သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆောင်းရာသီ အိုလံပစ်ပွဲ တရုတ်မှာ မကျင်းပဖို့ လူ့အခွင့်အရေးအဖွဲ့တွေတောင်းဆို


(Zawgyi /Unicode)

တရုတ်ပြည်ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကြောင့် နောင်နှစ်ဆောင်းရာသီ အိုလံပစ် ကစားပွဲကို တရုတ်ပြည်မှာမကျင်းပဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကကန့်ကွက်တောင်းဆိုနေကြပါတယ်။

တရုတ်ပြည်မှာ ဝီဂါ မူဆလင်တွေအပါအဝင် လူနည်းစု မွတ်ဆလင်တွေအပေါ်မှာ လူမျိုးတုန်းသတ်ဖြတ်မှု၊ လူအခွင့်အရေး ချိုးဖေါက်မှုတွေကို မရပ်တန့်ဘူးဆိုရင် နိုင်ငံတကာ အိုလံပစ်ကော်မတီ အနေနဲ့ တရုတ်ပြည်မှာ အိုလံပစ် အာကစားပွဲတွေ ကျင်းပတာကို ရွှေ့ဆိုင်းထားဖို့၊ ဒါမှမဟုတ်အခြား နိုင်ငံတနိုင်ငံမှာ ပြောင်းရွှေ့ ကျင်းပဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက တောင်းဆိုထားတာပါ။

တရုတ်ပြည်မှာ ဝီဂါ မွတ်ဆလင် တသန်းလောက်ကို အကျဉ်းစခန်းတွေမှာ ဖမ်းဆီးထားပြီး တချို့ကို ညှဉ်းပန်းနှိပ်စက်တာ၊ အတင်းအကြပ်သားကြောဖြတ်စေတာ၊ အဓမ္မအလုပ်စေခိုင်းတာ စတာတွေ ကျူးလွန်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲထားပါတယ်။

ဒါ့အပြင် ဟောင်ကောင်က ဆန္ဒပြသမားတွေကို အကြမ်းဖက်နှိမ်နင်းတာတွေ၊ ထိုင်ဝမ်နဲ့ တိဗက် ဒေသ တွေအပေါ်ထားတဲ့ တရုတ်ရဲ့ မူဝါဒတွေ စတာတွေနဲ့ပတ်သက်ပြီးတော့လည်း နိုင်ငံတကာရဲ့ ပြစ်တင် ဝေဖန်မှုတွေကိုလည်း တရုတ်က ခံနေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း ဂရိနိုင်ငံမှာ အိုလံပစ်မီးရှူးတိုင် မီးထွန်းညှိတဲ့အခန်းကို ဆန္ဒပြသမား ၃ ဦးက တိဗက်အလံတွေ ကိုင်ဆောင်ပြီး လူမျိုးတုန်းသတ်ဖြတ်တဲ့ ကစားပွဲ အလိုမရှိလို့ ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံတကာ အိုလံပစ်ကော်မတီ ဥက္ကဌကတော့ အိုလံပစ် အားကစားပွဲကို နိုင်ငံရေးနဲ့ မရောယှက်ဖို့ ပြောဆိုခဲ့ပါတယ်။

ဂရိနိုင်ငံမှာ အင်္ဂါနေ့က လွဲပြောင်းပေးခဲ့တဲ အိုလံပစ်မီးရှူးတိုင်ဟာ တရုတ်ပြည်ကို ဗုဒ္ဓဟူးနေ့မှာရောက် ရှိမှာဖြစ်ပါတယ်။ ဆောင်းရာသီအိုလံပစ်ကစားပွဲကိုတော့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီ ၄ ရက်နေ့ မှာ စတင်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)









XS
SM
MD
LG