သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရဲ့ အိုလံပစ် ချန်ပီယံ Chopra ကို ငွေပုံအော ဆုချဖို့ ပြည်နယ် အစိုးရတွေ ကတိပြု


(Zawgyi/ Unicode)

ဂျပန်နိုင်ငံ တိုကျိုမှာ ကျင်းပတဲ့ ၂၀၂၀ အိုလံပစ်ပွဲတော်မှာ အိန္ဒိယနိုင်ငံသား Neeraj Chopra ဟာ အိန္ဒိယနိုင်ငံ အတွက် ပထမဆုံး အိုလံပစ် ရွေတံဆိပ်ဆုကို ဆွတ်ခူးပေးခဲ့ပါတယ်။

လယ်သမားတဦးရဲ့ သားဖြစ်သူ အသက် ၂၃ နှစ်အရွယ် Chopra ဟာ စနေနေ့ ဗိုလ်လုပွဲမှာ ၈၇ ဒသမ ၅၈ မီတာအကွာ အထိ လှံတံပစ်ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်တဲ့အတွက် အိန္ဒိယကုမ္ပဏီတွေနဲ့ ပြည်နယ်အစိုးရတွေ ကတိပေးထားတဲ့ အမေရိကန် ဒေါ်လာ ၂ သန်းကျော်တန်တဲ့ ငွေသားနဲ့ လက်ဆောင်ပစ္စည်းတွေ ရှရှိတော့မှာ ဖြစ်ပါတယ်။

သူဟာ ရွှေတံဆိပ်တခု၊ ငွေတံဆိပ် ၂ ခုနဲ့ ကြေးတံဆိပ် ၄ ခု ရခဲ့တဲ့ အိန္ဒိယရဲ့ အအောင်မြင်ဆုံး အားကစားသမား တယောက် ဖြစ်ပါတယ်။

သူ့အတွက် သူ့ဇာတိ Haryana ပြည်နယ် အစိုးရက ဒေါ်လာ ၈ သိန်းနဲ့ ညီတဲ့ ရူပီငွေ သန်း ၆၀ ပေးမှာ ဖြစ်သလို တခြားပြည်နယ် အစိုးရတွေကလည်း ဒေါ်လာ ၄ သိန်း ပေးမယ့်အပြင် ပညာရေးကုမ္ပဏီတခုက ဒေါ်လာ ၂၇၀ ၀၀၀ ပေးဖို့ ကတိပေးထားတာပါ။ အိုလံပစ်မှာ ရွှေတံဆိပ်ရသူကို တခြားကုမ္ပဏီတွေကလည်း အခမဲ့လေယာဉ်စီးခွင့်၊ ဇိမ်ခံကားတွေနဲ့ ငွေသားတွေ ပေးမယ်လို့ ကတိပေးထားကြတာကြောင့် သူဟာ အိန္ဒိယကို ပြန်တဲ့အခါ ဒေါ်လာ ၂ သန်းကျော်လောက် ဆုချတာ ခံရနိုင်ပါတယ်။

ဂျာမဏီက လှံတံပစ်သမား Johannes Vetter ဟာ အိုလံပစ်ပြိုင်ပွဲ မတိုင်ခင်က ၉၆ ဒသမ ၂၉ မီတာအကွာအထိ ပစ်နိုင်ခဲ့ပေမယ့် ပြိုင်ပွဲမှာတော့ အဲဒီလောက်ဝေးအောင် မပစ်နိုင်ခဲ့ပါဘူး။ Chopra ကတော့ သူဟာ မီတာ ၉၀ လောက်အထိ ပစ်နိုင်ဖို့ ကြိုးစားမယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)

အိန်ဒိယရဲ့ အိုလံပဈ ခနြျပီယံ Chopra ကို ငှပေုံအော ဆုခဖြို့ ပွညျနယျ အစိုးရတှေ ကတိပွု






XS
SM
MD
LG