သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘောလုံးသမား Messi အခွန်ရှောင်မှုနဲ့ ဆိုင်းငံ့ထောင်ဒဏ် ၂၁ လ အပြစ်ပေးခံရ


ဘောလုံးသမား Messi နှင့် ဖခင် Jorge Horacio Messi
ဘောလုံးသမား Messi နှင့် ဖခင် Jorge Horacio Messi

အာဂျင်တီးနား ဘောလုံးအသင်းခေါင်းဆောင်နဲ့ Barcelona အသင်းတိုက်စစ်မှူး Lionel Messi နဲ့ ဖခင်ဖြစ်သူ Jorge တို့အပေါ် အခွန်ရှောင်မှုအတွက် အပြစ်ရှိတယ်ဆိုပြီး ဆိုင်းငံ့ထောင်ဒဏ် ၂၁ လနဲ့ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၄.၁ သန်းပေးဆောင်ဖို့ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့၊ တရားရုံးတခုကနေ ဒီကနေ့ အမိန့်ချမှတ်လိုက်ပါတယ်။

စပိန်နိုင်ငံမှာ ပထမဆုံးအကြိမ်ကျူးလွန်တဲ့၊ အကြမ်းပတမ်းလုပ်တာမဟုတ်တဲ့ ပြစ်မှုတွေအတွက် ထောင်ဒဏ် ၂ နှစ်အောက် ချမှတ်ခံရတယ်ဆိုရင် ဆိုင်းငံ့ထောင်ဒဏ်သာဖြစ်တာမို့ သူတို့နှစ်ယောက်စလုံး ထောင်ထဲသွားရမယ့်ပုံတော့ မရှိပါဘူး။

ဒီပြစ်ဒဏ်နဲ့ပတ်သက်လို့ စပိန် တရားရုံးချုပ်ကနေတဆင့် အယူခံဝင်လိုက ဝင်နိုင်တဲ့အကြောင်းလည်း တရားရုံး ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၀၇ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ မက်ဆီရဲ့ရုပ်ပုံတွေကို အသုံးပြုခွင့်ကနေရတဲ့ မက်ဆီ့ဝင်ငွေတွေအတွက် စပိန်နိုင်ငံကို ပေး ဆောင်ရမယ့် အခွန်ငွေ ဒေါ်လာ ၄ သန်းခွဲလောက်ကို အခွန်ရှောင်ခဲ့မှုအတွက် မက်ဆီနဲ့ သူ့ဖခင်တို့မှာ အပြစ်ရှိတယ်ဆိုပြီး တရား ရုံးက ဆုံးဖြတ်တာပါ။

မက်ဆီကတော့ သူဟာ ဘောလုံးကစားတာကိုပဲ လုပ်သူဖြစ်ပြီး သူ့ရဲ့ ဝင်ငွေကိစ္စတွေကို စီမံခန့်ခွဲတာနဲ့ပတ်သက်လို့ ဘာတခုမှ မသိခဲ့ဘူးလို့ ထုချေ လျှောက်လဲခဲ့ပါသေးတယ်။

ဘောလုံးသမား Messi အခွန်ရှောင်မှုနဲ့ ဆိုင်းငံ့ထောင်ဒဏ် ၂၁ လ အပြစ်ပေးခံရ
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG