴ အလွျပင္ဆိုင္မီးေလာင္ခဲ့တာပါ။

မီးေလာင္မႈျဖစ္စဥ္နဲ႔ ပတ္သက္လို႔ မႏၱေလးတိုင္း မီးသတ္တပ္ဖြဲ႕ ဒုတိယတိုင္းဦးစီးမွဴး ဦးေဌး၀င္းက အခုလို ရွင္းျပပါတယ္။

“အထဲက မီးေတြသံုးထားတာ အဲကြန္းတို႔ ဆိုင္းဘုတ္မီးတို႔ သံုးထားတဲ့ဟာ ရွိတာေပါ့။ ခလုတ္ကေနၿပီးေတာ့ မီးအားေဆာင့္ၿပီးေတာ့ မီးျပန္လာတာကို မသိဘဲ အေပၚမွာ သူတို႔အိပ္ေပ်ာ္ေနတယ္ထင္တယ္။ အဲ့ကေန မီးပြားက်ၿပီးေတာ့ ဆိုဖာေပၚကူးတယ္။ ဆိုဖာက တေငြ႔ေငြ႔ေလာင္ၿပီးေတာ့ ဆိုဖာနဲ႔ အတူကပ္ၿပီး ရပ္ထားတဲ့ ဆိုင္ကယ္ရွိတယ္။ ဆိုင္ကယ္ရဲ႕ ပိုက္ေတြပါ ေလာင္ထားတဲ့ အခါက်ေတာ့ ဆိုင္ကယ္ထဲက ဓာတ္ဆီကလည္း ေအာက္က်ၿပီး ေအာက္မွာ ျပန္႔က်ဲၿပီး မီးက ကူးစက္သြားတာေပါ့။"

မီးေလာင္မႈအတြင္း ကူညီေပးခဲ့တဲ့ မီးသတ္တပ္ဖြဲ႔၀င္မ်ား။ (ေအာက္တိုဘာ ၁၄၊ ၂၀၂၀)
မီးေလာင္မႈအတြင္း ကူညီေပးခဲ့တဲ့ မီးသတ္တပ္ဖြဲ႔၀င္မ်ား။ (ေအာက္တိုဘာ ၁၄၊ ၂၀၂၀)

မီးေလာင္ကြ်မ္းမႈဟာ မိနစ္ ၂၀ သာၾကာျမင့္ၿပီး အခ်ိန္မီ ၿငိမ္းသတ္ႏိုင္ေပမဲ့ အိပ္ခ်ိန္ျဖစ္ေနတာေၾကာင့္ မီးခိုးမႊန္ၿပီး ကေလးငယ္တစ္ဦး အပါအ၀င္ အမ်ိဳးသမီး ၅ ဦး ေသဆံုးခဲ့တယ္လို႔ ဒုတိယတိုင္း ဦးစီးမွဴး ဦးေဌး၀င္းကေျပာပါတယ္။

“မီးခိုးေငြ႕က အေပၚထပ္ကို တက္သြားၿပီးေတာ့ သူတို႔လည္း မီးခိုးမႊန္လို႔ မီးခိုးနံ႔ရလို႔ ႏိုးတဲ့အခ်ိန္မွာ ေျပးေတာ့ ေျပးလိုက္ေသးတယ္။ အလယ္ေလာက္မွာ မီးခိုးမႊန္ၿပီး လဲကုန္တာေပါ့။ အခန္းက လံုတဲ့အခါက်ေတာ့ မီးခိုးက အထဲမွာ လိႈက္ေလာင္ေနေတာ့ မီးခိုးမႊန္ၿပီး သူတို႔ကေသတယ္။ သူတို႔ကထြက္ေျပးရမယ့္ အေပါက္ေတြကို သံပန္းေတြနဲ႔ အေသပိတ္ထားေတာ့ ေျပးစရာလမ္းမရွိဘူးေပါ့။ မီးကေတာ့ ခႏၶာကိုယ္ေတြ ေလာင္ထားတာေတာ့ မရွိပါဘူး။”

၂၀၁၃ ခုႏွစ္ကလည္း အခုလိုမီးခိုးမႊန္ၿပီး ရန္ကုန္ၿမိဳ႕ ၄၈ လမ္း အစၥလာမ္ စာသင္ေက်ာင္းမွာ မီးအားျမွင့္စက္ အပူလြန္ကဲၿပီး စာသင္ၾကားတဲ့ ကေလးငယ္ ၁၃ ဦးေသဆံုးခဲ့တာလည္းရွိပါတယ္။ အခုႏွစ္ ေဖေဖာ္၀ါရီလမွာေတာ့ မႏၱေလး ေဂါ၀န္ဆိပ္အနီးမွာ အလုပ္သမား တန္းလ်ားမီးေလာင္ၿပီး ကေလးငယ္ ၂ ဦး ေသဆံုးခဲ့ပါေသးတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မန္တလေးမြို့အလှပြင်ဆိုင်မီးလောင် လူ ၅ ဦးသေဆုံး

