သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရဲ့ ပြည်ဝင်ခွင့် ကန့်သတ်မှု တရုတ်အလားတူ တုံံ့ပြန်မည်


UKRAINE-CRISIS/CHINA-CITIZENS (ယခင်မှတ်တမ်းဓါတ်ပုံ)
UKRAINE-CRISIS/CHINA-CITIZENS (ယခင်မှတ်တမ်းဓါတ်ပုံ)

တရုတ်အရာရှိတွေအတွက် အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာကန့်သတ်မှုတွေ လုပ်တာကို လက်တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန်အရာရှိတွေအပေါ် ဗီဇာကန့်သတ်မှုတွေလုပ်မှာ ဖြစ်ကြောင်း တရုတ်အစိုးရက ကြာသပတေးနေ့မှာ ပြောပါတယ်။

အမေရိကန်ရဲ့ ပြည်ဝင်ခွင့် ကန့်သတ်မှု တရုတ်အလားတူ တုံံ့ပြန်မည်

{{Zawgyi/Unicode}}
တရုတ်အရာရှိတွေအတွက် အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာကန့်သတ်မှုတွေ လုပ်တာကို လက်တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန်အရာရှိတွေအပေါ် ဗီဇာကန့်သတ်မှုတွေလုပ်မှာ ဖြစ်ကြောင်း တရုတ်အစိုးရက ကြာသပတေးနေ့မှာ ပြောပါတယ်။

အမေရိကန်က တရုတ်အရာရှိတွေကို ဖိနှိပ်ပြီး တရုတ်ရဲ့ပုံရိပ်ကိုထိခိုက်စေကာ တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ လိမ်လည်ပြီး အကြောင်းပြနေတာ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Wang Wenbin က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။ ဒါ့အပြင် ဒါဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖေါက်တာ ဖြစ်ပြီး တရုတ်အစိုးရက အခိုင်အမာကန့်ကွက်ကြောင်းလည်း ပြောပါတယ်။

အခု အရေးယူမယ့်သူတွေဟာ တရုတ်အစိုးရရဲ့ လူ့အခွင့်ရေးဆိုင်ရာအတွက် လိမ်လည်ပြောဆိုခဲ့သူတွေ ဖြစ်ကြောင်း Wang က ပြောပေမယ့် ဘယ် အမေရိကန်အရာရှိတွေ ဆိုတာကိုတော့ ထုတ်မပြောပါဘူး။

တရုတ်နိုင်ငံမှာ တိုင်းရင်းသားနဲ့ ဘာသာရေး ဆိုင်ရာ လူနည်းစုတွေ အပေါ်ဖိနှိပ်မှုတွေလုပ်ခဲ့တဲ့ တရုတ်အရာရှိတွေကို ဗီဇာကန့်သတ်ကြောင်း ဒီလအစောပိုင်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြေညာခဲ့တာ ဖြစ်ပါတယ်။

အခုလို တရုတ်အရာရှိတွေအပေါ် ဗီဇာကန့်သတ်မှုကို ပြန်ရုတ်သိမ်းပေးဖို့ ဒီလအစောပိုင်းမှာပဲ Wang ကတောင်းဆိုခဲ့သလို မရုတ်သိမ်းရင် အလားတူတုံ့ပြန်အရေးယူမှာ ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

တရုတ်အစိုးရဟာ နိုင်ငံ့အနောက်ပိုင်း ရှင်ကျန်းပြည်နယ်ထဲက မူစလင် လူနည်းစု ဝှီဂါ တွေကို genocide လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်နေတယ်လို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စွပ်စွဲထားတာပါ။ တရုတ်အစိုးရကတော့ ဒီစွပ်စွဲမှုကို ငြင်းဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

....................................................


{{Zawgyi/Unicode}}






XS
SM
MD
LG