Zawgyi/Unicode
လူ႔အခြင့္ေရးမဟာမင္းႀကီး Michelle Bachelet တရုတ္ျပည္ ေရာက္ရွိ
ကုလသမဂၢ လူ႔အခြင့္ေရးမဟာမင္းႀကီး Michelle Bachelet ဟာ တ႐ုတ္ႏိုင္ငံကို တနလၤာေန႔မွာ ေရာက္သြားပါၿပီ။ ဒီခရီးစဥ္အတြင္း တ႐ုတ္အေနာက္ေျမာက္ပိုင္း ရွင္က်န္းေဒသတြင္း လူ႔အခြင့္ေရးခ်ိဳးေဖါက္မႈ ဆိုင္ရာ စြပ္စြဲမႈေတြနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးေျပာၾကားမယ္လို႔ ခန္႔မွန္းရပါတယ္။
သူ႔ရဲ႕ ၆ ရက္ခရီးစဥ္အတြင္း မဟာမင္းႀကီး Bachelet ဟာ ရွင္က်န္းေဒသ ၿမိဳ႕ေတာ္ Urumqi နဲ႔ Kashgar ၿမိဳ႕ေတြကို သြားေရာက္ဖို႔ရွိပါတယ္။ တ႐ုတ္အစိုးရဟာ ရွင္က်န္က တိုင္းရင္းသား Uyghurs မြတ္စလင္ ၁ သန္းကို ထိမ္းသိမ္းထားတာ ျဖစ္ၿပီး သူတို႔ဟာ လူ႔အခြင့္ေရးခ်ိဳးေဖါက္မႈ ခံရႏိုင္ဖြယ္ရွိတယ္လို႔ ကုလသမဂၢက စြပ္စြဲထားတာပါ။ တ႐ုတ္အစိုးရကေတာ့ ဒါကို ျငင္းဆိုခဲ့ပါတယ္။
အခုလို လူ႔အခြင့္ေရးမဟာမင္းႀကီးရဲ႕ ခရီးစဥ္က ရွင္က်န္းမွာ တ႐ုတ္စိုးရကေန ႏွိပ္စက္ၫွင္းပမ္းတာေတြ ျဖစ္လာႏိ္ုင္တယ္လို႔ လူ႔အခြင့္ေရးလႈပ္ရွားတဲ့ အဖြဲ႔ေတြက သတိေပးပါတယ္။
မဟာမင္းႀကီးရဲ႕ ဒီခရီးစဥ္မွာ သတင္းမီဒီယာသမားေတြ လိုက္ပါမွာ မဟုတ္သလို တ႐ုတ္အစိုးရ ထိန္းသိမ္းထားတဲ့ Uyghur မြတ္စလင္ ေတြဆီ သြားေရာက္ေတြ႕ဆံုခြင့္ ေပးမေပးလည္း သဲသဲကြဲကြဲ မသိရေသးပါဘူး။ တ႐ုတ္အစိုးရကေတာ့ ဒီထိန္းသိမ္းေရးစခန္းေတြကို ပညာေပးဌာနေတြ အျဖစ္ေခၚဆိုေနတာ ျဖစ္ၿပီး ေဒသတြင္း အၾကမ္းဖက္မႈေတြ ေလ်ာ့က်ေအာင္နဲ႔ တရားဥပေဒစိုးမိုးမႈ ရွိေစဖို႔ ဒါေတြကို ေအာင္ေအာင္ျမင္ျမင္ အသံုးခ်ေနတာ ျဖစ္ေၾကာင္း ေျပာပါတယ္။
တ႐ုတ္အစိုးရဟာ ရွင္က်န္းေဒသမွာရွိတဲ့ Uyghur ေတြ၊ Kazakh ေတြ နဲ႔ တျခား မြတ္စလင္လူနည္းစုေတြ ရဲ႕ ဘာသာေရးနဲ႔ ယဥ္ေက်းမႈ အသြင္ ေပ်ာက္ေအာင္ လုပ္ေဆာင္ေနတယ္လို႔ လူ႔အခြင့္ေရးအဖြဲ႔ေတြက ေျပာပါတယ္။
လူ႔အခြင့္ေရး မဟာမင္းႀကီး Bachelet ရဲ႕ဒီရီးစဥ္ဟာ ၂၀၀၅ ခုႏွစ္ကၿပီး ပထမဆံုးအႀကိမ္ အျဖစ္ ကုလသမဂၢ လူ႔အခြင့္ေရး မဟာမင္းႀကီး တဦး တ႐ုတ္ႏိုင္ငံကို သြားေရာက္ႏိုင္တဲ့ ခရီးစဥ္လည္း ျဖစ္ပါတယ္။
#
လူ့အခွင့်ရေးမဟာမင်းကြီး Michelle Bachelet တရုတ်ပြည် ရောက်ရှိ
