လူအခြင္႔အေရးမင္းႀကီးရဲ႕ တရုတ္ခရီးစဥ္ တက္ၾကြလႈပ္ရွားသူေတြ သံသယရွိ
{{Zawgyi/Unicode}}
လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီးရဲ႕ ခရီးစဥ္ကို တ႐ုတ္အာဏာပိုင္ေတြက ဝါဒျဖန္႔ဖို႔ အသုံးခ်မွာကို တက္ႂကြလႈပ္ရွားသူေတြ စိုးရိမ္ေနခ်ိန္မွာပဲ၊ လူ႔အခြင့္အေရးဟာ ဦးစားေပးကိစၥျဖစ္ေၾကာင္း မဟာမင္းႀကီး Michelle Bachelet ကေျပာၾကားလိုက္ပါတယ္။ ႏွစ္ေပါင္း ၁၇ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ လူ႔အခြင့္အေရး မဟာမင္းႀကီး တဦးရဲ႕ တ႐ုတ္ျပည္ ခရီးစဥ္မွာ လူ႔အခြင့္အေရး ကိစၥေတြကို တ႐ုတ္အစိုးရနဲ႔ တိုက္႐ိုက္ေဆြးေႏြးဖို႔ ရည္ရြယ္ထားေၾကာင္းလည္း ေျပာဆိုခဲ့တာပါ။
“လူ႔အခြင့္အေရး ကိစၥဟာ အဓိကေနရာမွာ ရွိရမွာျဖစ္ပါတယ္။” လို႔ ဗုဒၶဟူးေန႔ တ႐ုတ္သမၼတ Xi Jinping နဲ႔ အြန္လိုင္းေတြ႕ဆုံရာမွာ မဟာမင္းႀကီး ေျပာဆိုသြားတာပါ။ Amnesty International အပါအ၀င္ ႏိုင္ငံတကာ လူ႔အခြင့္အေရးအဖဲြ႕ေတြကေတာ့ တ႐ုတ္ႏိုင္ငံက ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ Xinjiang ေဒသမွာ အမ်ားစု ေနထိုင္ၾကတဲ့ ဝီဂါမြတ္ဆလင္ေတြအေပၚ ႀကီးေလးတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ၊ လူသားထုအေပၚ က်ဳးလြန္တဲ့ ရာဇ၀တ္မႈေတြကို ေျဖရွင္းဖို႔ တိုက္တြန္းေနၾကပါတယ္။
မဟာမင္းႀကီး႐ုံးကေတာ့ တ႐ုတ္သမၼတ အပါအ၀င္ အစိုးရတာ၀န္ရွိသူေတြနဲ႔ ေတြ႕ဆုံမႈဟာ တ႐ုတ္ႏိုင္ငံနဲ႔ ႏိုင္ငံတကာက စိုးရိမ္ေနတာေတြ၊ လူ႔အခြင့္အေရး ကိစၥေတြကို တိုက္႐ိုက္ေဆြးေႏြးႏိုင္မယ့္ အခြင့္အလမ္းေကာင္း ျဖစ္ေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။
တ႐ုတ္ႏိုင္ငံျခားေရး ၀န္ႀကီးဌာနကလည္း မဟာမင္းႀကီးဟာ ခရီးစဥ္အတြင္း က႑ေပါင္းစုံက လူေတြနဲ႔ ေတြ႕ဆုံၿပီး အျမင္ေတြကို ဖလွယ္သြားမွာျဖစ္ေၾကာင္း ေျပာဆိုထားတာပါ။
ဝီဂါမြတ္ဆလင္ေတြအေပၚ လူမ်ဳိးတုန္းေအာင္ လုပ္ေနတယ္လို႔ စြပ္စဲြထားတဲ့ အေမရိကန္ အပါအ၀င္ အေနာက္ႏိုင္ငံ တခ်ဳိ႕ကေတာ့ လူ႔အခြင့္အေရး မဟာမင္းႀကီးရဲ႕ ခရီးစဥ္အေပၚ စိုးရိမ္တဲ့ သေဘာထားေတြ ေျပာဆိုထားၾကပါတယ္။
..................................................
လူအခွင့်အရေးမင်းကြီးရဲ့ တရုတ်ခရီးစဉ် တက်ကြွလှုပ်ရှားသူတွေ သံသယရှိ
{{Zawgyi/Unicode}}
လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရဲ့ ခရီးစဉ်ကို တရုတ်အာဏာပိုင်တွေက ဝါဒဖြန့်ဖို့ အသုံးချမှာကို တက်ကြွလှုပ်ရှားသူတွေ စိုးရိမ်နေချိန်မှာပဲ၊ လူ့အခွင့်အရေးဟာ ဦးစားပေးကိစ္စဖြစ်ကြောင်း မဟာမင်းကြီး Michelle Bachelet ကပြောကြားလိုက်ပါတယ်။ နှစ်ပေါင်း ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် လူ့အခွင့်အရေး မဟာမင်းကြီး တဦးရဲ့ တရုတ်ပြည် ခရီးစဉ်မှာ လူ့အခွင့်အရေး ကိစ္စတွေကို တရုတ်အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ရည်ရွယ်ထားကြောင်းလည်း ပြောဆိုခဲ့တာပါ။
“လူ့အခွင့်အရေး ကိစ္စဟာ အဓိကနေရာမှာ ရှိရမှာဖြစ်ပါတယ်။” လို့ ဗုဒ္ဓဟူးနေ့ တရုတ်သမ္မတ Xi Jinping နဲ့ အွန်လိုင်းတွေ့ဆုံရာမှာ မဟာမင်းကြီး ပြောဆိုသွားတာပါ။ Amnesty International အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကတော့ တရုတ်နိုင်ငံက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Xinjiang ဒေသမှာ အများစု နေထိုင်ကြတဲ့ ဝီဂါမွတ်ဆလင်တွေအပေါ် ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေကို ဖြေရှင်းဖို့ တိုက်တွန်းနေကြပါတယ်။
မဟာမင်းကြီးရုံးကတော့ တရုတ်သမ္မတ အပါအဝင် အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုဟာ တရုတ်နိုင်ငံနဲ့ နိုင်ငံတကာက စိုးရိမ်နေတာတွေ၊ လူ့အခွင့်အရေး ကိစ္စတွေကို တိုက်ရိုက်ဆွေးနွေးနိုင်မယ့် အခွင့်အလမ်းကောင်း ဖြစ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မဟာမင်းကြီးဟာ ခရီးစဉ်အတွင်း ကဏ္ဍပေါင်းစုံက လူတွေနဲ့ တွေ့ဆုံပြီး အမြင်တွေကို ဖလှယ်သွားမှာဖြစ်ကြောင်း ပြောဆိုထားတာပါ။
ဝီဂါမွတ်ဆလင်တွေအပေါ် လူမျိုးတုန်းအောင် လုပ်နေတယ်လို့ စွပ်စွဲထားတဲ့ အမေရိကန် အပါအဝင် အနောက်နိုင်ငံ တချို့ကတော့ လူ့အခွင့်အရေး မဟာမင်းကြီးရဲ့ ခရီးစဉ်အပေါ် စိုးရိမ်တဲ့ သဘောထားတွေ ပြောဆိုထားကြပါတယ်။