မန္တလေးမြို့မှာ အလှပြင်ဆိုင် မီးလောင်ရာက ကလေးငယ်တဦးပါအဝင် လူ ၅ ဦးသေဆုံးခဲ့တဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က ပြောပြပါမယ်။

မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်မှာ ဒီကနေ့ မနက်အစောပိုင်းက ၈၆x၈၇ လမ်းကြားက လင်းလဲ့ဖြူ အလှပြင်ဆိုင်မီးလောင်ခဲ့တာပါ။

မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ မန္တလေးတိုင်း မီးသတ်တပ်ဖွဲ့ ဒုတိယတိုင်းဦးစီးမှူး ဦးဌေးဝင်းက အခုလို ရှင်းပြပါတယ်။

“အထဲက မီးတွေသုံးထားတာ အဲကွန်းတို့ ဆိုင်းဘုတ်မီးတို့ သုံးထားတဲ့ဟာ ရှိတာပေါ့။ ခလုတ်ကနေပြီးတော့ မီးအားဆောင့်ပြီးတော့ မီးပြန်လာတာကို မသိဘဲ အပေါ်မှာ သူတို့အိပ်ပျော်နေတယ်ထင်တယ်။ အဲ့ကနေ မီးပွားကျပြီးတော့ ဆိုဖာပေါ်ကူးတယ်။ ဆိုဖာက တငွေ့ငွေ့လောင်ပြီးတော့ ဆိုဖာနဲ့ အတူကပ်ပြီး ရပ်ထားတဲ့ ဆိုင်ကယ်ရှိတယ်။ ဆိုင်ကယ်ရဲ့ ပိုက်တွေပါ လောင်ထားတဲ့ အခါကျတော့ ဆိုင်ကယ်ထဲက ဓာတ်ဆီကလည်း အောက်ကျပြီး အောက်မှာ ပြန့်ကျဲပြီး မီးက ကူးစက်သွားတာပေါ့။"

မီးေလာင္မႈအတြင္း ကူညီေပးခဲ့တဲ့ မီးသတ္တပ္ဖြဲ႔၀င္မ်ား။ (ေအာက္တိုဘာ ၁၄၊ ၂၀၂၀)
မီးေလာင္မႈအတြင္း ကူညီေပးခဲ့တဲ့ မီးသတ္တပ္ဖြဲ႔၀င္မ်ား။ (ေအာက္တိုဘာ ၁၄၊ ၂၀၂၀)

မီးလောင်ကျွမ်းမှုဟာ မိနစ် ၂၀ သာကြာမြင့်ပြီး အချိန်မီ ငြိမ်းသတ်နိုင်ပေမဲ့ အိပ်ချိန်ဖြစ်နေတာကြောင့် မီးခိုးမွှန်ပြီး ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီး ၅ ဦး သေဆုံးခဲ့တယ်လို့ ဒုတိယတိုင်း ဦးစီးမှူး ဦးဌေးဝင်းကပြောပါတယ်။

“မီးခိုးငွေ့က အပေါ်ထပ်ကို တက်သွားပြီးတော့ သူတို့လည်း မီးခိုးမွှန်လို့ မီးခိုးနံ့ရလို့ နိုးတဲ့အချိန်မှာ ပြေးတော့ ပြေးလိုက်သေးတယ်။ အလယ်လောက်မှာ မီးခိုးမွှန်ပြီး လဲကုန်တာပေါ့။ အခန်းက လုံတဲ့အခါကျတော့ မီးခိုးက အထဲမှာ လှိုက်လောင်နေတော့ မီးခိုးမွှန်ပြီး သူတို့ကသေတယ်။ သူတို့ကထွက်ပြေးရမယ့် အပေါက်တွေကို သံပန်းတွေနဲ့ အသေပိတ်ထားတော့ ပြေးစရာလမ်းမရှိဘူးပေါ့။ မီးကတော့ ခန္ဓာကိုယ်တွေ လောင်ထားတာတော့ မရှိပါဘူး။”

၂၀၁၃ ခုနှစ်ကလည်း အခုလိုမီးခိုးမွှန်ပြီး ရန်ကုန်မြို့ ၄၈ လမ်း အစ္စလာမ် စာသင်ကျောင်းမှာ မီးအားမြှင့်စက် အပူလွန်ကဲပြီး စာသင်ကြားတဲ့ ကလေးငယ် ၁၃ ဦးသေဆုံးခဲ့တာလည်းရှိပါတယ်။ အခုနှစ် ဖေဖော်ဝါရီလမှာတော့ မန္တလေး ဂေါဝန်ဆိပ်အနီးမှာ အလုပ်သမား တန်းလျားမီးလောင်ပြီး ကလေးငယ် ၂ ဦး သေဆုံးခဲ့ပါသေးတယ်။

XS
SM
MD
LG