သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးနှင့်ဆေးပစ္စည်း ဈေးနှုန်း ထိန်းချုပ်ရေး စစ်ကောင်စီအားထုတ်မှု


covid third wave in Myanmar
covid third wave in Myanmar

{{Zawgyi/Unicode}}

ကိုဗစ်တတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ဆေးနဲ့ဆေးပစ္စည်းတွေ ရှားပါးနေသလို ဈေးတင်ရောင်းတာတွေလည်း ရှိနေပါတယ်။ စစ်ကောင်စီကတော့ ဈေးနှုန်းတွေကို ကွင်းဆင်းစစ်ဆေးဖို့ စီစဉ်နေပြီး ဈေးကစားတာပေါ်ပေါက်ရင် ထောင်ဒဏ် ၃ နှစ်ထိချနိုင်တဲ့ ဥပဒေနဲ့ အရေးယူမယ်လို့ တာဝန်ရှိသူတဦးက ဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပါမယ်။

ကပ်ရောဂါကာလတွင်းဆေးနဲ့ ဆက်စပ်ပစ္စည်းတွေပြတ်လတ်တာ ဈေးတင်ရောင်းကာ ဈေးကစားတဲ့ အခြေအနေတွေ ကို ပြည်သူတွေရင်ဆိုင်နေရချိန် စစ်အုပ်ချုပ်ရေးကောင်စီဘက်က ဈေးကစားသူတွေ ကို လိုက်လံစီစစ်ဖို့ ပြင်နေတယ်လို့ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးမြင့်ချိုက ပြောဆိုလိုက်တာပါ။ဈေကွက်အတွင်းဈေးကစား တာကို အရေးယူကြပ်မတ်ဖို့လုပ်နေပြီး စစ်ဆေး တွေ့ရှိရင် အမြင့်ဆုံး ပြစ်ဒဏ် ၃နှစ်အထိချမှတ်မယ်လို့ ဆို ပါတယ်။

"ဒီစားသုံးသူရေးရာဦးစီးဌာနက အဖွဲ့ခေါင်းဆောင်ပေါ့လေ။ ပြီးတော့ FDA နဲ့စည်ပင်နဲ့ ပူးပေါင်းပြီးတော့ ဈေးကွက်ထဲမှာရှိတဲ့ ဆေးဆိုင်တွေရဲ့ဈေးနှုန်းတွေကို ကျနော်တို့ကွင်းဆင်းပြီးတော့ စီစစ်ဖို့စလုပ်နေပါပြီ။ အရင်ဆုံးတော့တိုင်းစီမံအုပ်ချုပ်သူတွေရဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ ရန်ကုန်တင်မဟုတ်ဘူး ဆေးဝါးအသုံးများတဲ့ နေရာတွေ ဒေသတွေအကုန်လုံးမှာ ကျနော်တို့ အဖွဲ့တွေဖွဲ့ပြီးတော့ ဈေးကွက်တွင်းဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးဖြစ်ဖို့စီစဉ်နေပါတယ်။ ဈေးမကစားဖို့ တားမြစ်အမိန့်တွေထုတ် ထားပြီးဖြစ်ပါတယ်။ ဈေးကစားတာကိုစီစစ်ပေါ်ပေါက်ရင်တော့ အရေးကြီးကုန်စည်ဥပဒေအရ စိစစ်အရေးယူမှာပါ။ တားမြစ်အမိန့်မလိုက်နာရင် အမြင့်ဆုံးပြစ်ဒဏ်ထောင်ဒဏ် ၃နှစ်ချမှာပါခင်ဗျာ။ ကျန်တာကတော့သူ့ကျူးလွန်တဲ့ အခြေအနေအရ ဒဏ်ငွေလဲရှိနိုင်ပါတယ်"

မြန်မာနိုင်ငံမှာ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းများလိုအပ်မှု ၉၀% ကို ပြည်ပနိုင်ငံတွေက မှာရတာဖြစ်ပြီး တင်သွင်းမှုစုစုပေါင်းရဲ့ ထက်ဝက်နီးပါးက အိန္ဒိယနိုင်ငံက ဖြစ်ပါတယ်။ လတ်တလောမှာ အိန္ဒိယနိုင်ငံ ကိုဗစ်ကူးစက်မှုဒဏ်ကို အကြီးအကျယ်ခံနေရတာမို့ တင်သွင်းမှုပြတ်လတ်တာတွေကြောင့် ဆေးတွေ ပြတ်လတ်မှု ဖြစ်ရတာလည်းရှိတယ်လို့ မြန်မာနိုင်ငံဆေး၊ ဆေးပစ္စည်းကုန်သည်များနဲ့ လုပ်ငန်းရှင် တွေကပြောပါတယ်။ဒါတွေအပြင် ပြည်အတွင်း ဆေးဝါးပြတ်လပ်မှုအတွက် စိုးရိမ်စရာ အခြေအနေမှာ ဆေးဝါးတွေ တနိုင်ဝယ်ယူသိုလှောင်ထားတာတွေရှိသလို လက်ကားရောင်းဝယ်သူတချို့ကလည်း အခြေအနေပေါ်မူတည်ကာ ဈေးကစားတာတွေလည်းရှိနေပြန်တာပါ။

