သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖရိကကနေ ဥရောပကို လူမှောင်ခိုသွင်းသူ ဗြိတိန်ဖမ်းဆီ


Europe Africa Migrants
Europe Africa Migrants

အာဖရိက မြောက်ပိုင်းဒေသကနေ ဥရောပကို အန္တရာယ်ကြီးတဲ့ မြေထဲပင်လယ်ကနေ ကျော်ဖြတ်ပြီး လူမှောင်ခိုသွင်းရာမှာ စီစဉ်သူအဖြစ် အသက် ၄၀ အရွယ် အီဂျစ်နိုင်ငံသား Ahmed Ramadan Mohamad Eibd ကို နိုင်ငံတကာပါဝင်တဲ့ စုံစမ်းစစ်ဆေးမှုအပြီးမှာ ဖမ်းဆီးလိုက်ကြောင်း ဗြိတိရဲတွေက စနေနေ့မှာ ပြောပါတယ်။

အာဖရိကကနေ ဥရောပကို လူမှောင်ခိုသွင်းသူ ဗြိတိန်ဖမ်းဆီ

အာဖရိက မြောက်ပိုင်းဒေသကနေ ဥရောပကို အန္တရာယ်ကြီးတဲ့ မြေထဲပင်လယ်ကနေ ကျော်ဖြတ်ပြီး လူမှောင်ခိုသွင်းရာမှာ စီစဉ်သူအဖြစ် အသက် ၄၀ အရွယ် အီဂျစ်နိုင်ငံသား Ahmed Ramadan Mohamad Eibd ကို နိုင်ငံတကာပါဝင်တဲ့ စုံစမ်းစစ်ဆေးမှုအပြီးမှာ ဖမ်းဆီးလိုက်ကြောင်း ဗြိတိရဲတွေက စနေနေ့မှာ ပြောပါတယ်။

မိုဟာမက် အိဒ် ကို သူ့ရဲ့ လန်ဒန်အနောက်ပိုင်းက နေအိမ်အနီးမှာ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်း ဗြိတိန်အမျိုးသားရာဇဝတ်မှုခင်း ဆိုင်ရာ အေဂျင်စီ NCA အရာရှိတွေက ပြောပါတယ်။ သူ့ကို လူကုန်ကူးမှုနဲ့ တရားစွဲဆိုခဲ့ပြီး စနေနေ့မှာတော့ လန်ဒန်အနောက်ပိုင်းတရားရုံးမှာ ရုံးထုတ်ပါတယ်။

နောက်ရုံးချိန်းအဖြစ် ဇူလိုင်လ ၂၄ ရက်မှာ လန်ဒန်တောင်ပိုင်း Southwark Crown ကို လာဖို့ ဆင့်ခေါ်ထားပြီး အဲဒီအချိန်အထိ သူ့ကို ထိန်းသိမ်းထားဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။

သူဟာ လစ်ဗျားကနေ အီတလီကို မြေထဲပင်လယ်ကို ဖြတ်ပြီး လူထောင်ပေါင်းများစွာကို မှောင်ခို ခိုးထုတ်ဖို့ သူ့ရဲ့ ဗြိတိန်နေအိမ်ကနေ စီစဉ်ခဲ့တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သူဟာ အာဖရိက မြောက်ပိုင်းကနေ တကြိမ်ကို လူပေါင်းရာချီသယ်နိုင်တဲ့ လှေတွေကို စီစဉ်ပေးတဲ့ ကွန်ယက်အဖွဲ့တွေနဲ့ လက်တွဲဆောင်ရွက်နေတာ ဖြစ်ကြောင်းလည်း NCA က ပြောပါတယ်။ အခုလို လူကုန်ကူးခံရသူတွေရဲ့ လှေတွေကို အီတလီအာဏာပိုင်တွေက ရှာဖွေဖေါ်ထုတ်နေရသလို ရေထဲမှာ ဒုက္ခရောက်နေသူတွေကို အကြိမ်ကြိမ် ကယ်ဆယ်ပေးခဲ့ရတယ်လို့ လည်း ပြောပါတယ်။ အခုလို လူကုန်ကူးနေတာဟာ နိုင်ငံတကာ ပြဿနာတခု ဖြစ်လာနေပြီး ဒါကို နှိမ်နင်းဖို့ နိုင်ငံတကာနဲ့ လက်တွဲ ကြိုးစားနေကြောင်းလည်း ပြောပါတယ်။

XS
SM
MD
LG