ကုလသမဂ္ဂ လူ့အခွင့်ရေးမဟာမင်းကြီး Michelle Bachelet ဟာ တရုတ်နိုင်ငံကို တနင်္လာနေ့မှာ ရောက်သွားပါပြီ။ ဒီခရီးစဉ်အတွင်း တရုတ်အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသတွင်း လူ့အခွင့်ရေးချိုးဖေါက်မှု ဆိုင်ရာ စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောကြားမယ်လို့ ခန့်မှန်းရပါတယ်။
သူ့ရဲ့ ၆ ရက်ခရီးစဉ်အတွင်း မဟာမင်းကြီး Bachelet ဟာ ရှင်ကျန်းဒေသ မြို့တော် Urumqi နဲ့ Kashgar မြို့တွေကို သွားရောက်ဖို့ရှိပါတယ်။ တရုတ်အစိုးရဟာ ရှင်ကျန်က တိုင်းရင်းသား Uyghurs မွတ်စလင် ၁ သန်းကို ထိမ်းသိမ်းထားတာ ဖြစ်ပြီး သူတို့ဟာ လူ့အခွင့်ရေးချိုးဖေါက်မှု ခံရနိုင်ဖွယ်ရှိတယ်လို့ ကုလသမဂ္ဂက စွပ်စွဲထားတာပါ။ တရုတ်အစိုးရကတော့ ဒါကို ငြင်းဆိုခဲ့ပါတယ်။
အခုလို လူ့အခွင့်ရေးမဟာမင်းကြီးရဲ့ ခရီးစဉ်က ရှင်ကျန်းမှာ တရုတ်စိုးရကနေ နှိပ်စက်ညှင်းပမ်းတာတွေ ဖြစ်လာနိုင်တယ်လို့ လူ့အခွင့်ရေးလှုပ်ရှားတဲ့ အဖွဲ့တွေက သတိပေးပါတယ်။
မဟာမင်းကြီးရဲ့ ဒီခရီးစဉ်မှာ သတင်းမီဒီယာသမားတွေ လိုက်ပါမှာ မဟုတ်သလို တရုတ်အစိုးရ ထိန်းသိမ်းထားတဲ့ Uyghur မွတ်စလင် တွေဆီ သွားရောက်တွေ့ဆုံခွင့် ပေးမပေးလည်း သဲသဲကွဲကွဲ မသိရသေးပါဘူး။ တရုတ်အစိုးရကတော့ ဒီထိန်းသိမ်းရေးစခန်းတွေကို ပညာပေးဌာနတွေ အဖြစ်ခေါ်ဆိုနေတာ ဖြစ်ပြီး ဒေသတွင်း အကြမ်းဖက်မှုတွေ လျော့ကျအောင်နဲ့ တရားဥပဒေစိုးမိုးမှု ရှိစေဖို့ ဒါတွေကို အောင်အောင်မြင်မြင် အသုံးချနေတာ ဖြစ်ကြောင်း ပြောပါတယ်။
တရုတ်အစိုးရဟာ ရှင်ကျန်းဒေသမှာရှိတဲ့ Uyghur တွေ၊ Kazakh တွေ နဲ့ တခြား မွတ်စလင်လူနည်းစုတွေ ရဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှု အသွင် ပျောက်အောင် လုပ်ဆောင်နေတယ်လို့ လူ့အခွင့်ရေးအဖွဲ့တွေက ပြောပါတယ်။
လူ့အခွင့်ရေး မဟာမင်းကြီး Bachelet ရဲ့ဒီရီးစဉ်ဟာ ၂၀၀၅ ခုနှစ်ကပြီး ပထမဆုံးအကြိမ် အဖြစ် ကုလသမဂ္ဂ လူ့အခွင့်ရေး မဟာမင်းကြီး တဦး တရုတ်နိုင်ငံကို သွားရောက်နိုင်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။