လက်လီဈေးဆိုင်လေးတခုကို ပိုင်ထားတဲ့ မယဉ်ယဉ်ကတော့ လက်ရှိ ဆေးတွေဈေးတက်တဲ့ အခြေ အနေတွေနဲ့ပတ်သတ်လို့ လတ်တလော ဈေးကွက်တွင်းကြုံနေရတဲ့ အပိုင်းကိုသူက အခုလိုရှင်းပြပါတယ်။

"ဘာလို့ဆေးတွေဝယ်ရကြပ်လဲဆိုတော့ ကုမ္ပဏီတော်တော်များများပိတ်တယ်။ ဝန်ထမ်းတွေမှာကိုဗစ် လက္ခဏာရှိတော့ ကုမ္ပဏီတွေတော်တော်များများပိတ်တယ်။ ဝယ်လိုအားအရမ်းများပြီးတော့ တကယ်ထုတ်တဲ့ နေရာတွေကမထုတ်နိုင်တော့ ပစ္စည်းတွေကပြတ်တာပေါ့နော်။ တချို့ကျတော့ စိုးရိမ်ပူပန်ပြီးတော့ဆောင်ကြတာကို။ မင်္ဂလာဈေးမှာကျတော့တချို့ဆိုင်တွေကလှောင်ထားတယ်ပေါ့။ ကုမ္ပဏီ တွေပိတ်တယ်။ အောက်က ဝယ်လိုအားတက်လာတော့ ဈေးကစားတယ်။ တချို့ကုမ္ပဏီတွေကတော့ ဖွင့်ပေးထားတယ်။ ၁၀ ခုမှာ ၂ ခုလောက်ပဲဖွင့်ပေးတဲ့ သဘောတရားကြောင့်ကို ဆေးတွေကပြတ်ကုန် တာပေါ့။ အဓိကကကုမ္ပဏီတွေပိတ်တာပါတယ်။ ပြီးတော့ဈေးပေါ်က အဓိကလက်ကားရောင်းတဲ့ ဆိုင် ကြီးတွေ ဈေးကစားတာကြောင့်လဲပါတယ်အမ"

လူအများသုံးနေတဲ့ ဆေးဝါးတချို့ဖြစ်တဲ့ ပါရာစီတမော၊ ချွဲပျော်ဆေးနဲ့ချောင်းဆိုးပျောက်ဆေး ပိုးသတ်ဈေးတွေဟာ ပြတ်လတ်မှုတွေဖြစ်နေသလို ဈေးနှုန်းမြင့်တက်တာတွေကြောင့် ဝယ်ယူဖို့ အခက်အခဲတွေနဲ့လည်းရင်ဆိုင်နေရပါတယ်။

ကိုဗစ်ရောဂါကူးစက်ခံနေရသူတဦးကတော့ မိဘတွေပါကူးစက်ခံထားရသလို ရောဂါအခံရှိတဲ့ ဖခင်အတွက်ဆေးရှာရတဲ့ အခက်အခဲအပြင် ဈေးမတန်တဆ ပေးဝယ်ယူနေရတာ ကြောင့် အခက်အခဲ တွေရှိနေရတယ်လို့ ပြောပါတယ်။

"ပါရာတို့ဘာတို့ဆို ဝယ်လို့တောင်မရဘူး။ အဖေကဆီးချိုသွေးချိုရှိတော့ သွေးကျဲဆေးထိုးရတယ်ဗျာ။ သွေးကျဲဆေးဆိုတာလိုက်ဝယ်လို့မရဘူး။ ဆိုင်တွေကလည်းဈေးတင်တာဗျာ ၃၊ ၄ဆလောက်ရှိတယ်။ ဘာမှမဟုတ်တဲ့ချွဲပျော်ဆေးတောင် ၃ဆလောက်တက်တယ်။ ကျနော်ဆိုသာမန်ဝင်ငွေရတဲ့သူမတတ်နိုင် ဘူး။ အခြေခံလူတန်းစားတော့ပြောမနေနဲ့ ဘယ်သူကဘယ်လိုဈေးကစားနေလဲမသိဘူး။ သေချာတာတ ခုက ဆေးတွေ အကုန် ၃၊ ၄ဆလောက်ဈေးတက်တယ်။ ဝယ်လို့လည်းမရဘူး။ ဈေးတလုံးတလုံးကတခါမှမကြားဖူးတဲ့ ဈေးနဲ့ဝယ်ထိုးနေရတယ်။ ကိုယ့်မိဘဆိုတော့ အသေမခံနိုင်တော့လိုက်ရှာဝယ်။ တရက်ထဲလည်းမရဘူး။ တနေရာထဲလည်းအဲဆေးတွေကမရဘူး။ ရတဲ့နေရာကျတော့လည်းဈေးတွေ ကအရမ်းမြင့် ၃၊ ၄ဆလောက်။ ခေါ်ချင်သလိုခေါ်ရောင်းချင်သလိုရောင်းနေတာ"

တဘက်မှာလည်းဆေးပြတ်လတ်မှုမဖြစ်အောင် အလွယ်တကူတင်သွင်းနိုင်ရေးနဲ့ ပြည်တွင်းထုတ်လုပ်နိုင်ရေးကိုလည်း တိုးမြင့်လုပ်ဆောင်ဖို့ စီစဉ်ထားပြီး ဆေးဝါးတင်သွင်းမှုအတွက် ကြန့်ကြာမရှိအောင် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေဖြေလျော့မှုတွေလုပ်နေတယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။

...............................................

တိုက်ရိုက် လင့်ခ်

{{Unicode}}











XS
SM
MD
LG